http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

သူ့ဘက် ကိုယ့်ဘက် နည်းနည်း ညှိပေးပါ


သူ့ဘက် ကိုယ့်ဘက် နည်းနည်း ညှိပေးပါKeep the eyes wide open before marriage and half shut afterward. (Thomas Fuller) အိမ်ထောင်မပြုချင် မျက်စိ ကျယ်ကျယ်ဖွင့်ထားပါ။ ပြုပြီးရင် တော့ တစ်ဝက် ပိတ်ထားပါတဲ့။ ဒါက Thomas Fuller ရဲ့ စကားပါ။
အမှန်ပါပဲ အိမ်ထောင်မပြုခင် ပျို ရွယ်တုန်းအချိန်မှာ ကိုယ့်ဘဝတစ် သက်စာလုံးဆိုးတိုင်ပင်၊ ကောင်း တိုင်ပင် အတူနေထိုင်သွားမယ့်သူ ကိုရွေးချယ်တဲ့အခါ သူ့ရဲ့ ကောင်း ကွက်ထက် ဆိုးကွက်ကလေးတွေ ကို ပိုပြီးမြင်အောင်ကြည့်ပါ။
ဒါပေမယ့် လောကကြီးမှာ ချစ်တဲ့မျက်စိနဲ့ ကြည့်ရင်အားလုံးက လှနေတတ် တာဆိုတော့ ကိုယ့်ချစ်သူက ဘယ် လိုနေနေ ချစ်စရာ ကောင်းနေတတ် ပြန်တာကို၊ ပြီးတော့ အချိန်ယူပြီး သေချာလေ့လာပါ။
ခုခေတ်မှာက ခဏလေးတွေ့ မြန်မြန်ချစ် မြန်မြန် ယူဆိုတဲ့ မြန်မြန် ကာလကြီး ကလည်း ဖြစ်နေ တတ်ပြန်တာကိုး။ တစ်ယောက်နဲ့ တစ်ယောက် နှစ် ကိုယ်တူ ချစ်လို့ ဘဝတစ်သက်စာ လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးရင် နှစ် ယောက်သားရဲ့ဘဝကို အရိုးရှင်း ဆုံးအနေအထားနဲ့ သိထားပါစေ။ ကိုယ့်မှာရှိတဲ့ အနေအထား ထက် ပိုပိုပြီး မပြောထား ပါနဲ့။
တစ်ခါတစ်ရံ မှာ ကိုယ့်ကိုအထင်ကြီးခံချင်တဲ့စိတ် နဲ့ ပညာ၊ ဥစ္စာ၊ နေရာတွေကို ပိုပို ပြိးပြောတတ်ကြတဲ့သူတွေရှိတတ်ပါ တယ်။ သင့်ဘက်ကလည်း တကယ် ချစ်ပြီဆိုရင်ချစ်သူဆီမှာ အချစ်က လွဲပြီး တခြားဘာကိုမှ ပိုမိုပြီးမျှော် လင့်မထားပါနဲ့။
သူပြောပြတဲ့ သူ့ဆီ က အချက်အလက်တွေက သူ့ဆီ မှာ တကယ်ရှိတာဟုတ်ရဲ့လား၊ မဟုတ်ခဲ့ရင်အဲဒါလေးတွေကို ကိုယ် က ဘယ်လိုနားလည်ခွင့်လွှတ်ပေး မှာလဲဆိုတာ စကတည်းက တွေး ထားပါ။
အိမ်ထောင်ပြုခဲ့ပြီ ဆိုရင် အိမ်ထောင်မပြုခင် နှစ်ယောက်သား သာမန်တွေ့နေကျ အချိန်ထက် ပိုပြီး အရင်းနှီးဆုံး ထိတွေ့ခွင့် ရတော့မှာပါ။ အဲဒီအခါသင် ထင်မထားတဲ့ အသေးအဖွဲ အချက်အလက်လေး တွေတွေ့လာရနိုင်ပါတယ်။
သင်က အသန့်အပြန့် ကြိုက်တတ်သူမို့ သူ့ ကိုစတွေ့ခါစသူ့ရဲ့ သန့်ပြန့်တဲ့ ပုံစံ ကိုတွေ့စိတ်ဝင်စားပြီး ချစ်ရေးဆိုခဲ့ တာက သင်နဲ့အတူနေတဲ့အခါ သူက အပေါ်ယံလှပနေရုံသက် သက်ပဲအလှပြင်တတ်ပြီး ပြင်ပ လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ အခန်းတွင်းက သန့်ရှင်းရေးမလုပ် တတ်တာလုပ်ဖို့ မညွှန်ပြတတ်တာ၊ ဒါမှမဟုတ် ပုံမှန်ရေချိုးလေ့မရှိတာမျိုးကိုလည်းကြုံတွေ့ရလာနိုင်ပါ တယ်။
ကဲဒါဆိုဘယ်လိုလုပ်မလဲ သူကပုံမှန်အကျင့်ဖြစ်နေတာကို သင်ပြုပြင်ဖို့လုပ်မယ်ဆိုရင်တော့ အိမ်တွင်းစစ်သေးသေးလေးတွေ မကြာခင်မှာ လာပါတော့မယ်။ တစ်ခါတလေမှာ တချို့က ဇီဇာ ကြောင်တတ်ပါတယ်။
မျက်နှာသစ် လို့သွားတိုက်ဆေးဘူးညှစ်ရင်တောင် ခါးလယ်ကဖြတ်ညှစ်ထားလို့ စိတ်တို တဲ့ သူမျိုးတောင်ရှိပါတယ်။ မယုံမရှိ ပါနဲ့။ အပြင်ကပြန်လာတဲ့အခါ အိမ်ကဧည့်ခန်းထက် ကိုယ့်အိပ်ခန်း သေသပ်နေတာကို မြင်တွေ့ချင်တဲ့သူမျိုးလည်းရှိပါတယ်။
ဒါပေမဲ့ အိမ်ထောင်ဘက်က ဒါတွေကို သိပ်အလေးမထားဘဲ အပြင်ကပြန် လာတဲ့အခါ ခဏတစ်ဖြုတ်ဆိုပြီး အိပ်ရာပေါ်မှာ အပြင်ကပြန်လာတဲ့ ဝတ်စုံကိုချွတ်ပြီး တင်ထားတာမျိုး ဆို စိတ်ဆိုးတတ်ကြပါတယ်။
သင့်အိမ်ထောင်ဖက် အဲဒီလိုလူ ဆိုရင် ဒါမှမဟုတ် သင်ကိုယ်တိုင် က အဲဒီလိုအကျင့်လေးတွေရှိနေရင် တွဲလက်လေးတွေမြဲစေဖို့ ဒါလေး တွေဆင်ခြင်ပြီး ပြုပြင်လိုက်ပါ။-               http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif