http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

နျူလက်နက် များအရေး မြောက်ကိုရီးယားနှင့် အီရန်အား အိုဘားမား သတိပေး


နျူလက်နက် များအရေး မြောက်ကိုရီးယားနှင့် အီရန်အား အိုဘားမား သတိပေးနျူကလီးယားထိပ်သီး  ဆွေးနွေးပွဲ တစ်ရပ် အတွက် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေသော အမေရိကန်သမ္မတ ဘားရက် အိုဘားမား က နျူကလီးယား လက်နက်များကို လက်ရှောင်နေရန် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့အား သတိပေး ပြောကြားလိုက်ပြီး ထိုသို့မဟုတ်ပါက ၎င်းတို့အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးယူမှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရမည်ဟု ထုတ်ဖော် ပြောကြား လိုက်သည်။
တောင်ကိုရီးယား နိုင်ငံ ဟန်ကွတ် တက္ကသိုလ်တွင် စကားပြောကြားရာ၌ မစ္စတာအိုဘားမားက မြောက်ကိုရီးယား အနေဖြင့် စီစဉ်ထားသော တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ဆက်လက် လုပ်ဆောင်ပါက ၎င်း၏ အထီးကျန်မှုကို ပိုမို နက်ရှိုင်းသွားစေနိုင်ကြောင်း သတိပေး ပြောကြားသည်။ ထို့အပြင် ပိတ်ဆို့တားဆီးမှုများက တီဟီရန်၏ နျူကလီးယား အစီအစဉ်ကို နှေးကွေးသွားစေကြောင်း အိုဘားမားက ပြောသည်။ သို့သော် ယင်းကိစ္စမှာ ပူပန်စရာအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်နှင့် ရုရှားခေါင်းဆောင်များ တွေ့ဆုံချိန်တွင် အိုဘားမားက အီရန်ကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း စီအင်န်အင်န်သတင်းတွင် ဖော်ပြသည်။
အီရန်နိုင်ငံက နိုင်ငံတကာ တောင်းဆိုမှုများကို မလိုက်လျောဘဲ နျူကလီးယား လက်နက်များ ထုတ်လုပ်ခဲ့ပါက မည်ကဲ့သို့ အရေးယူမည်ကို သမ္မတ အိုဘားမားက တိတိပပ မပြောကြားခဲ့သော်လည်း အီရန် ခေါင်းဆောင်များအတွက် ထွက်ပေါက် မပေးသလောက်ပင် ဖြစ်ကြောင်း သိရသည်။ အီရန်နိုင်ငံ အနေဖြင့် အချိန်ကာလ၏ တောင်းဆိုချက်အရ(နျူကလီးယား ကိစ္စကို) လေးလေးနက်နက်နှင့် အရေးတကြီး အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုက်နာရမည့် အချက်များကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း အိုဘားမားက ပြောကြားသည်။ Ref: CNN                          http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif