သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှာက အတွေ့အကြုံ။
တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက
"အားလုံး မလှုပ်နဲ့၊ ပိုက်ဆံက အစိုးရဟာ၊ အသက်က မင်းတို့ဟာ"
ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။
ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကာ လှဲလျောင်းနေရှာသော ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း ...
"အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါ ... ဓါးပြတိုက်တာ..."
(ဓားပြဗိုလ်၏ ဒိုင်ယာလော့များကား လန်းလှချေ၏)
အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက
" ဆရာ... တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ "
မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ
" တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေရမှာလဲကွာ၊ TV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့"
ဓါးပြထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဋ္ဌနှင့် ဘဏ်မန်နေဂျာတို့ တိုင်ပင်ကြသည်။
"သွား...မြန်မြန်ရဲသွားတိုင်စမ်း"
ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဋ္ဌ အလျင်စလို ထပ်ပြောလိုက်သည်မှာ
"နေအုံး...တလောတုန်းက ငါတို့အလွဲသုံးစားထားတဲ့ သန်း ၅၀ ပါတခါထဲ ပေါင်းထည့်ပလိုက်ကွာ "
ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ
"တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာကွာ..."
နောက်တနေ့... TV သတင်းတွင် ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရသည်ဆိုသောသတင်း ပါလာ၏။
TV ကြည့်သောဓားပြတို့ မျက်လုံးပြူးသွားသည်၊ တိုက်လာသည့်ငွေကို အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂၀ မျှသာ ရှိသည်။
ဓါးပြဗိုလ် အော်ဆဲပြီး ပြောလိုက်သည်မှာ
" တောက်... ငါ့အသက်ကိုဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂၀ ပဲရတယ်။ ဘဏ်ဥက္ကဋ္ဌက ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅၀ အမြတ်ပေါ်သွားပြီ။
ဒီခေတ်ကြီး ... ကြည့်ရတာ ပညာတတ်မှ ဖြစ်တော့မယ်ဗျာ..."
ညွှန်း - Myanmar Jokes www.facebook.com/myanmarjokes

http://blog.irrawaddy.org/2013/04/blog-post_20.html#more
0 comments:
Post a Comment