http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

မိခင်ဝမ်း အတွင်း အသက်ရှု ပြွန်ပိတ် လို့ ခွဲစိတ် ခဲ့ရတဲ့ စပိန်သူ လေး

အသက် တစ်ရာ မနေရ အမှုတစ် ရာကြုံ ရတယ် ဆိုရင် ရှင်သန် နေထိုင် နေရ တဲ့ ဘဝ တစ်လျှောက် မှာ ဖြစ်လိုက် တဲ့ရောဂါ တွေဆိုတာ များတစ်ရာတောင် မကလောက်ပါဘူး။ ဘဝတစ်လျှောက် စားသောက်ပုံ၊ နေထိုင်ပုံတွေရဲ့ရိုက် ခတ်မှုအကျိုးဆက်အဖြစ် ဝေဒနာမျိုး စုံကို ကျွန်တော်တို့လူသားတွေခံစား နေရတာ မဆန်းလှပေမယ့် လူ့လောက ကြီးထဲတောင်မှမရောက်ခင် အမိဝမ်း တွင်းရှိနေဆဲ သန္ဓေသားဘဝမှာပဲ သေလုမျောပါးဝေဒနာခံစားရတယ် ဆိုရင် ဒါဟာအတိတ်ကံမကောင်းခြင်း ပေလား၊ ဇီဝဖြစ်စဉ်တွေ ဖောက်လွဲ ဖောက်ပြန်ဖြစ်ခြင်းကြောင့်ပဲလားဆို တာဘယ်လိုမျိုးဆုံးဖြတ်ကြပါမလဲ။ မစခင်ကတည်းက အဆုံးသတ်ချင်နေတဲ့ ဘဝလေးတစ်ခု စပိန်နိုင်ငံ၊ ဘက်စ်ကွီးဒေသမှာနေ ထိုင်လက်ရှိတဲ့ မိုနီကာနဲ့ မားကို့စ်တို့ဇနီး မောင်နှံအတွက် သူတို့ဘဝမှာပထမဆုံး ရင်သွေးလေးရကြတော့မယ်ဆိုတဲ့အခါ အတွေးတွေကိုယ်စီနဲ့ ပျော်လိုက်ကြတာ လေ၊ ကိုယ်ဝန်ရင့်လာတော့ သားသား လေးလား၊ မီးမီးလေးလားသိချင်လို့ စစ် ဆေးကြည့်ကြတော့ သမီးလေးတဲ့။ မိဘ တွေအတွက် သားသမီးဆိုတာ ရေကြည် ချမ်းမြတစ်ပေါက်ကျဆိုသလို မမြင်ရခင် ကိုက သမီးလေးကို ပုံဖော်ကြည့်ရင်း ရင်ထဲအေးနေကြတယ်ဆိုတာမျိုးကို မိုနီကာတို့ ဇနီးမောင်နှံ့နှစ်ယောက်ခံစား နေကြတာပေါ့။ ဒီလိုနဲ့ ကလေးလေး(၆)လ လောက်ရလာတော့ တစ်ရက်မှာပုံမှန် အတိုင်းစစ်ဆေးနေကျ အာလ်ထရာ ဆောင်းရိုက်ခဲ့ပါတယ်။ သူတို့သွားပြနေ တဲ့ဆေးရုံက ဘာစီလိုနာမှာရှိတဲ့ Hospital Clinica ဖြစ်ပြီး ဒီဆေးရုံဟာ သန္ဓေသားခွဲစပ်မှုအရာမှာ ကမ္ဘာ့အ ကောင်းဆုံးအဆင့်(၅)အတွင်းဝင်တဲ့ အဆင့်မြင့် ဆေးရုံကြီးပါ။ ယခင်အကြိမ် တွေ အာလ်ထရာဆောင်းရိုက်ခဲ့ကြတုန်း က ပုံမှန်ဖြစ်ခဲ့ပေမယ့် ဒီတစ်ခါရိုက် တော့ထွက်လာတဲ့ရလဒ်ကို ကြည့်ပြီး တာဝန်ကျဆရာဝန်မျက်လုံးပြူးသွားခဲ့ ရပါတယ်။ ကလေးရဲ့လြွေပန်ဟာ အဆုတ်နဲ့တိုက်ရိုက်ဆက်သွယ်နေခြင်းမ ရှိဘဲ အသက်ရှုရာမှာ မဖြစ်နိုင်လုနီးပါး အခြေအနေမျိုးဖြစ်နေတာကို စစ်ဆေး တွေ့ရှိခဲ့ကြတာပါ။ ]ဒီကလေးရဲ့ အခြေအနေကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ ချက်ချင်းပဲခွဲ စိတ်ဖို့ အမြန်ဆုံးပဲ စီစဉ်ခဲ့ကြတာပါ။နည်းနည်းလေး နောက်ကျတာနဲ့ အသက်အန္တရာယ်ရှိနိုင်တာကြောင့် ဒီလိုစီစဉ်ခဲ့ရတာပါ။ တကယ် လို့ အဲဒီအချိန်တုန်းက မခွဲစိတ်ခဲ့ဘူးဆိုရင် ဒီနေ့ဒီအချိန်မှာ ဒီကလေးအသက်ရှင် နေနိုင်မှာ မဟုတ်တာသေချာပါတယ်။ ဒီလို မိခင်ဝမ်းအတွင်း လြွေပန်ခွဲစိတ် ခံခြင်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအ ကြိမ်မြောက် အောင်မြင်စွာခွဲစိတ်နိုင် ခဲ့တာလဲဖြစ်ပါတယ်။ ဒီအတွက်လဲ ဂုဏ်ယူမိနေပါတယ်ဗျာ" လို့ ကာရိုမီး နက်စ်လေးကို ခွဲစိတ်ရာမှာ ဦးဆောင်ခဲ့ သူ ဒေါက်တာအက်ဒ်ဝပ်ဂရာတာကို့စ် က ပြောပြခဲ့ပါတယ်။ အခုဆိုရင်ဖြင့် (၁)နှစ်(၄)လ အရွယ်ရောက်နေပြီဖြစ်တဲ့ ကာရိုမီး နက်စ်လေး တစ်ယောက်ပျော်ပျော် ရွှင်ရွှင်နဲ့ မိဘနှစ်ပါးနဲ့အတူ နေထိုင် နြတျလျက်ရှိနေပါပြီ။ မွေးဖွားလာပြီး တဲ့ နောက်မှာ အပြီးသတ်ခွဲစိတ်မှုအချို့ ပြုလုပ်ခဲ့ရပေမယ့် ပြသနာတစ်စုံ တရာမပေါ်ပေါက်ခဲ့ဘဲ အားလုံးချော မွေ့စွာပြီးစီးခဲ့ကြောင်းလည်း သိရ ပါတယ်။ ဒီကလေးမလေးရဲ့အမည် အပြည့်အစုံက အဲလ်တိုက်ဇ်ကာ ရိုမီးနက်စ်ပါ။ အဲလ်တိုက်ဇ်ဆိုတဲ့ စကားလုံးဟာ စပိန်ဘာသာကွဲတစ် ခုဖြစ်တဲ့ ဘက်စ်ကွီး ဘာသာအရ ဆိုရင် ပျော်ရွှင်ခြင်းလို့ အဓိပ္ပါယ်ရ ပါသတဲ့။ ဒါဆိုရင်တော့ ကလေး မလေးကာရိုမီးနက်စ် ဘဝတစ် လျှောက်လုံးဟာ အခက်အခဲတွေကို ကျော်လွန်ပြီးတဲ့နောက်မှာ ပျော်ရွှင် ခြင်းတွေကို နာမည်နဲ့လိုက်ဖက်စွာ ပဲခံစားရပါစေလို့ဆန္ဒပြုရင်း . . .။               http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif