၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ မြန်မာရုပ်ရှင် အနုပညာရှင် များရဲ့ မင်္ဂလာပွဲများနဲ့ ကြုံရပေမဲ့ ဟောလိဝုဒ် ရုပ်ရှင် လောကမှာတော့ နာမည်ကျော် စုံတွဲများ အကွဲအပြဲ သတင်းတွေ ကြီးစိုး နေခဲ့ပါတယ်။
ကွဲတာ မဟုတ်ပါဘူးလို့ အတန်တန် ငြင်းနေတဲ့ကြားက ရုပ်ရှင်မင်းသမီး ဒယ်မီမိုးနဲ့ ရုပ်ရှင်မင်းသား အက်ရှ်တန်ကာချာ အကွဲအပြဲသတင်း အတည် ဖြစ်သွားတဲ့ အပြင် စိတ်ဓာတ် ကျနေတဲ့ ဒယ်မီမိုး မူးယစ်ဆေးဝါးတွေ အလွန်အကျွံ သုံးစွဲမှုကြောင့် ဆေးရုံ ပို့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
နောက်ထပ် တစ်တွဲလည်း ကွဲပြန်ပြီလို့ သတင်း ထွက်ပေါ်နေပါတယ်။ အဲဒီ အတွဲကတော့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျော်နီဒက်ပ်နဲ့ ရုပ်ရှင်မင်းသမီး ဗနက်ဆာပါရာဒစ္စ တို့ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့က သူမ ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ် ဖြစ်တဲ့ Cafe’ de Flore အထူးပွဲ တက်ရောက်လာရာမှာ မီဒီယာ များက ၀ိုင်းပြီး မေးကြပါတယ်။ ရုပ်မြင် သံကြား အင်တာဗျူးတစ်ခုကို ဖြေဆို ရာမှာ ဗနက်ဆာက “ကောလာဟလ တွေကတော့ အမျိုးမျိုး ပြောကြတာပဲ။ အချက်အချာ ကျတဲ့နေရာတွေမှာ အိမ်တွေ ၀ယ်နေသတဲ့။ ဆောင်းတွင်းရောက်တိုင်း ကျွန်မတို့ နှစ်ယောက် ကွာရှင်းကြပြီး နွေရာသီမှာ ပြန်လက်ထပ်ကြသတဲ့။ ကျွန်မက ဆယ့်နှစ်ကြိမ်မြောက် ကိုယ်ဝန်ဆောင် နေပြန်ပြီတဲ့။ အဲဒီလို ကော လာဟလတွေက အရေး မပါလှဘဲ နောက်ဆုံး ထွက်ပေါ်လာတဲ့ ဂျော်နီနဲ့ ကျွန်မ ကွာရှင်းပြတ်စဲလိုက်ပြီ ဆိုတဲ့ ကောလာဟလကတော့ ကျွန်မတို့ မိသားစုကို တော်တော်ကြီး ထိခိုက်စေ ပါတယ်”လို့ ရှည်ရှည်လျားလျား ရှင်း ပြပါတယ်။
အင်တာဗျူးမေးသူက “ဒါဆို ဘာ ဖြစ်လို့ အဲဒီကောလာဟလတွေ မဟုတ် ပါဘူးဆိုတာ မငြင်းကြတာလဲ။ မင်းသမီး အနေနဲ့ ဒါတွေဟာ မဟုတ်ဘူးလို့ ဆိုလိုတာပါလား”လို့ မေးတဲ့ အခါမှာတော့ ဗနက်ဆာက “ဟုတ်ပါ တယ်။ အဲဒါတွေက ကောလာဟလ တွေပါ”လို့ အတည်ပြုပါတယ်။

ရုပ်ရှင်ကား ပရိုမိုးရှင်း အတွက် ရောက်လာခဲ့တဲ့ ဗနက်ဆာဟာ ရုပ်ရှင် ကားအကြောင်းထက် သူ့ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ဖြေရှင်း ပေးခဲ့ရပါ တယ်။ ဗနက်ဆာက ပြင်သစ်နိုင်ငံ ပဲ ရစ်မြို့ကို Paris Fashion Week အတွက်လည်း ရောက်ရှိလာခြင်း ဖြစ်ပြီး Chanel ရဲ့ဖက်ရှင်အဖြစ် ကြမ်းပေါ်ဒယဥ့်တိုက် အဖြူရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ပြသ ခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများက ဂျော်နီနဲ့ ဗနက်ဆာတို့ဟာ သမီး လီလီရို့စ်(အသက် ၁၂ နှစ်)၊ သား ဂျက် (အသက် ၉ နှစ်)တို့ထွန်းကားပြီး လမ်းခွဲ နေကြပြီလို့ ဆိုပါတယ်။
ဂျော်နီဒက်ပ်ဘက်ကို ကြည့်ပြန် တော့ ရွှေကမ္ဘာလုံး ဆုပေးပွဲကို မျက်နှာ ပြရုံသာ တက်ရောက်ခဲ့ပြီး သူ လုပ် ဆောင်ပေးရမယ့် ကိစ္စများပြီးတာနဲ့ တစ် ပြိုင်တည်း ဆုပေးပွဲကနေ ပျောက်သွား ခဲ့ပါတယ်။ နီးစပ်သူများက ကိုယ်ရေး ကိုယ်တာ ကိစ္စများကြောင့် ပွဲအစအဆုံး မနေနိုင်ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
People မဂ္ဂဇင်း အဆိုအရ သူတို့ ဇနီးမောင်နှံဟာ လမ်းခွဲနေကြပြီး သြဂုတ်လတုန်းကတော့ သားသမီးနှစ်ဦးနဲ့ အတူ မိသားစု အပန်းဖြေခရီးကို ထွက်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံ တောင်ပိုင်းကို သူတို့ပိုင် ဇိမ်ခံ ရွက်လှေနဲ့ အပျော်ခရီး ထွက်ခဲ့ကြခြင်းဖြစ်ပြီး ဒါဟာလည်း ကလေးများရဲ့ရှေ့ရေး ကြောင့် တမင်တကာ ခရီး ထွက်ပြခြင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဇနီးမောင်နှံ နှစ်ယောက် အတူတူ ပွဲတက်ခဲ့ကြတာကတော့ ၂၀၁၀ ပြည့် နှစ်မှာ ကျင်းပတဲ့ ကိန်းရုပ်ရှင် ပွဲတော် ဟာ နောက်ဆုံး ဖြစ်ပါတယ်။ နိုဝင်ဘာ လမှာ ဂျော်နီရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ The Rum Diary ကို ဗနက်ဆာရဲ့မွေး ရာဇာတိမြေဖြစ်တဲ့ ပဲရစ်မှာ အထူးပွဲပြ သခဲ့ပေမဲ့ ဂျော်နီ တစ်ယောက်တည်းသာ တက်ရောက်ခဲ့ပြီး ဗနက်ဆာကို အရိပ် အယောင်မျှ မတွေ့ရဘူးလို့ ဆိုကြပါ တယ်။
ပတ်ဝန်းကျင် အခြေအနေများက သူတို့နှစ်ယောက် လမ်းခွဲတာသေချာ နေပြီလို့ ပြဆိုနေပေမဲ့ ကာယကံရှင် များကတော့ ဇန်န၀ါရီလကုန် အထိ မဟုတ်ပါဘူးလို့ ငြင်းဆန်နေဆဲဖြစ်ပါ တယ်။
ရွှေအမြုတေမှကူးယူတင်ပြသည်

0 comments:
Post a Comment