http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

ဆေး လိပ်ဖြတ်၊ လေ့ကျင့် ခန်းလုပ်ပြီ ဖြစ်တဲ့ ဗြိတိန် အဆိုတော် Adele

နာမည် ကြီးဗြိ တိန်လူမျိုး တေး သံရှင် Adele ဟာ နွေရာသီ မတိုင် ခင် ကျဆင်း ရမယ့် ကိုယ်အလေးချိန် ပမာဏကို သတ်မှတ်ကာ လေ့ကျင့် ခန်းများ စတင်ပြုလုပ်လို့နေပြီဖြစ် ကြောင်း The Sun သတင်းဌာနမှ ကြေငြာခဲ့ပါတယ်။ သူမရဲ့အသံကြိုး များကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ယမန် နှစ်ဆုံးပိုင်းခန့်ကစပြီး ကျန်းမာရေး စတင်လိုက်စားခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အသက် ၂၃ နှစ်အရွယ် စူပါစတားဟာ ဆေးလိပ်ဖြတ်လိုက်ပြီး သူမရဲ့အိမ်မှာ တစ်ပတ်လျှင် ၂ ကြိမ် အားကစားနည်းပြဆရာနှင့် လေ့ကျင့် ခန်းပြုလုပ်နေပါပြီ။ သူမရဲ့သူငယ်ချင်း ဖြစ်သူ Alan Carr နဲ့အတူ သူတို့ရဲ့ ခွေးကို လမ်းလျှောက်ရင်း အပြေးလေ့ ကျင့်ခန်းပြုလုပ်ကြပါတယ်။ လွန်ခဲ့ တဲ့လတုန်းက ဂျာမာန်ဒီဇိုင်နာ Karl Lagerfeld က သူမကို အနည်းငယ် ဝနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူမ ဟာ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် အားအင်တွေ အရမ်းပြည့်ဝလာတယ် လို့ သတင်းဌာနမှဆိုပါတယ်။
Ref: UPI.com                           http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif