http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2013

လစ် ဗျားနိုင် ငံ ထ ရီ ပို လီမြို့မှာ ပြင် သစ် သံ ရုံး ကား ဗုံး ခွဲ တိုက် ခိုက် ခံ ရ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှာ ရှိတဲ့ ပြင်သစ်သံရုံးကို ကားဗုံးခွဲ တိုက်ခိုက်မှု တခု ယနေ့ အင်္ဂါနေ့ စောစော ပိုင်း မှာ ဖြစ်ပွားခဲ့ပါတယ်။ 

 လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ပြင်သစ်သံရုံးကို ကားဗုံးခွဲ တိုက်ခိုက်မှုအပြီးမြင်ကွင်း၊ ဓာတ်ပုံ- Foreign Policy Magazine

ဒါဟာ လစ်ဗျားနိုင်ငံမှာ ကဒါဖီ မရှိတော့တဲ့ နောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှုတခုဖြစ်ပြီး အနောက်
နိုင်ငံတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တခုလည်းဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ပြင်သစ် အစောင့် ၂ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပြီး သံရုံးအဆောက်အဦး အ၀င် ထောင့်နေရာတချို့လည်း ပျက်ဆီးသွားခဲ့ပါတယ်။  သံရုံးဝင်းအတွင်းက အဆောက်အဦးမှန်တံခါး 
တွေနဲ့ အမိုးအကာတချို့လည်း ပျက်ဆီးသွားခဲ့ပါတယ်လို့ Foreign Policy က ဆိုပါတယ်။

အခုတော့ သံရုံးပတ်ဝန်းကျင်ကို လုံခြုံရေးပိတ်ဆို့မှုတွေ လုပ်ထားတယ်လို့ ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။ အခု လုပ်ရပ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့ လုပ်တယ်လို့ ထုတ်ဖော်ပြောဆို တာမျိုး မရှိသေးပါဘူး။ 

ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး လောရင့် ဖဗျွီးကတော့ ဒါဟာ ပြင်သစ်တနိုင်တည်းကို ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ဘဲ အကြမ်းဖက်ဆန့်ကျင်ရေး လုပ်နေတဲ့ နိုင်ငံတိုင်းကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်တာဖြစ် တယ် လို့ ဆိုထားပါတယ်။ 

မကြာသေးမီရက်ပိုင်းကပဲ အမေရိကန် ပြည်ထောင်စု ဘော့စတွန်မြို့ မာရသွန်ပြေးပွဲမှာ ဗုံးခွဲတိုက်ခိုက် မှု ကြောင့် လူ ၃ ဦးသေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပြီး သံသယဖြစ်သူ ချေချင်ညှာမှ ညီအကို ၂ ဦးအနက် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာဖြင့် ဖမ်းမိခဲ့ပါသေးတယ်။    
http://blog.irrawaddy.org/2013/04/blog-post_2943.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif