http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2013

တန်ဘိုးနည်းဆင်မ်ကတ် ဈေးနှုန်းမသတ်မှတ်ရသေး




တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး မကြာခင် ရောင်းချပေးဖို့ အစီအစဉ်ရှိပေမယ့် ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့ ဆက်သွယ်ရေး ၀န်ကြီးဌာနက အိုင်တီ ၀န်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောလိုက်ပါတယ်။ 



ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်ပုံစံ ဖြန့်ဖြူးမယ်ဆိုတာ မသိရသေးကြောင်း မြန်မာ့အလင်း သတင်းစာ ကို ဦးဌေးဝင်းက မတ်လ ၂၅ ရက်နေ့က ပြောသွားတာပါ။ 

"ကျနော့်ဘက်က ၃ သန်းရှိတာတော့ သေချာတယ်။ ဖုန်းတသန်းပဲ ချပေးမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ ဦးဌေးဝင်းက  ပြောသွားတာကို ယနေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဖုန်းလိုင်းတွေ ချထားပေးဖို့ ဆက်သွယ်ရေး တာဝါတိုင်တွေ လုံလောက်မှုမရှိသေးဘူးလို့တော့ သူက ပြော ထားပါတယ်။

"ရန်ကုန်နဲ့ မန္တလေးမှာ တော်တော်လေး ကြိုးစားရမယ်။ မြို့ပေါ်တွေမှာနေရာသစ်မရရင် စခန်းတိုးချဲ့လို့ မရဘူး" လို့ သူက ဆိုထားပါတယ်။ 

ဒါကြောင့် စခန်းတွေလည်း ထပ်ချဲ့ပြီး လိုအပ်တာတွေလည်း ထပ်ဝယ်တဲ့ကိစ္စတွေကို အထက်လူကြီးတွေ လည်း စီစဉ်နေတဲ့အကြောင်း ဦးဌေးဝင်းက ပြောသွားပါတယ်။ 

မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေတယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားတာလေး အမှတ်ရမယ် ထင်ပါတယ်။ 

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင် မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်း မှာ ရောင်းချ 
ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်" လို့ သမ္မတက ဆိုထားတာပါ။  

မိုဘိုင်းဖုန်း ဆင်မ်ကတ်တွေ ဈေးချိုချိုနဲ့ ရောင်းချပေးမယ်ဆိုလို့ ဖုန်း ဟမ်းဆက် ဈေးတွေလည်း ရိုက်ခတ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ 

လူအများကတော့ တန်ဘိုးနည်း မိုဘိုင်းဖုန်းအတွက် ကင်မ်ပိန်းတွေလုပ်ပြီး တောင်းဆိုခဲ့ကြရင်း မျှော်လင့် 
စောင့်စားနေကြတယ်ဆိုတာကတော့ သေချာပါတယ်။   

http://blog.irrawaddy.org/2013/03/blog-post_838.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif