http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Feb 2013

ပြည်ထောင်စုဝန်ကြီးတွေမီဒီယာတွေကိုဘာတွေ ပြောလဲ




ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ စက်မှုဝန်ကြီးရုံးတွင် ဖေဖေါ်ဝါရီ ၃ ရက် နေ့ နေ့လည် ၁ နာရီက စတင်ပြုလုပ်ခဲ့ကြပါတယ်။ 


ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

 ရန်ကုန်မြို့တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ် ၁၈၅ သိန်းနှင့် သိန်း ၂၀၀ ကြားတွင်ရောင်းချမည်ဖြစ်ပြီး ၁၈ထပ်အမြင့်ရှိတိုက်များကြောင်း၊ ရန်ကုန်မြို့ဒဂုံဆိပ်ကမ်း တွင်အကောင်ထည်ဖော်နေသည့် တန်ဖိုးနည်းအိမ်ရာများအားလုံးပြီးစီးပါက အခန်းပေါင်း ၁၉၀၀၀ ကျော် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောပါတယ်။ 


  “ မြန်မာနိုင်ငံက တရုတ်ကိုကြွေးမြီဒေါ်လာသန်း ၃၃၀၀ကျော်ဆပ်ဖို့ရှိနေပါတယ်။ ဒါပေမယ့် ၈၈ နောက်ပိုင်း ယူထားတဲ့ ကြွေးမြီဖြစ်တာကြောင့် လက်တလောမှာတော့ ဆပ်စရာမလိုသေးဘူး။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ယနေ့ နေ့လည် ၁ နာရီ တွင် နေပြည်တော်စက်မှုဝန်ကြီးရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောသွားတာပါ။ 


“ ၁၉၈၈ မတိုင်မီနဲ့ ၈၈နောက်ပိုင်းမှာပြည်ပအဖွဲ့အစည်းဖြစ်တဲ့ World Bank, ADB , Paris Club ကိုဆပ်ဖို့ အကြွေးမြီသန်း ၉၆၀၀ ကျော်ရှိနေပါတယ်။ ကျွန်တော်တို့၈၈နောက်ပိုင်းမှာ တရုတ်နိုင်ငံဆီက ကြွေးမြီ အများ ဆုံးယူထားရပါတယ်။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ထပ်ပြောတာပါ။  
http://blog.irrawaddy.org/2013/02/blog-post_7073.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif