မျက်စိ မမြင်ဘူးဆိုရင် လူတယောက် ဘာလုပ်လို့ ရသလဲ။ကိုယ် တွေ့မြင်ရတာက နေ့ဘက်လည်း မှောင်မှောင်မည်းမည်း၊
ညဘက် ဆိုလည်း မည်းမည်းသည်းသည်း ဖြစ်နေပါလိမ့်မယ်။မျက်မမြင်တွေကတော့ မမြင်တဲ့အနေအထားနဲ့ဘဲ ဘ၀ကို ရုန်းကန်ကြပါတယ်။ဂစ်တာတီး၊ ကွန်ပျူတာသုံး၊ ကြိမ်ထိုး စသဖြင့် လုပ်ကိုင်ကြတာ မနည်းပါဘူး၊ မြင်တဲ့သူတချို့မလုပ်နိုင်တာတွေကိုတောင် သူတို့ လုပ်ကိုင်နေကြတာပါ။
မကြာသေးခင်က ရန်ကုန်မျက်မမြင်ကျောင်းကို ဧရာဝတီဝိုင်းတော်သားများ သွားရောက်ပြီး တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ထားတာတွေကို ဧရာဝတီရုပ်သံမှာ ပြန်လည် တင်ဆက်လိုက်ပါတယ်။
သူတို့ရဲ့ ဘ၀အားမာန်၊ နေ့စဉ် လှုပ်ရှားမှု၊ အစိုးရမင်းများသိအောင် ပြောချင်တဲ့စကား စတာတွေကိုလည်း ကြားရမှာ ဖြစ်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter






Kuala Lumpur Time
.jpg)
0 comments:
Post a Comment