ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံးတဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မရ ဖြစ်ခဲ့ပါတယ်။
 လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။
ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်းတင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။
ရဲအရာရှိက သေဆုံးသူရဲ့ ဓာတ်ပုံကို Facebook မှာ တင်လိုက်ရာမှာတော့ သေဆုံးသူ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်၊ 
ဒါ့အပြင် လူသတ်သမားအဖြစ် သံသယရှိသူကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ် တဲ့။ ၂၄ နာရီအတွင်း ဒီ ၂ ခုကို ဖော်ထုတ်နိုင်ခဲ့တာပါ တဲ့။  
အရပ်သားအစိုးရလက်ထက် အင်တာနက် မြန်နှုန်းတိုးတက်လာတာနဲ့အမျှ Facebook အသုံးပြုမှု ပိုမို တွင်ကျယ်လာတဲ့ အကျိုးကျေးဇူးတခု ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ မြန်မာပြည်မှာ Facebook ကျေးဇူးကြောင့် လူသတ်မှုကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့အမှု ဖြစ်ပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က အမှုလိုက်ရာမှာ အင်တာနက်ကို အရင်ကထက် ပိုပြီး အသုံးပြုလာဖွယ်ရှိပါတယ်။
MGM ဟိုတယ် လူသတ်မှု ဘာကြောင့် ဖြစ်ပွားရတယ် ဆိုတဲ့ အကြောင်းရင်းကို မသိရပါဘူး။
ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်းတင်ခဲ့ခြင်းမရှိတဲ့ MGM ဟိုတယ်ကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ဆိုတယ်။ 
ဒဏ်ရိုက်တဲ့ အရေးယူမှုမျိုးဖြစ်မယ်လို့ ယူဆရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဒီဟိုတယ်က လိမ်လည်မှုကျူးလွန်မယ့် နိုင်ငံခြားသား ၂ ဦးကို ရဲလက်အပ်နိုင်ခဲ့ပါတယ်။ ကင်မရွန်း နိုင်ငံသား  ဘောလုံးသမား ၂ ဦးက ဒေါ်လာအတု လုပ်ပေးမယ် ဆိုပြီး ရန်ကုန်မှာ ဈေးကွက်ရှာနေတုန်း အဖမ်းခံရတဲ့အမှု ဖြစ်ပါတယ်။
ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ မူရင်းသတင်းကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။  
ဧရာဝတီ Facebook / ဧရာဝတီ Twitter
 
ဧရာဝတီ Facebook / ဧရာဝတီ Twitter







 Kuala Lumpur Time
  Kuala Lumpur Time 


 
 
 
0 comments:
Post a Comment