ကံ၏ အနက်အဓိပ္ပာယ် “ကံ” ဆိုသည်မှာ ပါဠိဘာသာ “ကမ္မ”မှ ဖြစ်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်မူဟု အဓိပ္ပာယ်ရသည်။ ထိုပြုလုပ်မူဟူသော ကံသည် - (က) ကိုယ်ဖြင့် ပြုလုပ်မူ (ကာယကံ)၊ (ခ) နူတ်ဖြင့် ပြောဆိုမူ (၀စီကံ)၊ (ဂ) စိတ်ဖြင့် ကြံစည်မူ (မနောကံ) –ဟူ၍ (၃) မျိုးရှိသည်။ ကံဖြစ်ပေါ်လာရန် စေတနာသည် အရင်းခံဖြစ်သည်။ စေတနာဟူသော စကားလုံးသည် ဗုဒ္ဓဘာသာ၏ မူပိုင်စကားလုံး ဖြစ်သည်။ စေတနာဟူသော စကားလုံး၏ တိကျသော အဓိပ္ပာယ်ကို အခြားမည်သည့် ဘာသာကမျှ ပြန်ဆိုဖော်ပြနိုင်စွမ်းမရှိ။ စေတနာသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မူ နူတ်မူ စိတ်မူတို့ကို ပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရားဖြစ်သည်။ မည်သည့် ပြုလုပ်မူကိစ္စမဆို စေတနာမပါလျှင် မထမြောက် မအောင်မြင်နိုင်။ စေတနာပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်။ စေတနာသည် စိတ်ကို လူံ့ဆော် စေ့ဆော် နိုးဆော်ပေးတတ်၏။ စေတနာ နိုးဆော်မူအင်အားအလိုက် ပြုလုပ်မူ ကံတရားတို့ ဖြစ်ပေါ်လာရ၏။ စေတနာအားကောင်းလေလေ ကံတရားတို့ အားကောင်းထက်သန်လေလေ ဖြစ်သည်။ စေတနာသည် လွန်စွာ နူးညံ့သိမ်မွေ့သော တရားဖြစ်သဖြင့် သဘောပေါက်ရန် မလွယ်ပေ။ သို့သော် စိတ်ကို တွန်းအားပေးသူမှာ ထိုနူးညံ့သိမ်မွေ့သော စေတနာပင် ဖြစ်သည်။ စေတနာက နိုးဆော်တိုက်တွန်း၍ ကိုယ်နူတ်စိတ်တို့က ပြုလုပ်ပြောဆိုကြံစည်ကြသဖြင့် စေတနာရှေ့သွားရှိသော ကိုယ်မူ နူတ်မူ ကြံစည်မူ ကံဟူသမျှသည် စေတနာသဘောရှိသောကြောင့်လည်းကော ကံဟူသော အမည်သည် ကိုယ်မူ နူတ်မူ စိတ်မူတို့၏ အမည်ရင်းသာ ဖြစ်၏။ သို့သော်လည်း ကိုယ်မူ နူတ်မူ စိတ်မူများသည် စေတနာကြောင့်သာ ထမြောက် အောင်မြင်ရသောကြောင့် အကြောင်းရင်းခံ စေတနာကိုပင် ကံဟုဆိုရသည်။ ထို့ကြောင့် ကံတရားတို့ ဖြစ်ပေါ်လာရေးအတွက် စေတနာသည် အကြောင်းခံဖြစ်သည်။ “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ - ချစ်သားတို့ စေတနာကို ကံဟု ငါဘုရားဟောတော်မူသည်” ဟု မြတ်စွာဘုရား မိန့်တော်မူထားသည်။ ကံတရားတို့၏ အပြင်းအပျော့ အားကောင်း မကောင်းသည် လူံ့ဆော်ပေးတတ်သော စေတနာအင်အားပေါ် မူတည်သည်။ ထိုစေတနာသည် ပုဗ္ဗ စေတနာ၊ မုဉ္စ စေတနာ၊ အပရ စေတနာဟူ၍ သုံးမျိုးရှိသည်။ ကံတရားတစ်ခု ဖြစ်ပေါ်လာစေရန် လူံ့ဆော်မူစေတနာ တွန်းအားသည် သုံးမျိုးရှိသည်။ စေတနာသည် ကံတစ်ခုမဖြစ်မီ ကြိုတင်၍ တွန်းအားပေးသည်။ ကံကို ပြုဆဲခဏ၌လည်း တွန်းအားပေးနေသည်။ ထိုကံကို ပြုပြီးချိန်၌လည်း သုံးမျိုးရှိလာသည်။ စေတနာသုံးချက် ညီညွတ်စွာ ပြုလုပ်မှသာ အလုပ်တစ်ခု ကံတစ်ခု၏ အကျိုးပေးမူမှာ ပြည့်စုံအားကောင်းသည်။ စေတနာတစ်ချက်ချက် ပျက်ကွက်အားလျော့နေလျှင် ချို့တဲ့နေလျှင် ကံတရားတို့ ဖြစ်ပေါ်မူ အားလျော့ကာ အကျိုးပေးမူ ချွတ်ယွင်းတတ်လေသည်။ ဤလောက၌ ကံ ဉာဏ် ၀ီရိယ ဟူ၍ သုံးမျိုးရှိသည်။ ဉာဏ်ဝီရိယတို့မှာ ပေါ်လွင်ကြသဖြင့် အငြင်းမပွားကြသော်လည်း ကံနှင့်စပ်၍ ယုံသူ မယုံသူ ရှိလာသည်။ ကံ မယုံသူတို့သည် မိမိတို့ မယုံပါဆိုသည့် ကံကိုပင် နေ့စဉ်ပြုလုပ်နေကြသောကြောင့် မိမိကိုယ်ကို မိမိပင် ဆန့်ကျင်နေကြပြန်သည်။ လောကလူသားတို့ကို ကြည့်လျှင် လူတိုင်းသည် အချိန်တိုင်း အလုပ်လုပ်နေကြသည်။ အလုပ်လုပ်သဖြင့် လုပ်အားတန်ဖိုးကို ရရှိကြသည်။ ထိုအလုပ်သည် ကောင်းသောအလုပ်၊ မကောင်းသောအလုပ်ဟူ၍ နှစ်မျိုးရှိသည်။ မကောင်းသောအလုပ်ကို ပြုလုပ်ကြသဖြင့် လောကဥပဒေများအရ ငွေဒဏ် ကြိုးဒဏ် ကြိမ်ဒဏ် သေဒဏ်များခံကြရသည်။ ကောင်းသောအလုပ်များကို ပြုလုပ်ကြသဖြင့် ငွေကြေး၊ ဥစ္စာ၊ ဆုလာဘ် ပဏ္ဏာ၊ ရာထူးအာဏာတို့ တိုးပွားရရှိကြသည်။ ဤသို့လျှင် ကံဟုခေါ်သော အလုပ်များကို နေ့စဉ်နေ့တိုင်း အချိန်ရှိတိုင်း လူတိုင်း ပြုလုပ်နေကြသဖြင့် ကံ အကျိုးတရားများကို ရရှိခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကံသည် ဧကန်ပင်ရှိသော သဘောသဘာဝဖြစ်သည်။ ကံရှိနေ၍ ကံ၏ကောင်းကျိုး၊ ဆိုးပြစ်တို့ကို ခံစားနေကြရသည်။ ကံကို ငြင်းဆန်ကန့်ကွက်ရန် အကြောင်းမရှိပေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာ တရားတော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။ |
အကို ရေ... ပို့စ်လေးဖတ်သွားပါတယ် ခင်ဗျာ...
ReplyDeleteဗုဒ္ဓဘာသာဝင်တယောက်မို့ လည်း ကံ၊ ကံ၏အကျိုး
ကို ယုံကြည်သက်ဝင်ပါတယ် ခင်ဗျာ... ကံ နှင့် ပတ်
သက်တဲ့ အကျိုး၊ အပြစ် ကိုအခုထပ်မံ သိခွင့်ရလို့ကျေးဇူး
တင်ပါတယ် ခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး