သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီးထွက်သွားခဲ့ပြီး တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဓာတ်ပုံ- မြန်မာ့အလင်း ~
ဒီလိုတွေ့ဆုံမှုတွေမှာ ထူးခြားတဲ့ စကားလုံတခုကို သတိထားမိပါတယ်။ ဒီစကားလုံးကတော့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဆိုတာပါဘဲ။
ဒါကတော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီး လူမှု စီးပွား တိုးတက်မှုကိုပါ စောင့်သိတဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ( Responsible Investment) ကို ဖော်ဆောင်တဲ့ သူတွေဖြစ်ဖို့ တရုတ်ကုမ္ပဏီတွေကို ဆွဲဆောင်သွားမယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောဆိုတာကို ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီစကားလုံးဟာ လွန်ခဲ့စစ်အစိုးရ လက်ထက် နှစ်ပေါင်းများစွာ မသုံးစွဲခဲ့ဘူးတဲ့ နိုင်ငံအတွက် တကယ်အကျိုး ရှိမယ့် စကားလုံးနဲ့ အနှစ်သာရကို အခု သမ္မတ ဦးသိန်းစိန်က ပထမဆုံး အသုံးပြုလိုက်တာကို အထင် အရှား တွေ့လိုက်ရတာပါဘဲ။
သုံးသပ်သူတချို့ကတော့ သမ္မတဟာ အခု လက်ရှိ သူ့ရဲ့ အကြံပေး အဖွဲ့ဝင်တွေရဲ့ အကြံဥာဏ်တွေကို အများဆုံး အသုံးပြုလေ့ ရှိတဲ့ပုံဘဲ လို့ ဆိုကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်တွေတုန်းက တာဝန်သိ ရင်းနှီးမြှုပ်နံမှု ကဏ္ဍမှာ အလွန် အားနည်းခဲ့တယ်ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်လို့လည်း သူတို့ ကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်နေကြတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံ
သူတွေ ဖြစ်လာကြမယ်ဆိုရင် တရုတ်နိုင်ငံအတွက်ရော၊ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက်ရော၊
မြန်မာ့ ရေမြေသဘာဝ ပတ်ဝန်းကျင်တွေအတွက်လည်း အလွန်ကောင်းမွန်မယ်ဆိုတာ အားလုံး သိကြပြီး သားဖြစ်မယ် ထင်ပါတယ်။
http://blog.irrawaddy.org/2013/04/blog-post_7.html#more






Kuala Lumpur Time

0 comments:
Post a Comment