““ကိုးနာရီလောက်ကနေ ဆယ့်နှစ် နာရီ လောက်အထိ လမ်းမပေါ်မှာ ပရိတ်သတ်တွေအပြည့်ပဲ။နိုင်ငံခြားသားဧည့်သည်တွေလည်းလာကြတယ်။ဓာတ်ပုံတွေ ရိုက်ကြတယ်။ အခြားမြို့တွေကော၊မြို့ခံတွေရောဆိုတော့ လမ်းတောင် ဘုရား ဖူးကားတွေ၊ ဧည့်ကားတွေတောင်မနည်းစောင့်ပြီး သွားကြရတယ်””ဟု ဒေသခံ တစ်ဦးပြောပါသည်။
အခမ်းအနားကို အစီအစဉ် (၁၃)ခုဖြင့်ကျင်းပခဲ့ပြီးအခမ်းအနားမှူးအဖြစ်သတင်း၊မှတ်တမ်းပြန်ကြားရေးတာဝန်ခံဦးမြင့်ခိုင် မှ ဆောင်ရွက်ကာ ၊ယာယီအလုပ် အမှုဆောင် ဥက်္ကဋ္ဌဦးတင်ငွေ မှအမှာစကားပြောကြားခဲ့ပြီး၊ဒုဥက်္ကဋ္ဌ ဦးမြင့်ဦး၊ဦးလှကိုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအကြိုနေ့တွင် ညောင်ဦးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရံပုံငွေအရောင်းဆိုင်တွင် ၀ယ်ယူအား ပေးသူများ များပြား ခဲ့ကြောင်း လည်းသိရသည်။ http://www.yoyarlay.com/local-news/






0 comments:
Post a Comment