ရေကျော် ဗလီမီးလောင်မှုနဲ့ပတ်သက်ပြီး ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သတင်းရေးကြ သူတွေ အနေနဲ့ တာဝန်ရှိသူတွေနဲ့ သေချာ မေးမြန်းအတည်ပြုပြီး မှ ရေးသားကြစေလိုတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ် မှာတိုက်တွန်းထားပါတယ်။
"၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့ပါတယ်။
၉နာရီသတင်းမှာတော့ အခင်းဖြစ်ပွားရာနေရာက တွေ့ဆုံမေးမြန်းခဲ့မှုများနဲ့ ထပ်မံတင်ဆင်ဖို့ ဆောင်ရွက်နေ ပါတယ်။
ပြန်လည်တွေ့ရှိသူ လေးဦးဟာ ထိခိုက်ဒဏ်ရာမှု မရှိပါဘူး။ အင်တာနက်က ကောလဟာလများကို မယုံကြပါနဲ့။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တီဗီ၊ ရေဒီယိုသတင်းများကို တစ်နာရီတစ်ကြိမ် Update လွှင့်ပေးနေပါတယ်။
လုံခြုံရေးနဲ့ ပတ်သက်ပြီးသံသယရှိဖွယ်ရာများတွေ့ ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို သတင်းပေးပို့ကြပါ။ ဘာသာအားလုံး မိမိတို့ ဒေသ၊ နိုင်ငံ၊ လုံခြုံ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်များကို ပိုမိုခိုင်မာအောင် မီးသတ်တပ်ဖွဲ့ ကလည်း တိတိကျကျ စစ်ဆေးနေပါတယ်။
ပြည်တွင်းမီဒီယာများကလည်း သတင်းအချက်အလက်များလိုအပ်ပါက တိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ် ရဲစခန်းများမှာ ဆက်သွယ်ရယူနိုင်ပါတယ်။ မေးမြန်း စုံစမ်းမှုများကို ဖြေကြားပေးဖို့အတွက် လည်း
ပြည်ထဲရေး ၀န်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ပါတယ်။ "
အထက်ပါအတိုင်း ဦးရဲထွဋ်က အဆက်မပြတ် အသိပေး ရေးသားထားပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်းအရ ပျောက်ဆုံးနေသူ ကလေး ၄ ဦးကို ကောင်းမွန်စွာ ပြန်လည်တွေ့ရှိတယ်လို့ ရဲအရာရှိတဦးက ပြောကြားပါတယ်။
http://blog.irrawaddy.org/2013/04/blog-post_7350.html#more
0 comments:
Post a Comment