http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

မတ်လ ၁၄ ရက်နေ့မှ စတင်ကာ နိုင်ငံခြား ဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချ

ပြည်တွင်း ကနေ နိုင်ငံခြားကို ခေါ်ဆိုတဲ့ ဖုန်းခနှုန်းထား တွေကို မတ်လ ၁၄ ရက်နေ့က စတင်ကာ လျှော့ချ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို လျှော့ချရာမှာ ဈေးနှုန်းများ အနေနဲ့ ပြည်တွင်းမှ တစ်ဆင့် အာဆီယံ နိုင်ငံများနဲ့ တရုတ်၊ အိနိ္ဒယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို ခေါ်ဆိုပါက ပထမ တစ်မိနစ်ကို ၁.၂၀ ဒေါ်လာနဲ့ နောက်တိုး ၆ စက္ကန့်တိုင်း အတွက် ၀.၁၂ ဒေါ်လာ၊ အာရှတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ခေါ်ဆို ပါက ပထမ တစ်မိနစ်ကို ၁.၄၀ ဒေါ်လာနဲ့ နောက်တိုး ၆ စက္ကန့်တိုင်း အတွက် ၀.၁၄ ဒေါ်လာ၊ အာရှတိုက် အလယ်ပိုင်းကို ခေါ်ဆိုပါက ပထမ တစ်နစ်ကို ၁.၈၀ ဒေါ်လာနဲ့ နောက်တိုး ၆ စက္ကန့် တိုင်းအတွက် ၀.၁၈ ဒေါ်လာ၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိက အစရှိတဲ့ နိုင်ငံတွေကို ခေါ်ဆိုပါက ပထမ တစ်နစ်ကို ၂.၄၀ ဒေါ်လာနဲ့ ထပ်တိုးတဲ့ ၆ စက္ကန့်တိုင်း အတွက် ၀.၂၄ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။


ဒါ့အပြင် ဂြိုဟ်တု ဆက်ကြောင်း နိုင်ငံများကို ခေါ်ဆိုရင်တော့ မိမိတို့ ခေါ်ဆိုတဲ့ နိုင်ငံအပေါ် မူတည်ကာ ၃.၅၀ ဒေါ်လာမှ ၆.၉၅ ဒေါ်လာထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံခြား ဖုန်းခေါ်ဆိုခ နှုန်းထားတွေကို လျှော့ချမှု ကိုတော့ ပြည်တွင်း မှာရှိတဲ့ အော်တို တယ်လီဖုန်းက တစ်ဆင့် ခေါ်ဆိုမှုတွေ အတွက် နှုန်းထားများကို လျှော့ချတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV-4               http://www.thithtoolwin.com/2012/03/blog-pos

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif