စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေမှု ရှိမရှိကို လာမည့်ကြားဖြတ် ရွေးကောက်ပွဲက အဆုံးအဖြတ် ပေးလိမ့်မည်ဟု ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့ တို့၌ နေပြည်တော်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်စဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ဒီနိုင်ငံ ဒီမို ကရေစီ လမ်းကြောင်းပေါ် ရောက်မရောက် ဆိုတာကို ဆုံးဖြတ်ပေးမှာက အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲပဲ။ ဒီပွဲကို နိုင်ငံတကာက ဘယ်လောက် လက်ခံပြီး ဘယ်လောက် အသိအမှတ် ပြုသလဲဆိုတဲ့ အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသည့် နောက်ပိုင်း မြန်မာ့ နိုင်ငံရေးလမ်းစဉ် မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဟု သက်ဆိုင်ရာ အာဏာပိုင်များက အတိအလင်း ထုတ်ဖော်ပြောကြားလျက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က ”ကျွန်မတို့ မဲလိမ်တာမျိုး မခံရအောင် တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲ တစ်ခုဖြစ်အောင် နိုင်ငံတော်က စီစဉ်ပေးထားပါတယ်။ တရားမျှတဖို့ဆိုရာမှာ မဲရုံမှာ ကျွန်မတို့ လူတွေစောင့်ကြည့်ခွင့် ရထားတယ်။ ဒီလို ရထားရုံနဲ့တော့ မပြီးသေးပါဘူး။ မဲကို ခြိမ်းခြောက်ယူတာတွေ၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုပြီး ကတိပေးပြီး မဲဝယ်တာတွေ မရှိဖို့ လိုပါတယ်။ ရှိလာရင် ကြောက် စရာမလိုဘဲ ရွေးကောက်ပွဲ ကော် မရှင်ကို တိုင်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ ကတော့ တိုင်မှာပါဘဲ။ ဒီလို တရားမျှတတဲ့ ကြား ဖြတ် ရွေးကောက်ပွဲဖြစ်လာမှ ကမ္ဘာ့နိုင်ငံကြီးတွေက စီးပွားရေး အခွင့်အလမ်းတွေ ဖွင့်ပေးမယ်။ ဒါမှ ဒီမိုကရေစီ နိုင်ငံဖြစ်မှ နိုင်ငံတကာ ကလည်း လက်ခံလာမှာ ဖြစ်ပါတယ်” ဟု လူထုသို့ အသိပေးသည်။ လက်ရှိ အခြေအနေ၌ မြန်မာ နိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုနှင့် အကူအညီများပေးရန် အတွက် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် စောင့်ကြည့်လေ့လာ နေသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်းပြောကြားသည်။ ”တရားမျှတ တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ဖို့က မဲထည့်တဲ့ နေရာ မှာ အဆင်ပြေနေရုံနဲ့ မရဘူး။ မဲဆွယ်စည်းရုံးရေး ကာလမှာ လွတ်လွတ်လပ်လပ်နဲ့ မဲဆွယ်ခွင့်လည်း ရဖို့လိုအပ်တယ်။ မလိုအပ်တဲ့ အတားအဆီး အနှောင့်အယှက်တွေ ရှိနေလို့ မရပါဘူး”ဟု NLD အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် နေပြည်တော်ကောင်စီ နယ်မြေသို့ မတ်လ ၅ ရက်နေ့၌ ရောက်ရှိလာ ခဲ့သည်။ ယင်းနေ့ ညနေ ၅ နာရီ၌ ဒက္ခိဏသီရိမြို့နယ်လမ်း ပျဉ်းမနား သို့ ယာဉ်တန်းအစီး ၄ဝ ဖြင့် ရောက်ရှိပြီး အင်အား သုံးသောင်းခန့် ရှိသည့် ပရိသတ်အား တွေ့ဆုံဟော ပြောခဲ့သည်။ ယင်းနောက် ဇမ္ဗူသီရိ၊ ဥတ္တရသီ ရိ၊ ပုဗ္ဗသီရိမြို့နယ်တို့သို့ လည်း သွားရောက်ကာ NLD ကိုယ်စားလှယ်လောင်း များအား မဲထည့်ကြ ရန် ၄င်းကိုယ်တိုင် ပြည်သူထံသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ ယင်းနောက် ဇမ္ဗူသီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဗသီရိမြို့နယ်တို့သို့လည်း သွားရောက်ကာ NLD ကိုယ်စား လှယ်လောင်းများအား မဲထည့်ကြ ရန် ၄င်းကိုယ်တိုင် ပြည်သူထံသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ http://popularmyanmar.com

0 comments:
Post a Comment