http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

ကိုယ် ကတော့ လမ်းဖောက်သူပဲ ဖြစ် ချင် တယ် ဆို တဲ့ မို့မို့မြင့်အောင်

ကိုယ်ကတော့ လမ်းဖောက်သူပဲ ဖြစ်ချင်တယ် ဆိုတဲ့ မို့မို့မြင့်အောင်ဆယ်စုနှစ် များစွာကို ဖြတ်သန်းကာ အောင်မြင် ကျော်ကြားမှုနဲ့ နေရာတစ်ခုမှာ ပရိသတ် အခိုင်အမာ ရယူပြီး အနုပညာ ခရီးလမ်း ဖြတ်သန်းမှု တစ်လျှောက် မှော်ဆန်တဲ့ သရုပ်ဆောင် ပညာနဲ့ ဇာတ်ရုပ်၊ ဇာတ်ကောင် တွေရဲ့စီးမျောရာ အကယ်ဒမီ မို့မို့မြင့်အောင် ဆိုတာ အနုပညာ လောကထဲ လမ်းဖောက်သူပဲ ဖြစ်ချင်တယ် လို့ ပြောလာခဲ့ပါတယ်။
အနုပညာ လောကထဲသို့ ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစား ကြတဲ့အခါ နီးစပ်ရာ ပတ်ဝန်းကျင် နဲ့တစ်မျိုး၊ ငွေကြေးနဲ့တစ်ဖုံ သွေးတိုးစမ်းရုံ ဝင်လာ ကြတာ ရှိသလို ဝါသနာအရ ခြေစုံ ပစ်ဝင်လာကြတဲ့ သူတွေလည်း ရှိပါတယ်။ ရှေ့က လျှောက်သူတွေ နောက် ခြေရာကောက်လို့ လိုက်ခဲ့ကြသူတွေနဲ့ လမ်းလျှောက်ရင်း လမ်းပျောက် နေ ကြတဲ့ သူတွေလည်း ရှိတာကြောင့် အနုပညာ လောကထဲ ရှင်သန် ရပ်တည် ကြဖို့အတွက် ပေးဆပ်နေရတဲ့ အနုပညာကို မို့မို့မြင့်အောင်က အခုလို ဖွင့်ဆို လာပါတယ်...
ရုပ်ရှင် ဗီဒီယို ဈေးကွက်ကို အေးစက်စေတဲ့ အချက်နဲ့ ပတ်သက်ပြီး
"ဇာတ်ကားရိုက်ကူး ထုတ်လုပ်မှုတွေ ကုန်ကျ စရိတ်များလို့ ဆိုပြီး အကြောင်း ပြကြ တာလည်း ပါတာပေါ့။ မမို့တို့ကို ပိုတောင်းသလား ဆိုတော့လည်း အရင်ထဲက ဒီအတိုင်းပါပဲ။ နယ်ဈေးကွက်ပဲ ဖြစ်ဖြစ် မြို့ဈေးကွက်ပဲ ဖြစ်ဖြစ် ပရိသတ် လက်ခံနေရင် ဈေး ကွက်ဆိုတာရှိတယ်။
ထုတ်လုပ်သူတွေ အပိုင်းက ဇာတ် ကားတစ်ကားရဲ့ ကုန်ကျစရိတ်ကိုရဖို့ ပြန်ရှာရတာ မလွယ်ဘူး။ ခိုးကူးတွေနဲ့ ပြန်ရှာဖို့ ခက်နေတာ ကိုလည်း ကိုယ်က ထုတ်လုပ်သူ တွေ ဘက်က ကိုယ်ချင်းစာကြည့် တယ်။ အနုပညာကြေးတွေကို သရုပ်ဆောင်တွေဘက် က ခေတ်အခြေအနေအရ ပိုတောင်းနေကြတယ်ဆိုတာ မျိုးကတော့ မဟုတ်ပါဘူး။ တောင်းတိုင်းလည်း ရတာ မဟုတ်ဘူးလေ။
အနုပညာကိုပဲ အဓိကထားလုပ်နေကြ တဲ့သူတွေအနေနဲ့ကတော့ ဒီအပေါ်မှာ အားစိုက်ပြီး လုပ် နေကြတာပါ။ တချို့ကလည်း ပုံမှန်လုပ်နေကြတဲ့ အ လုပ်တစ်ခုကိုပဲ ဆက်သွားနေကြတယ်။ တချို့က ဇာတ် ရုပ်ရှိနေသေးလို့ ဒီလိုမျိုးရပ်တည်နေကြတာ။
ဒီအလုပ် ကို ဝါသနာအရ လုပ်နေကြတဲ့သူတွေလည်းပါတာပေါ့။ မမို့တို့ ဇာတ်ကားတွေကို ပုဂ္ဂလိကရုပ်သံလိုင်းတွေက ပြပေးနေလို့ဆိုတာကလည်း ဈေးကွက်ကို ထိခိုက်စေတဲ့ အထဲမှာပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ပရိသတ်ကြားက အဆက်အသွယ်ပြတ်မသွားအောင် လုပ်ပေးနေတာကို ပဲ ကျေးဇူးတင်ရမလိုလို၊ ကိုယ်မှ အရင်လို အနု ပညာအရ အခွင့်အရေးတွေမရှိကြတော့တာလေ။
အရင် က အနည်းဆုံး(၈)လနဲ့ တစ်နှစ်ကြား ကားရိုက်စီထား ကြတာတွေတောင် မရှိတော့ဘူး။ အရင်ကကိုယ့် ကို ကားရိုက်လုနေတာမျိုးတောင်မရှိတော့ဘူး။ တစ်ကား ရိုက်ချင်တယ်ဆိုတာမျိုးပဲရှိတော့တယ်။ ဈေးကွက်တွေ က ခိုးကူးကြောင့်ပျက်ကြတော့ ထုတ်လုပ်သူတွေ ဘက် က တစ်ကားနဲ့တစ်ကားငွေပြန်ရှာရတာ ပြန်ပေါ်မလာ ဘူး။
အနုပညာ သက်သက်နဲ့ ဆက်လှုပ်ရှားနေကြတာ လည်းရှိတာပေါ့။ အရင်က တစ်ကိုယ်တော်ရိုက်ရတဲ့ ကားမျိုးတောင် အခုနယ်ဈေးကွက်ပျက်လာတော့ ရိုက် ရတာ ရှားလာပြီ။ ကိုယ်ကသရုပ်ဆောင်ဖြစ်နေတဲ့ အ တွက် ဒီဟာကိုအပြစ်ပြောလို့လည်း မဖြစ်ပြန်ဘူးလေ။ တကယ်ခိုးကူးကိစ္စတွေ၊ ဈေးကွက်ထိခိုက်တာတွေ မရှိရင်တော့ တောင်းသင့်သလောက် တောင်းကြပေါ့။ ဈေးကွက်မကောင်းတော့ အနုပညာကြေးတောင်းဖို့ကို ပရိုဂျူဆာဘက်တော့ ပြန်ကြည့်သင့်တာပေါ့"
ဈေးကွက် ပျက်ပျက်၊ မပျက်ပျက် ကိုယ့်ဘက်က အား ထုတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်...။
"ဈေးကွက် ပျက်လည်း ကိုယ့်အနုပညာမပျက် ဖို့တော့လိုတယ်။ အားထုတ်ရမယ်၊ ကိုယ့်အနုပညာ ကောင်းအောင်လုပ်ရမယ်။ ဈေးကွက် ပျက်နေတာပဲ ဆိုပြီး ပေါ့ပျက်ပျက် လုပ်လို့မရဘူး။ ခိုးကူးကလည်း ရှိနေ တယ်။ အနုပညာအရည်အသွေးကလည်းကျနေမယ်ဆို ရင်တော့ ပရိသတ် လက်ထဲရောက်ဖို့ ဆိုတာ မလွယ်ဘူး။ မမို့တို့ဆိုလည်း ငါ့အနုပညာလေး အားထုတ်ဖို့လိုတယ် ဆိုပြီး လုပ်နေတာပဲ။
ငွေရေးကြေးရေးက အဓိကမဟုတ် ပေမယ့် ရပ်တည်မှုနဲ့ လည်ပတ်ဖို့အတွက် ငွေရေးကြေး ရေးက လိုသင့်သလောက်လိုတာပေါ့။ အဆင်ပြေသလို ရပ်တည် နေကြတယ် ဆိုပေမယ့် ဖောက်ထွက်ဖို့ ဆန်းသစ်ဖို့ လုပ်နေကြတဲ့ သူတွေလည်း ပါတယ်။ တကယ်ကြိုး စားနေကြတဲ့သူတွေလည်းပါတယ်။
မမို့တို့က အနုပညာ လောကထဲမှာ လမ်းလျှောက်ဖို့ လမ်းဖောက် ခဲ့တယ်။ သူ များတွေက လမ်းလျှောက်တာ ကိုယ်ကလမ်း ဖောက်သူ ပဲ ဖြစ်ချင်တာ။ ဒီတော့ လမ်းဖောက်သူ၊ လမ်းလျှောက် သူ လမ်းပျောက်သူတွေထဲမှာ ကိုယ်ဟာဘာလဲဆိုတာ တော့ သိထားဖို့လိုတယ်။ ကိုယ်ပိုင်အနုပညာအတွက် ဝမ်းစာကောင်းတဲ့ အာမခံချက် မရှိရင် ပရိသတ်ကြားမှာ ရှင်သန်ရပ်တည်သွားဖို့ဆိုတာ မရှိဘူး။  
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif