ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာကို ငြိမ်းချမ်းရေးအတွက် ခြေလျင်လျှောက်သူတွေဟာ ယမန်နေ့ မတ်လ ၁၅ ရက် နေ့ မနက် စောစောမှာ ခေတ္တ ရပ်နားနေတဲ့ မြစ်ကြီးနားမြို့အနီး မနောကွင်းကြီးက နေ စတင်ထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် အခုလို အပင်ပန်းခံပြီး ခြေလျင်ခရီးရှည်ဟာ ငြိမ်းချမ်းရေးကို ပေါင်းကူးပေးတဲ့ သင်္ကေတတခု အဖြစ် တင်စားဖော်ထုတ်နိုင်ခဲ့မှုတွေကြောင့် ငြိမ်းချမ်းရေး လိုလားသူတိုင်းအတွက် မှတ်တိုင်တခု ဖြစ်စေခဲ့ပါတယ်။
မကြာသေးမီက မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို၊ ကေအိုင်အေတို့အကြား နားလည်မှု တစုံတရာ ရခဲ့ပြီး ပူးတွဲ ကြေညာချက်တွေ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ဒေသခံ ကချင်ပြည်သူတွေကတော့ ကချင်ပြည်နယ်သာမက နိုင်ငံတ၀ှမ်းလုံး ငြိမ်းချမ်းရေး ရစေချင်ကြပါ တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ ဆိုတဲ့ ရင်ထဲက စကားသံတွေ ဆုတောင်းသံတွေနဲ့အတူ အမှန်တကယ် ငြိမ်းချမ်းမှုတွေနဲ့ မြန်မာပြည် ဖြစ်ပါစေ။
http://blog.irrawaddy.org/2013/03/blog-post_1661.html#more
0 comments:
Post a Comment