လက်ရှိ အနု ပညာ လှုပ်ရှား မှု အနေနဲ့ ဘာတွေ လုပ်နေလဲ။
အခုလောလောဆယ် အတွဲခွေလေးတွေမှာပဲဆို ဖြစ်တယ်။ ရန်ကုန်နဲ့နယ်ပွဲ လေးတွေမှာ လိုက်ဆိုဖြစ် တယ်။ ပြီးတော့ ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးလေးတွေ ရိုက်ပေးတယ်။ ဒီလောက် ပါပဲ။
သီချင်းဆိုတဲ့အခါ ကိုယ့်ရဲ့ အသံအတွက် ဘာတွေရှောင်ဖြစ် လဲ။
အထွေအထူးတော့ မရှောင်ဖြစ်ဘူး။ သီချင်း ဆိုခါနီး ရေခဲရေမသောက် ဘူး။ အိပ်ရေးဝ၀အိပ်တယ်။ အိပ်ရေးဝမှ အသံက အား ပြည့်နေသလိုပဲ။ အိပ်ရေးမဝ ရင် လည်ချောင်းနာတတ်တယ်။
ရခိုင်တိုင်းရင်းသူဆိုတော့ အစားအသောက်ကိုကော အပူအစပ်တွေ အဓိကထားစားတာလား။
ရခိုင်ဆိုတော့ အပူအစပ် တော့ကြိုက်တယ်။ ဒါပေမယ့် အစာအိမ်ရောဂါရှိတော့ အပူအစပ်တွေကို သိပ်စားလို့မရဘူး။ နယ်ရှိုးပွဲတွေသွားရင်လည်း အစားအသောက်ကို ဂရုစိုက်ရ တယ်။ အစာအိမ်ဆေးတွေလည်း ဆောင်ထားရတယ်။
အနုပညာအလုပ်တွေနဲ့ စိတ်ဖိစီးမှုများတဲ့အခါ ဘယ်လိုအပန်းဖြေလဲ။
စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စာအုပ်ဖတ်တယ်။ သီချင်း နားထောင်တယ်၊ ကိုယ်ဝါသနာပါတာ သီချင်းဂီတဆိုတော့ အဲဒါတွေ လုပ်လိုက်ရင် အလိုလိုစိတ်အပန်းဖြေပြီးသား ဖြစ် သွားတယ်။
ဒီနှစ်သင်္ကြန်မှာဘယ်မဏ္ဍပ်မှာရှိမှာလဲ။
နည်းနည်းလိုသေးတော့ သေချာမသိသေးဘူးလို့ ပရိ သတ်တွေကိုပြောပေးပါ။ http://www.yoyarlay.com/

0 comments:
Post a Comment