http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Jan 2013

ထိုင်းနယ်စပ် ဒုက္ခသည်များ ပြည်တော်ပြန်ဖို့ မ၀ံ့ရဲသေး



  ထိုင်းပြည်ထဲရေးဝန်ကြီး၏ မယ်လဒုက္ခသည် စခန်းခရီးစဉ်။ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ) 

ပြည်တော်မြင့် ~

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အမြန်ဆုံးပြန်ပို့နိုင်ရေးအတွက်ထိုင်း ပြည်ထဲရေး ၀န်ကြီး နိုင်ကျာလုဖုန်းလေးယမ်းစို့ဝမ် ယမန်နေ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က မယ်လမြန်မာဒုက္ခသည် စခန်းကိုရောက်ရှိလာပါတယ်။ 

ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ဒုက္ခသည် အရေး ဆောင်ရွက်ပေးနေနဲ့ UNHCR အပါအ၀င် အစိုးရ မဟုတ်တဲ့  နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒုက္ခသည်တွေ အမြန်ဆုံး ဌာနေပြန်နိုင်ရေးအတွက် နည်းလမ်းရှာ ဆွေးနွေးခဲ့ကြပေမဲ့ ရေရာသေချာတဲ့ အဖြေ တစုံတရာ မရဘဲ ဘန်ကောက်ကိုပြန်သွားပြီ ဖြစ်ပါတယ်။ 

UNHCR နဲ့အခြားအဖွဲ့တွေကပြောတာက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရ ဒုက္ခသည်တွေပြန်ဘို့ အခြေအနေတွေ မပေးသေးတဲ့အကြောင်း သက်သေ အကိုးအကား အထောက်အထားတွေနဲ့ ထိုင်း  ပြည်ထဲရေး ၀န်ကြီးကို ရှင်းပြခဲ့ပါတယ်။ 

ဒီဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ မယ်လစခန်း အုပ်ချုပ်ရေး နယ်မြေထဲမှာပါတဲ့ ထာ့ဆောင်ရမ်းမြို့ပိုင် 
နိုင်စုံချိုင်း ကလည်း သူ့စစ်တမ်းတွေ့ရှိချက်အရ ဒုက္ခသည် အများစုက လက်ရှိ အနေအထားမျိုးနဲ့ နေရပ် မပြန်ရဲသေးတဲ့အကြောင်း   တင်ပြခဲ့ပါတယ်။

ထိုင်းဘက်ကတော့ လာမဲ့ ၂၀၁၅ မှာမြန်မာအစိုးရ အာဆီယံဥက္ကဌဖြစ်မှာမို့အဲဒီမတိုင်ခင်မှာ   ပြန်ပို့ချင်တဲ့ သဘော ထားရှိသလို၊ မြန်မာဘက်ကလည်း ဒုက္ခသည်တွေကို လက်ခံဘို့အရံသင့်ရှိတဲ့အကြောင်း သမ္မတရုံးပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း ဒီနှစ်ဆန်းပိုင်းမှာ မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးကတော့ ဒုက္ခသည်တွေထိုင်းမှာ နှစ်ရှည်လများနေထိုင်လာတာ ၀န်ထုပ်ဝန်ပိုး တခုလိုဖြစ်နေတယ်လို့ပြောပြီး လာမဲ့နှစ်တွေမှာမှ ဌာနေမပြန်နိုင်ရင် ဒုက္ခသည်အနေနဲ့မဟုတ်ဘဲ အခြား အနေ အထားတခုခု နဲ့ပြောင်းလည်းနေထိုင်စေမဲ့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။ 

ထိုင်းဘက်က ဒုက္ခသည်တွေ အမြန်ဆုံးပြန်ပို့နဲ့ကိစ္စနဲ့ပတ်သက်ပြီး UNHCR နဲ့အခြားအစိုးရ မဟုတ်တဲ့အဖွဲ့တွေက သဘောမတူပါဘူး။ ဒုက္ခသည်တွေရဲ့ဆန္ဒတွေအတိုင်းဘဲ ဌာနေပြန်စေချင်တယ်လို့ ထိုင်းဝန်ကြီး ကိုသဘော ထားပေးခဲ့ကြပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအပေါ်မှာဘဲမူတည်တဲ့အတွက် ဒုက္ခသည်တွေအမြန်ဆုံးပြန် ပို့ခံရမဲ့အရေးကို ရပ်ဆိုင်းထားဘို့အတွက် ဘယ်သူမှဟန့်တားနိုင်မှာမဟုတ်ဘူးလို့ ကရင်ဒုက္ခသည်များကော်မတီ KRC က တာဝန်ရှိသူတဦးက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

http://blog.irrawaddy.org/2013/01/blog-post_1682.html


0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif