ကမ္ဘောဒီးယား နိုင်ငံရှိ အန်ကောဝပ် ဘုရားကျောင်းနှင့် ပုံစံတူ အရွယ် အစားတူ ဘုရားကျောင်း တစ်ကျောင်းအား အိန္ဒိယနိုင်ငံ တွင် ဆောက်လုပ်ရန် ဟိန္ဒူဂေါပက အဖွဲ့တစ်ဖွဲ့၏ ဆုံးဖြတ်ချက်မှာ ရှက်စ ရာကောင်းသော လုပ်ရပ်ဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုး ရက ပြောကြားသည်။
ကမ္ဘောဒီးယား နိုင်ငံ၏ လူသိအများဆုံး အဆောက်အအုံနှင့် ကမ္ဘောလှည့်များ အဓိက ဆွဲဆောင်ရာ ဘုရားကျောင်းအား တုပဆောက်လုပ်ခြင်းမှာ ဘုရားကျောင်း၏ ရှေးဟောင်း အမွေအနှစ်တန်ဖိုး လျော့ကျသွားအောင် တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဖေးဆီဖန်းက ပြောကြားသည်။ “အန်ကောဝပ်က အန်ကောဝပ်ပါပဲ။ တစ်မူကို ထူးခြားနေပါတယ်“ ဟု ၁၉၉၂ ခုနှစ်တွင် ကမ္ဘော့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ခဲ့သော ဘုရားကျောင်းအား ရည်ညွှန်း၍ မစ္စတာ ဖေးဆီဖန်းက ပြောသည်။
“သူတို့ဒါကို ဆောက်လုပ်တာဟာ ကမ္ဘောရှေးဟောင်း အမွေအနှစ်ဆိုတဲ့ အယူအဆကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကမ္ဘောပေါ်မှာ အန်ကောဝပ် နှစ်ခုရှိတယ်လို့ ရောထွေးစေမှာ မဟုတ်ပါဘူး” ဟု ကမ္ဘောဒီးယား ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ဘီဟာ မဟာဗာ မန်ဒါ ဂေါပက အဖွဲ့ဟု ခေါ်သော ဟိန္ဒူအဖွဲ့အစည်း တစ်ရပ်က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကန်ဒေါ်လာသန်း ၂၀ အကုန်အကျခံ တည်ဆောက်မည့် အန်ကောဝပ်ပုံစံတူ ဘုရားကျောင်းကို စတင် ဆောက်လုပ်နေကြောင်း သိရသည်။ ယင်းကိစ္စကို အိန္ဒိယအစိုးရအား အသိပေး တင်ပြခြင်းဖြင့် စိုးရိမ်ပူပန်မှုကို ဖော်ထုတ်မည်ဟု ကမ္ဘောဒီးယား ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ http://www.yoyarlay.com
0 comments:
Post a Comment