http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Jan 2013

ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာ




ရွက်စိမ်း ~
    လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုးအစားက ရောင်းအားကောင်းပါတယ်။ 
လိုင်းဆွဲအား ကောင်းတာ၊ တခြားနာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။ 

ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ 
T, C, U ဆိုတာ ဘာတွေလဲ ~
HUAWEIဖုန်းဝယ်မယ် ဆိုရင် မော်ဒယ်နံပတ်ရှေ့မှာပါတဲ့ အင်္ဂလိပ်အက္ခ ရာတွေ ကိုသတိထားပြီးရွေး ၀ယ်ပါ။ 

ဥပမာ - T8950 မှာ T ဆိုတာ တရုတ်ပြည်မှာသုံးတဲ့ TDMA Network ပါ ၊  ဒီ ဖုန်းကိုအသုံးရင် 3G အပြည့် မရပါဘူး၊ 
C8950 မှာ ဆိုတာ CDMA 800 ကို ရည်ညွန်းတာပါ၊
  U8950 မှာ ပါတဲ့ U က GSMA နဲ့ WCDMA နှစ်မျိုးသုံး လို့ရတဲ့ Dual sim card ကို ဆိုလိုတာပါ။ 

မော်ဒယ်နံပတ်တွေရှေ့မှာပါတဲ့ ဒီ အင်္ဂလိပ်အက္ခရာတွေမှာ T နဲ့ စတဲ့ TDMA ဖုန်းတွေက ကျန်တဲ့ U တို့ C တို့နဲ့ စတဲ့ဖုန်းတွေထက် ဈေးသက်သာပါတယ်။  
ဒါကြောင့် ဖုန်းဝယ်မဲ့သူတွေ မော်ဒယ်နံ ပတ်ရှေ့က အင်္ဂလိပ်အက္ခရာတွေကို ကြည့်ပြီး ၀ယ်ဖို့လိုပါတယ်။ 
စင်ကာပူက အ၀င်နည်းတယ် ~
“HUAWEI ဖုန်းတွေ မြန်မာပြည်ထဲကို တရုတ်ပြည်က ၀င်သလို စင်ကာပူက ပတ်ဝင်လာတာ ရှိပါတယ်။ စင်ကာပူက ၀င်တဲ့အလုံးတွေ ဆိုရင် ဖုန်းအတွင်းစာတွေ အကုန်လုံးက အင်္ဂလိပ်စာနဲ့ဖြစ်ပြီး Gmail ၊ gtalk တပါတည်း ပါတယ်” 
လို့ ရန်ကုန်မြို့ အမှတ် ၁၆၃၊ လသာလမ်းမှာ ရှိတဲ့  Easy One Mobile ဆိုင်က ကိုအောင်ကျော်ကျော်က ပြောပါတယ်။ 

သို့သော်လည်း စင်ကာပူက အ၀င် အင်မတန်နည်းတယ်လို့ ဆိုပါတယ်။

“HUAWEI အလုံး ၁၀၀ မှာ ၉၉ လုံးလောက်က တရုတ်ပြည်က၀င်တာ” လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။ 

HUAWEI ဖုန်းတွေမှာ C8812 နဲ့ T5900 အမျိုးအစားတွေမှာ ဘက်ထရီ ၂ ခု ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားတွေ ၀ယ်တဲ့အခါ ဘယ်ထရီအပို ပါမပါ စစ်ဖို့လိုပါတယ်။ 
C 8812 ရဲ့ အားနည်းချက် ~
“Touch Screen အပျက်အများဆုံး မော်ဒယ်ကတော့ C 8812 ပါ၊ Screen အသစ် လဲမယ် ဆိုရင်တော့ အမည်းရောင်က ၁၀,၀၀၀  နဲ့ အဖြူရောင်က ၁၂,၀၀၀ ပါ၊ ဒါ ပုံသေတော့ မဟုတ်ဘူး ဈေးနူန်း အတက်အကျတော့ရှိပါတယ်၊ လက်ခက ၅,၀၀၀ ပါ” လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။
                                            

http://blog.irrawaddy.org/2013/01/huawei.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif