"အထင် မကြီးရင် အချစ်မရှိ၊ မလေးစားရင် အချစ်မရှိ" သိုးဆောင်း စကားပုံ အချစ်ဟာ ယဉ်ကျေးတဲ့ လူ့ အဖွဲ့အစည်းရဲ့ အကောင်းဆုံး ဆုလာဘ် ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဟောင်းနွမ်းတဲ့ အဆောက် အဦတွေ ပြိုကျ ပျက်စီး သွားချင် သွားမယ်။ နိုင်ငံတွေ ပြိုကွဲချင် ပြိုကွဲ သွားမယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာက တော့ ခေတ်ကာလ အဆက်ဆက်ကို ဖြတ်သန်းပြီး ရှင်သန် နေဆဲပါပဲ။ လူတော်တော် များများ ပြောကြတဲ့ စကားရှိပါတယ်။
"ပိုက်ဆံ မချမ်းသာ ချင်နေပါစေ .. စိတ်ချမ်း သာရင် တော်ပါပြီ" ဆိုတဲ့ စကားပါပဲ။ ဟုတ်ပါတယ်။ ပိုက်ဆံ တွေတော့ အထပ်လိုက် ကိုင်နေ ရပါရဲ့။ စိတ် မပျော်ဘူး ဆိုရင် ဘဝက နေပျော် စရာ မကောင်း တော့ပါဘူး။
လူသား တွေရဲ့ ပျော်ရွှင်မှုကို ချစ်ခြင်း မေတ္တာကသာ ဖန်တီး ပေးနိုင် မှာပါ။ ဒီလို စဉ်းစား ကြည့်ရ အောင်ပါ။ မိသားစုနှစ်ခုဆိုပါတော့။ ပထမ တော့ မိသားစုက ပိုက်ဆံချမ်းသာ တယ်။ တိုက်နဲ့နေရတယ်။
ငွေ နောက်ပဲ လိုက်နေတော့ မိသားစု အတွက် အချိန်မပေးနိုင်ဘူး။ မိ သားစု စုံစုံညီညီ ထမင်းမစား နိုင်ကြဘူး။ တစ်အိမ်တည်း နေကြပေမယ့် သူစိမ်း ဆန်နေကြတယ် ဆိုရင် ဒီမိ သားစုဟာ ပျော်စရာကောင်းတဲ့ မိ သားစု မဟုတ်တော့ဘူးပေါ့။
ဒုတိယ မိသားစုက ပိုက်ဆံတော့ သိပ် မချမ်းသာဘူး။ လူလတ်တန်းစားပဲ ဆိုပါတော့။ အိမ်က ပျဉ်ထောင် သွပ်မိုးအိမ်လေးမှာပဲနေတယ်။ ဒါ ပေမဲ့ မောင်နှမ တွေ တစ်ယောက် နဲ့ တစ်ယောက်ချစ်ကြတယ်။
မိဘ က သားသမီးအတွက် အချိန်ပေး တယ်။ မိသားစုစုံစုံညီညီ ထမင်း စားကြတယ်ဆိုရင် ပျော်စရာ ကောင်းတဲ့ မိသားစုပါပဲ။ "လူဆိုတာက တစ်ယောက် တည်းနေလို့မရတဲ့ သတ္တဝါ" ဆိုတဲ့ စကားရှိပါတယ်။
ကိုယ့်ချစ်သူ၊ ခင် မင်သူမရှိတဲ့ ဘဝဟာ အချည်းနှီး ပါ။ ဒါကြောင့် အချိန်တန် အရွယ် ရောက်လာရင် ချစ်သူရှာကြတာ သ ဘာဝပါပဲ။ အရေးကြီးတာက ဘဝ အတွက် ရွေးချယ်မှုမမှားဖို့ပါပဲ။ ပညာမတတ်တဲ့သူ၊ အချောင်ခို တတ်တဲ့သူ၊ လောင်းကစားဝါသနာ ပါတဲ့သူ တွေကို ချစ်သူအဖြစ်ရွေး ချယ်မိရင် ဖြစ်လာမယ့် ဆိုးကျိုးကို ကိုယ်ပဲ ခံစားရမှာပါ။
အချစ်ဟာ စွမ်းပကားကြီးမား ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းရဲ့ စွမ်း ပကားကို မှန်မှန်ကန်ကန်အသုံးချ တတ်ဖို့ အရေးကြီးပါတယ်။ ချစ် တာနဲ့ မိုက်ရူးရဲဆန်တာက တခြား စီဖြစ်ပါတယ်။ ကိုယ့်ချစ်သူက ဘယ် လိုလူစားဆိုတာ သေသေချာချာ မလေ့လာဘဲနဲ့ ဇွတ်မှိတ်ယုံတာမျိုး မဖြစ်သင့်ပါဘူး။
ကိုယ့်ရွေးချယ်မှု မှန်ခဲ့ရင် ကိုယ်ပဲ "စံ" ရမှာဖြစ်ပြီး ကိုယ့် ရွေးချယ်မှုမှားခဲ့ရင် ကိုယ်ပဲ "ခံ" ရမှာ မမေ့ပါနဲ့။ တချို့မိဘတွေရှိပါတယ်။ သားသမီးအပေါ် အရာရာ ချုပ် ချယ်တတ်ကြတာတွေပေါ့။ ကိုယ့် သားသမီးကို ဆင်စီးပြီး မြင်းရံတာ ကို မိဘတိုင်းက လိုလားကြပါ တယ်။
ဒါပေမဲ့ သားသမီးအပေါ် ကိုင်တွယ်တာမမှန်ခဲ့ရင် ဆင်းနင်း ပြီး မြင်းကန်ခံရတတ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ သမီးတွေပါ လာရင် ဟိုမသွားနဲ့၊ ဒီမသွားနဲ့ ဆို ပြီး ချုပ်ချယ်မယ်။ အိမ်တွင်းပုန်း တွေလိုပဲ နေခိုင်းမယ်။ အပြင်ထွက် အလုပ်မလုပ်ခိုင်းဘူး။ အဲသလိုနဲ့ လူငယ်တွေရဲ့ စပ်စုလိုစိတ်၊ စူးစမ်း လိုစိတ်ပိုများလာပါတယ်။ မသွားနဲ့ ဆိုမှ သွားချင်လာတယ်။ မလုပ်နဲ့ ဆိုမှ လုပ်ချင်လာတယ်။
အဲဒီအခါ ကိုယ့်သားသမီးက တွေ့ကရာလူနဲ့ ကြိုက်သွားပါလေရော။ ဒါကြောင့် တစ်ခုလပ်နဲ့ ခိုးရာလိုက်တဲ့ ဇာတ် လမ်းတွေ၊ လင်ရှိ မယားလို့ အိမ် ထောင်သည်မျိုးနဲ့ ကြိုက်တဲ့ ဇာတ် လမ်းတွေရှိနေတာပေါ့။
ချစ်သူတစ်ယောက်အနေနဲ့သာမက ဘဝလက်တွဲဖော်အဖြစ်ပါ ရွေးချယ်မယ်ဆိုရင် ကိုယ့်ချစ်သူရဲ့ ရုပ်ကိုသာမက စိတ်ကိုပါ ကြည့်မြင် တတ်ဖို့လိုအပ်ပါတယ်။ ရုပ်ကလေး ကတော့ ချောပါရဲ့ စိတ်ထားမ ကောင်းဘူးဆိုရင် ဘယ်လိုလုပ် မလဲ။ အနိုင်ကျင့်ချင်တဲ့စိတ်၊ ဗိုလ် ကျချင်တဲ့စိတ်တွေများနေရင် ဘယ် လိုလုပ်မလဲ။
ချစ်သူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အထင်ကြီးဖို့ လေးစားဖို့က အရေးကြီးပါတယ်။ ကိုယ့်ချစ်သူကို ကိုယ်ကမှ အထင်မကြီးရင် ဘယ်သူတွေ အထင်ကြီးမှာလဲ။
ကိုယ့်ချစ်သူကို ကိုယ်ကမှ မလေးစားရင် ဘယ် သူက လေးစားမှာလဲဆိုတာ သတိ ပြုစရာပါ။ သူ့မှာရှိတဲ့ ကောင်းတဲ့ အရည်အချင်းကို အသိအမှတ်ပြု ပေးရပါမယ်။
ဥပမာ--ကိုယ့်ချစ်သူ က စာရေးတာဝါသနာပါရင် သူ့ ဝါသနာကို အားပေးပါ။ သူရေး ထားတဲ့ စာ၊ ကဗျာတွေကို ဖတ်ပြီး အကြံပေးပါ။ ပန်းချီဆွဲတာဝါသနာ ပါရင် သူဆွဲထားတဲ့ ပန်းချီကားကို ချီးကျူးပါ။
ဘယ်လိုဆွဲရင် ပိုကောင်း မလဲဆိုတာက အကြံပေးပါ။ "စာတိုပေစတွေရေးနေလို့ ဘာဖြစ်လာမှာလဲ.. ဆင်းရဲတွင်း ထဲ ခုန်ချနေတာလား" လို့ပြောရင် အထင်မကြီးမှုကို ဖော်ပြလိုက်တာ ပါပဲ။ "ပန်းချီဆွဲရအောင် ရှင်က နာ မည်ကြီးဖြစ်လာမှာမို့လား .. အလကား ဆေးကုန်စုတ်တံတုံးပဲ ဖြစ်မှာ" ဆိုတဲ့ စကားမပြောသင့်ပါ ဘူး။
တစ်ယောက်ရဲ့ ဝါသနာကို တစ်ယောက်က အသိအမှတ်ပြုရ ပါမယ်။ ချစ်သူကနေ ကိုယ့်ကို အ ထင်ကြီးဖို့ လေးစားဖို့အတွက် ကိုယ့် ဘက်ကလည်း အထင်ကြီးအောင်၊ လေးစားအောင် နေတတ်ဖို့လည်း လိုပါတယ်။
ဒါကြောင့်"အထင်မ ကြီးရင် အချစ်မရှိ၊ မလေးစားရင် အချစ်မရှိ" ဆိုတဲ့ စကားအတိုင်း ချစ်သူတွေကြားမှာ အပြန်အလှန် အထင်ကြီးမှု လေးစားမှုရှိသင့်တယ် လို့ စကား လက်ဆောင် ပါးပါရစေ။
ပန်းပွင့်ကဗျာ http://www.yoyarlay.com
0 comments:
Post a Comment