ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွန်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်
ရေး အဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်း (ဓာတ်ပုံ – Waiyan Moe Thone Thann / Facebook)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြ ပြီး နှစ်ဖက် ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီ ကြကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယင်းထုတ်ပြန်ချက်တွင် “အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများကို လေ့လာစောင့်ကြည့် စိစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်” ဟု ပါဝင်ပါတယ်။
ဒီအပြင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်းတွေ ထားရှိရေး၊ စစ်ရေးတင်း မာမှုများ လျှော့ချနိုင်
ရေးနဲ့ နောက်တကြိမ် ဆွေးနွေးပွဲမှာ လေ့လာသူတွေနဲ့ သက်သေတွေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ရေး စသည်တို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။
ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ပူးတွဲကြေညာချက်ကို အခုလိုဖော်ပြထားပါတယ်။
http://blog.irrawaddy.org/2013/02/blog-post_3840.html






Kuala Lumpur Time

0 comments:
Post a Comment