http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Feb 2013

ဦးသိန်းစိန်ရဲ့ နော်ဝေးနိုင်ငံခရီး





သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ   နော်ဝေးနိုင်ငံကို လာရောက် လည်ပတ်မယ်လို့ စနေနေ့ထုတ် နော်ဝေးနိုင်ငံ VG သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
မြို့တော်အော်စလိုမှာ အချိန်အများဆုံးပေးသွားမယ့် ခရီးစဉ်အတွင်း နော်ဝေးဘုရင်နဲ့ အစိုးရအဖွဲ့အပြင် စီးပွားလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

 နော်ဝေးက ဆက်သွယ်ရေး နည်းပညာကုမ္မဏီတွေကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နော်ဝေးနိုင်ငံက တယ်လီနော်(Telenor) တယ်လီဖုန်းကုမ္မဏီဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ မနှစ်ကတည်းက မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးထားပါတယ်။

မကြာသေးမီ ရက်ပိုင်းက နော်ဝေးနိုင်ငံက မြန်မာအပေါ်တင်ရှိတဲ့ကြွေးမြီ နော်ဝေးခရိုနာ ၃.၂ ဘီလီယံ (အမေရိကန် ဒ်ါလာ ၅၃၄ သန်း) ကို လျှော်ပစ်လိုက်ပါတယ်။
 ဒါဟာ နော်ဝေးနိုင်ငံရဲ့ ဖွံဖြိုးဆဲနိုင်ငံတွေအပေါ်တင်ရှိတဲ့ ကြွေးမြီတွေ လျှော်ပစ်တဲ့သမိုင်းမှာ အများဆုံး ပမာဏ ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံဟာ လူသားချင်း စာနာထောက်ပံ့မှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊     ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးဖြစ်စဉ်တွေမှာလည်း ကူညီဆောင်ရွက်နေပါတယ်။

နော်ဝေးနိုင်ငံအခြေစိုက်ပြီး၊  မနှစ်က ဇွန်လမှာ နော်ဝေး၀န်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ဦးဆောင် ဖွဲ့စည်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဖောင်ဒေးရှင်း  (Aung San Suu Kyi’s Freedom Foundation) ကလည်း  အင်းလေးဒေသအတွင်း အဆင့်မြင့် ဟိုတယ် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။ အဆိုပါဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဆောင်ရွက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၅ရက် မှာလည်း ၈လေးလုံး မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုပြုံးချိုတို့လည်း နော်ဝေးနိုင်ငံကို ၄ ရက်ကြာ အလည်အပတ် ရောက်လာပါလိမ့်မယ်။

မနှစ်က ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူသွားခဲ့ပါတယ်။
 
http://blog.irrawaddy.org/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif