”ဘုန်းတော်ကြီးလို့ သက်တော်ရှည်x x xတို့တစ်တွေ ရေချမ်းအိုးကြီး ..ဖလ်ပြာခွက် နဲ့ ကျောက်စက်ရေx x xအမောပြေအောင် တိုက်ပါမမ”
”သုဝဏ္ဏသွားမယ့်ဗိုက်ကြီးသည်x x x ဘတ်(စ်)ကားစောင့်ရတယ်…ဗိုက်ထဲက ကလေး လေးလပြေးx x x ဘတ်(စ်)ကားက မလာသေး”
”ဟေး ပိတောက်တွေပွင့်နေပြီဟေ့၊ ပိတောက်တွေပွင့်နေပြီ” အသံကုန် အော်လိုက်သည့်အတွက် အိပ်ရာကဖျတ်ခနဲနိုးသွားသည်။
”ဟား ပိတောက်တွေပွင့်ပြီဆိုပါလား”
အိမ်ရှေ့ကို ကမန်းကတန်းထွက်ပြီး ပိ တောက်ပင်ကြီးကိုကြည့်လိုက်ရာ မြစိမ်း ရောင်ပိတောက်ရွက်တွေကြားမှ ရွှေဝါရောင် ပိတောက်ပွင့်တွေ ဝေလို့ ဝေလို့ ဝေ…။
”သြော် ဟိုတုန်းက ခုလိုပန်းပိတောက် တွေပွင့်လျှင်ဖြင့်..” တစ်ခုခုကို သတိတရ လွမ်းဆွတ်မိသလို ဖြစ်သွားသည်။
သတိရစရာ…
လွမ်းစရာ….
တွေ့ချင်တမ်းတစရာများ…။ အားလုံးဟာအတွေးကွန်ချာမှာ ရစ်ဝဲ ရောက်ရှိလာကြသည်။

လွန်ခဲ့သည့်နှစ် ၃ဝနီးပါးက မြန်မာပြည် ကို တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေသောကာလ။ ပါးစပ်ပေါက်တွေအားလုံးပိတ်၊ မျက်လုံး တွေအားလုံးပိတ်၊ နိုင်ငံတကာနှင့် ဆက် ဆံ ရေး တံခါးပေါက်တွေအားလုံးပိတ်။ အားလုံး ပိတ်ခံထားရသည့်အတွက် ဖွင့်မိဖွင့်ရာဖွင့်ခဲ့ ကြသူများကို သတိရမိခြင်းဖြစ်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဟူသည် နိုင်ငံရပ်ခြားများနှင့်မတူခြင်းများစွာရှိနေသည်။ပိတောက်ပွင့်ချိန်သည် မြန်မာနှစ် ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးသောတန်းခူးလ အခါဖြစ်သည်။ ထိုအချိန်မှာ သင်္ကြန်ပွဲ ကို ကျင်းပလေ့ရှိသည်။ မြန်မာ့ရိုးရာသင်္ကြန်အခါ သမယ၌ ကုသိုလ်ပွဲများ ပြုလုပ်ကြသလို၊ ပျော်ပွဲ၊ ရွှင်ပွဲများကိုလည်းပြုလုပ်ကြ၏။ကုသိုလ်ပွဲများမှာ သက်ကြီးရွယ်အိုများ ကိုခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက် သည်းများလှီးပေးခြင်း၊ သက်ကြီးပူဇော်ပွဲများ ပြုလုပ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း များအပြင် အက၊ အလှ၊ သဘာဝ၊ သံချပ်နှင့် စွယ်စုံဆုများပေးသည့်သံချပ်ကားပြိုင်ပွဲ များကိုလည်း (အထူးသဖြင့်) ရန်ကုန် တစ်မြို့လုံး၌ မြို့နယ် ဆုပေးမဏ္ဍပ်များ၊ ပုဂ္ဂလိက ဆုပေးမဏ္ဍပ်များဖြင့် ပြိုင်ပွဲ များ ကျင်းပပြီး ထိုက်ထိုက်တန်တန်ဆုများပေးလေ့ ရှိကြပါသည်။ပိတောက်နှင့်အတူယှဉ်တွဲ၍ ရောက် လာလေ့ရှိသော ဆုပေးမဏ္ဍပ်များ၊ ပြိုင်ပွဲဝင် အလှပြကား၊ သံချပ် ပြိုင်ကားများကို ထင်ယောင်၊ မြင်ယောင်၊ ကြားယောင်လာမိခြင်း ဖြစ်ပါသည်။ထိုစဉ်က တောင်ဥက္ကလာပမြို့နယ်တွင် ‘မြန်မာ့ရိုးရာ’ အလှပြသံချပ်အဖွဲ့ကို စတင် ဖွဲ့စည်း ခဲ့သူမှာ စံပယ်ဦး (ဦး)တင်စိုးဖြစ်ပါ သည်။ မှတ်မိသ၍ အဖွဲ့ဝင်များသည် ဖိုးသူတော်ဝတ်စုံများကို ဝတ်ဆင်ကြပြီး အာလူးများကို ပုတီးကဲ့သို့သီကာ လည်တွင်ဆွဲထား ကြပါသည်။ ထို့အပြင် တခြားအလှပြကားများမှာ ကိုတင်မောင်ဝင်း ဦးစီးသော ‘ဟုတ်ပါပေ့’။ ကိုခင်ဇော်၊ ကိုစိုးရတို့ဦးစီးသော ‘ဧပြီ ၁၃၊၁၄၊၁၅’။ ဂန္ထဝင်မောင်ဝိုင်း၊ ကိုမြင့် အောင်(ဗေလုဝ)တို့ဦးစီးသော ‘မောင်မောင် ဆိုလေထီးရိုးရှည်’။ ကိုစိုးလွင်နှင့် ကိုသံခဲတို့၏ ‘ဒဲ့ဒိုး’။ကိုကြည်တင်နှင့် ကိုလှဝင်းတို့၏ ‘မှန်သားထဲကမျက်နှာ’။ ကိုခင်မော င်မြင့်၊ ရဲဝင်း၊ရဲလင်းတို့၏ ‘တန်ခူးရေနှင့်မျော စေချင်’။ ကိုဝင်းတင်၊ ကိုသိန်းထွန်း(ဗိုက်ကြီး) တို့၏’ဒလ္လိန္ဒ’။ ကိုမြင့် လွင်(ကိုယ်တော်ကြီး)၊ ကိုမြတ်ဆိုင်ဦး၊ ကိုသန်းအောင် တို့၏ ‘ခြင်းကြားတုတ်ထောက်၊ထိရာပေါက်’ ။ ဦးလူပေါ (ရုပ်ရှင်သရုပ်ဆောင်) တို့၏ ‘အနန္တစွမ်းအားရှင်’။ ကိုလှမြင့်၊ ကိုတင်ငွေ၊ ကိုစိုးမြင့်တို့၏ ‘အိတ်ဖွင့်ပေးစာ’။ ကိုဇော် ဝင်း ၏’ရေစက်ချလို့အမျှဝေ’။ ကိုစိန်မြင့် (ဂျင်မီဇ ရက်)တို့၏’ဝိုးတဝါး’။ သျှင်အောင်ခင်၏ ‘သင်္ကြန်ပါမောက္ခ’။ဂီတစာဆိုမောင်ကြေးမုံ ၏ ‘သင်္ကြန်မင်းသား’၊ ‘မကောင်းသူ ထိပ် ကောင်းသူထိပ်’။ လူရွှင်တော်လေးမောင်တို့ ၏ ‘ပြည်သူ့တရားရှင်’။(ဦး)ဝင်းနိုင် (အနုပညာ)၊ ကိုအောင်ကျည်စိုးမြင့် (အ ဖောက်)တို့၏ ‘လေမျိုးရှစ်ဆယ်’။ ကိုကျော် မြင့်အောင်၊ ကိုမောင်မောင်ခင်တို့၏’ရွှေတံ ခါးကြီးဖွင့်ပါဦး’။ ကိုဝင်းအောင်တို့၏ ‘အနု လုံပဋိလုံ’။ကိုသန့်ဇင်(သုဝဏ္ဏ)တို့၏ ‘ကလေး စကား’တို့အပြင်ကိုမြင့် သိန်း(ကု သိုလ်) တို့၏ ‘ပြီးပါပြီ’။ ဒက်ဒီဂမုန်းတို့၏’ပစိပစပ်’။ ကိုမေတ္တာတို့၏ ‘နှစ်ဆယ်ရာစုမင်းသား ကြီး’၊’ဆ.ဆရာကြီး’။ ကိုသင်းနိုင်၊ ကိုဆန်း ဝင်း၊ကိုအောင်ဘော်တို့က’သစ္စာတ ရားခွင်’မှာ ပြိုင်ဆိုင်ကြပြီးမှ ကိုအောင်ဘော်တို့နှင့်တွဲကာ ‘အားနာလိုက်တာဟာ’ ကို ဖွဲ့စည်းပြိုင်ပွဲ ဝင်ခဲ့ကြသည်။ (မေ့လျော့ခြင်း၊ သတိမထားမိခြင်းစ သည့် အကြောင်း များကြောင့် တချို့မပါဝင် နိုင်သည်ကို ခွင့်လွှတ်ပေးစေလိုပါသည်) ထို့အပြင် ဘွာတေး၊ အမေ့သား၊ ရှားရှားပါး ပါး၊ တောက်တီးတောက်တဲ့၊ မဆိုသင့်လား ဆိုသင့်လား၊ တရေးနိုးသောကလေးဆိုးစသည့်အဖွဲ့များလည်းရှိပါသေးသည်။ထိုအဖွဲ့များမှ သံချပ်များကိုမှတ်မိသမျှ တင်ပြပေးလိုက်ပါသည်။ ”ဂါဝန်ဝတ်အရွယ်ငယ်ငယ်လေး (၁၃ )စောင့်ပါသေး၊ ကလေးတွဲလောင်းကျ မှတော့ သုဝဏ္ဏရောက်ပြီပေါ့” (သုဝဏ္ဏမြို့ သစ်သို့သွားသောကားစောင့်ရတာကြာကြောင်း ရေးသားထားသော သံချပ်ဖြစ်သည်)
ထိုစဉ်က ရပ်ကွက်လူကြီများကို စောင်း ချိတ်ရေးထားသော သံချပ်လည်းရှိသေးသည်။ ”ရပ်ကွက်ဘောပွဲစပါတယ်၊ စာရင်း ပေးကြတယ်။ ခြေတစ်ဖက်သိမ်တဲ့ ကော်မ တီသား စလက်ရှင်ဖြစ်လို့သွား”

ရပ်ကွက်သမဝါယမကို စောင်းချိတ်ပြီး ရေးခဲ့သောသံချပ်များမှာ
”ဒီနှစ်ဆောင်းတွင်အေးပါတယ်၊ အချမ်းပိုထူးတယ်၊ အနွေးထည်ရဖို့ မျှော် လင့်ထား လုပ်သားပြည်သူများ ဖလံထည် စကို မဲနဲ့ဖောက် မွှေးဆပ်ပြာတွေပေါက်”
”သမဝါယမ အစပထမ ကြွလာခါစ တော့ ဖိန့်ဖိန့်တုန် နောက်တော့မှအဖျားရှူး ကုန် ဟုတ်လေမလားယုံစားကာတည် ရှယ် ယာတွေဝင်ကြသည်” ဇာတ်သဘင်နဲ့ပတ်သ က်၍လည်း
”ဝင်းဗိုလ်၊ ဆန်းဝင်းဇာတ်ခုံထဲ အမျိုး သမီးတွေနှစ်တိုင်းကဲ… ဝင်းညီအစ်ကို နှစ်ယောက်ဖင်ပေါက်က အမျိုးသမီးတွေ ပိုးကရွ”
ထိုခေတ်က ငါးဦးကော်မတီတွေ စာမ တတ်သည့်အကြောင်းကို လှောင်ပြောင်ရာ တွင်
”သုံးယောက်ပေါင်းတောင် x x x လေး တန်းမပြည့်တဲ့ x x xရပ်ကွက် ကော်မတီငတိ ကိုယ့်နာမည်တောင်x x x စာလုံးပေါင်းမှန်အောင် x x xမပေါင်း တတ်ချာပါဘိ (ချာသည်)၄ ရက်ကွက်ထဲ မရှိရင် ကောင်းပေသည်”
မောင်ကြေးမုံ(ဟစ်တိုင်အဖွဲ့မှ သီချင်း)
”(သူများရဲ့နိုင်ငံတွေမှာ)၂
လကမ္ဘာလူတွေရောက် ရောက်ကြသတဲ့လေး
(ဒီလောက်တော့မမှုပါတယ်)၂
တို့ဗမာကိုသံဖြူက သူ့သားကိုလုပ်လို့ ပေး ဒုံးပျံလေးတဲ့လေး။
(သူများရဲ့နိုင်ငံတွေမှာ) ၂
ချယ်ရီးပန်းကိုသဘာဝ
အလှပြထားကြသတဲ့
ငါတို့ပြည်နိုင်ငံမှာ ဗမာသာကီမျိုးတို့ လုပ်လိုက်တာ ‘ပန်းမခူးရ’ဆို ဘယ့် နှယ်လဲဟေ့
ခူးသလားဟေ့(မခူးဘူး) ၂ ၊
မခူးဘူးလား ဟေ့ (ခူးတယ်)၂
-တို့ဖြစ်သည်။
ထို့ပြင် ဖောင်ပုံစံ၊ လှေကြီးပုံစံဖြင့် ဖွဲ့စည်း ထားသော အသင်းများလည်းရှိသေးသည်။ အညာဆန်လှေပုံစံကြီးနှင့် ‘ဧရာမြေမှ ရွှေညာမောင်’။ ဝါးဖောင်ကြီးကဲ့သို့အလှ ဆင်ထားသော ‘တောကသာဓု’။ ဒေါပုံမှ အမျိုးသမီးထုကလည်း လှေပုံစံနှင့်ပင်’ဒေါပုံမယ်’ဟူ၍ ပြိုင်ပွဲဝင်ခဲ့ကြသေးသည်။ ထို့အဖွဲ့များတွင် ထူးခြားသောအဖွဲ့များ လည်းရှိ ပါသေးသည်။ ၄င်းအဖွဲ့များမှာ ပိတ် ထားသောပါးစပ်များကို အတင်းဖွင့်ခဲ့ကြသော အဖွဲ့များဟု မှတ်သားခဲ့ရပါသည်။ တိုင်းပြည် ၏ ယိုပေါက်များ၊ အုပ်ချုပ်သူတို့၏ အမှား များ၊ ဟာကွက်များ၊တိုင်းသူပြည်သားတို့၏ လိုက်နာသင့်သည့်စည်းကမ်းများ၊ ဥပဒေများ ပျက်ကွက်လျှင် ပျက်ကွက်သလို ထင်ဟပ် ဖော်ပြခြင်းများကို ရဲရဲဝံ့ဝံ့ပြောကြ၊ ဆိုကြ၊ ဟစ်ကြွေးကြသည့်အဖွဲ့များဖြစ်ကြသည်။ထိုအချိန်က ပြည်သူ့စာပေတစ်ခေတ် ထူထောင်ခဲ့ကြသော ‘မိုးဝေမဂ္ဂဇင်း’မှ ကဗျာ ဆရာ၊ စာရေးဆရာများဖြစ်ကြသော ကိုအောင်ခြိမ့်၊ သခွပ်နီ၊ ကိုဟိန်းလတ်တို့ ဦးစီး ကြသည့် ‘နွေဦးရင်ခုန်သံ’၊’နွေပြတင်းမှ အလှကဗျာ’ သံချပ်ကားများသည်လည်း ပြည်သူ့ရင်ခုန်သံကို ကိုယ်စားပြုခဲ့ကြ သည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံတို့၊ ဗိုလ်အောင် ကျော်တို့ အကြောင်း စပ်ဆိုထားသော သူတို့၏ သံချပ်များက နှလုံးသွေးများကို ဆူပွက်စေသည်။ထိုအဖွဲ့များမှာ ကိုလြှ မင့်၊ ကိုအောင်မြင့် တို့၏ ‘ရှုထောင့်’။ ကိုအောင်တို့၏ ‘အထုခံ’။ လူငယ်ကြည်ခိုင်၊ ကိုတက်တိုးတို့၏ ‘ဝေလေ လေ’။ ကိုမြင့်၊ ကိုဝင်းလှိုင်(သမန်းကျား)တို့၏ ‘ခွပ်ဒေါင်းနီ’နှင့် ဦးစိန်ဝင်း (ကုန်သွယ်ရေး-၄)၊ ကိုအုန်းမြင့်၊ ကိုကံမြင့်တို့၏’ဟစ်တိုင်မှ ဟစ်လို့သာရယ်လိုက်ချင်’။ ဆရာဒေါင်းနွယ် ဆွေတို့ကလည်း ‘သခွပ်ပင်ကမီးတကျီကျီ’၊ ‘ပဒိုင်းပ င်ပေါ်ကအရူး’ တို့ကိုဖွဲ့စည်းကာရဲဝံ့ ထိရောက်သောသံချပ်များဖြင့် ပြိုင်ပွဲဝင်ခဲ့ကြ သည်။ ထို့ကြောင့် တချို့အဖွဲ့များဆိုလျှင် စထွက်သည့်နေ့ ပထမဆုံးသောမဏ္ဍပ်မှာ ပြိုင်ပွဲဝင်သည်နှင့် အချုပ်ထဲတန်းဝင်ရသည် များလည်း ရှိခဲ့ဖူးပါသည်။ စမ်းချောင်းမှ ကဗျာဆရာအုပ်စုဖြစ်သော ငါးသိုင်းချောင်းဝံ သာ၊ အညာတမာတို့၏ ‘ပိတောက် တစ္ဆေ’ဆို လျှင်လည်း အချုပ်နန်းစံခဲ့ကြဖူးသည်။ကိုဝင်းမြင့် (စဉ့်ကိုင်းစဉ့်အိုးကြီး)တို့က ‘မပြောတော့ဘူး’ ဆိုသောအမည်ဖြင့် ပြိုင်ပွဲ ဝင်ခဲ့ရာ အောင်မြင်ခဲ့သော်လည်း ၊ နောက်နှစ် တွင်ကိုဝင်းရွှေကတစ်ဖွဲ့ခွဲက ‘ပြောတော့မယ်’ ဟူသောအမည်ဖြင့် ပြိုင်ပွဲဝင်ခဲ့၏။ ကိုမြင့်သိန်း (ကုသိုလ်)နှင့် ကိုလှမြင့်တို့က ‘ပြီးပါပြီ’ ဟူ သော အမည်ဖြင့်ဟာ သဦးစားပေးပြိုင်ပွဲ ဝင်ခဲ့ ကြပြန်သည်။(ကိုမြင့်သိန်း(ကုသိုလ်)၊ မေတ္တာ၊ ကိုခင် ဇော်(ဒါရိုက်တာမီးပွား)၊ ကိုမြင့်အောင်(ဗေလု ဝ)တို့သည် သင်္ကြန်အလှပြကားများမှ ရုပ်ရှင် လောကသို့ရောက်ရှိပြီး အောင်မြင်နေကြသူ များဖြစ်နေကြပါသည်။) ‘အော်လိုက်ရမလား’ဟူသောအမည် ကိုခံယူကာ သူတို့အလှပြကားရှိဆိုင်းဘုတ် တွင် ရေး ထားသော စာသားကြောင့်လည်း သူတို့ကို လူသိများထင်ရှားစေခဲ့သည်။ ၄င်း မှာ… ”တုရင်းတောင်ပေါ်က ကြည့်လိုက်ရင် ပုဂံမြို့တွင်းဖြစ်ပျက်သမျှအားလုံးကို မြင်နေ ရတယ်၊ ‘အော်လိုက်ရမလား’ ” သူ့နည်းတူ ကိုခင်ဇော်(ဒါရိုက်တာမီးပွား) ပါဝင်ခဲ့သည့် ‘ဒိဗ္ဗစက္ခု’ သံချပ်ကားကလည်း သူတို့၏ ဒဿန ကိုရေးသားခဲ့ကြသည်။ ”ဤလော ကတွင် ငါတို့မကြားရသော အရာ၊ မမြင်ရသောအရာ၊ မသိသောအရာ ဟူ၍ ဘာဆိုဘာမှမရှိကုန်” ဖြစ်ပြီး ‘ဧပြီ ၁၃၊ ၁၄၊ ၁၅’ ကလည်း ”အမြင်သာမှန်ပါစေ၊ မိုးကိုမီးနဲ့ရှို့ မယ်၊မမှန်တာဆိုရင် ကလေးကအစ ဦးညွှတ်ခဲ့မယ်”ဟုဖြစ်သည်။ ထိုအသံများ၊ သံချပ်များ ပျောက်နေခဲ့ သည်မှာ ဆယ်စုနှစ်နှစ်ခုပင်ကျော်ခဲ့ပါပြီ။ အလွမ်းသည်သံချပ် သံကိုဖြစ်၏။ တွေ့ချင်နေ သည်က သံချပ်ပြိုင်ပွဲဝင်ကားများကိုဖြစ် သည်။ ငယ်ငယ်က နေ့ရောညပါသွားကြည့် ရင်း သင်္ကြန်ကို ဖြတ်ကျော်ကုန်ဆုံးခဲ့ရဖူးသည်။ ယခုအ ခါ ထိုသို့အချိန်ကုန်ရန်မရှိကြ တော့။သို့သော် ယနေ့ခေတ်သည် မြန်မာနိုင်ငံ တစ်ခုလုံးဒီမိုကရေစီခေတ်သစ်ဆီသို့ ချီတက် နေချိန်ဖြစ်သည်။တစ်ချိန်ကတစ်ပါတီအာဏာ ရှင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ထို့ကြောင့် သံချပ်နှင့်အလှပြကားများကို ပိတ်ဆို့တားဆီး ထားသောခေတ် မဟုတ်ပါ။ထို့ကြောင့် ယခင် အချိန်က ကားအလှဆင်ပြိုင်ပွဲဝင် ခဲ့ကြသော အလှပြကား၊ သံချပ်ကားတို့သည် ယနေ့ ခေတ်၌ အင်အားစုစည်းကာ ရိုးရာမပျက် ဆက်လက်ချီတက်သင့်ပါသည်။ နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော် အရပ်ရပ်သည် ပြည်သူ၏ အသံကိုကြားလို ကြသည်။အသံဟုဆိုရာတွင် ပြည်သူ့ရင်တွင်း မှ မှန်ကန်စွာ၊ တရားမျှတစွာတင်ပြလာသော အသံကို ပို၍ပင်ကြားချင်ကြ လိမ့်မည်ထင်ပါ သည်။ သံချပ်များသည်ခေတ်၏မီးမောင်းများ ဖြစ်ကြသည်။ အမှန်တရားကို ရဲဝံ့စွာတင်ပြမှု များလည်းဖြစ်၏။ ပြည်သူ့အသံအစစ်လည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာအက၊ အလှ၊ သဘာဝ၊ သံချပ် နှင့်စွယ်စုံအင်အား စုကို ကြည့်လိုလိမ့်မည်ဟု ယူဆပါသည်။သို့ဖြစ်ပါသောကြောင့် အထက်တွင် တင်ပြခဲ့သော ရိုးရာသင်္ကြန်အက၊ အလှ၊ သဘာဝ၊ သံချပ်နှင့် စွယ်စုံအင်အားစုများတွင် ပါဝင်ခဲ့သူများ၊ ဦးဆောင်ခဲ့သူများသည် ယနေ့ အချိန်တွင် ဘဝအမျိုးမျိုး၊ လောကအမျိုးမျိုးတွင် ကျင်လည်ကျက်စားနေကြသေးကြောင်း သိရှိရပါသည်။ ထိုမျိုးဆက်ဟောင်းများအနေ ဖြင့် နှစ်၂ဝကျော် ခါးပြတ်နေပြီဖြစ်သော မြန်မာ့ရိုးရာကို ယနေ့မျိုးဆက်သစ် များဆီ လက်ဆင့်ကမ်း ဝေငှပေးစေလိုပါသည်။ ယနေ့ ခေတ်သည် ယခင်နှစ်များကဲ့သို့ ကားတစ်စီး ကိုအလှဆင်ရန် အလွန်ခက်ခဲသောခေတ်မျိုး မဟုတ်တော့ပါ။ ဗီနိုင်း များဖြင့် အလှဆင်၍ ရနိုင်သောခေတ်ဖြစ်နေပါပြီ။ ထို့ပြင်ပြိုင်ပွဲ ဝင်များကို လက်ခံသည့် မဏ္ဍပ်များအနေဖြင့် လည်း သင့်တင့်သောဆုကြေးဖြင့် ပြန်လည်ပြု လုပ်ပေးသင့် ပါသည်။သို့မှသာ အင်အားစုတို့မှလည်း မိမိတို့ အင်အားကိုစုစည်းကာ ပြန်လည်လေ့ကျင့်ကြ ပြီး ပြောရေးဆိုခွင့်ကိုစည်းထဲ၊ ဘောင်ထဲမှ ဖော်ထုတ်တင်ပြရန် အားပေးတ င်ပြလိုက်ပါ သည်။ သင်တို့၏ သံချပ်များ၊ သီချင်းများကို မျှော်လင့်နေကြသော ပြည်သူများနှင့်လွှတ် တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးအဖွဲ့ဝင်ဝန် ကြီးများအပြင် ဒီမိုကေ ရစီရှေ့ဆောင်နိုင်ငံ တော်သမ္မကြီးကိုယ်တိုင် အမှန်ပြောမည့် သင်တို့၏ သံချပ်၊ သီချင်းများကို နားထောင် ရန် မျှော်လင့်နေမည်ထင်ပါသည်။ ခေတ်ပြောင်း၊ စနစ်ပြောင်း မှာ ခေတ် သစ်၊ စနစ်သစ်ကို ကြိုဆိုပြီး ထူးခြားသော၊ ထက်မြက်သော သံချပ်သံများ၊ သီချင်းသံများ သည် ရွှေဝါရောင်ပိတောက်ပွင့်များနှင့် အတူ ပြန်လည်နိုးထလာသင့် ပါပြီ။ သင်္ကြန်ဆိုလျှင် တွဲဖက်မြင်နေကျ သံချပ်သံများ
ဝေဝေလှိုင်နေ သင့်ပါပြီ။
အားလုံးနိုးထကြလော့၊
သံချပ်သံများ ပြန်လွှမ်းကြလော့၊
ပိတောက်ရွှေဝါ ထွန်းလင်းလာချိန်
သံချပ်ဝေဆာ ဖူးပွင့်ပါစေ။
နှိုးဆော်တပ်လှန့် အမှန်ပြောကြ၊ အမှန်ဆိုကြ၊ အမှန်တွေရေရွတ်ကြ။
အားလုံးနိုးထကြလော့။ ။
ထိုသို့သော ပြိုင်ပွဲဝင်ခဲ့ကြသူများရှိသကဲ့ သို့ အထူးခြားဆုံးကား ယနေ့ခေတ် ဒီမိုကရေ စီတိုက်ပွဲ၏ရှေ့ပြေးဟု သတ်မှတ်ရမလိုကြို တင် နိမိတ်ကဲ့သို့ဖြစ်ခဲ့သော အဖွဲ့မှာ ‘ခွပ် ဒေါင်းနီ’ဖြစ်သည်။ ခွပ်ဒေါင်းနီသည် တစ် ပါတီစနစ်ကိုဖြိုရန် အားမတန်၍မာန်လျှော့ခဲ့ရဖူးသည်။ ကြိမ်ဖန်များစွာသွေးတိုးစမ်းခဲ့ သော်လည်း အကြောင်းမအောင် ၍ ဒေါင်း တောင်ကို ချခဲ့ရဖူးသည်။လွန်ခဲ့သောနှစ်(၃ဝ)ကျော်က ၄င်းတို့၏ တေးသွားတစ်ခုကို အမှတ်တရရှိသူတစ် ယောက်က သူမှတ်မိသမျှရေးပေးခဲ့သည်ကို ဖော်ပြ လိုက်ရပါသည်။
”ဒေါင်းတမာန်
(ပျံသာပျံပါခွပ်ဒေါင်းနီ
မုန်တိုင်းမိုးသက်ချီ)၂
အရိုင်းညစ်လေကြမ်း
တို့ဖြတ်သန်းမည်
တော်လှန်ပန်းနီနီ အသင်ဘယ်ဆီ
လူ့အခွင့်အရေးတွေ တို့ပြည်သူဆီ
အသင့်ခွန်အားကို တို့ယုံကြည်
သမိုင်းတစ်ခေတ် အရုဏ်ဦးဆီ
လှမ်းခဲ့ပေါ့ အရှေ့သို့မြန်မြန်ချီ။”
လှမ်းသင့်သလောက်လည်း လှမ်းခဲ့ကြပါ ပြီ၊
ရောက်သင့်သလောက်လည်း ရောက်ခဲ့ ကြပါပြီ၊ ရှေ့ဆက်သွားဖို့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒသည် အရေးအကြီးဆုံးဖြစ် ကြောင်း အားလုံးလည်းသိရှိနားလည်နေကြပြီ ဟု ယူဆပါသည်။ ထို့ကြောင့် ရောက်ဆဲ သက္ကရာဇ်မှစပြီး တို့အသံတွေပြန့်ကျဲသွားအောင် အလှပြကားတွေပြန်ဆင်ပြီး ခေတ်သစ်ကို ကြိုဆိုကြပါစို့။ ပြည်သူများက အသံ ကို ကျယ်လောင် စေချင်သလို နိုင်ငံတော်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီများဘက်မှလည်း ပြိုင်ပွဲဝင်မဏ္ဍပ်များ ကို ယခင်ကနည်းတူ မြို့နယ်အလိုက်၊ ကုမ္ပဏီ အလိုက်ေ ဆာက်လုပ်ကြပြီး သင့်တင့်သော ဆုကြေးငွေများပေးကာ ပြည်သူ့အသံ၊ ပြည် သူ့ထံမှ ထွက်စေမည့် အဖွဲ့များကို ဝိုင်းဝန်းကြို ဆိုသင့်ပါကြောင်း၊ နှစ်ဟောင်းထား၍ နှစ် သစ်သွားသောအခါသမယ(သင်္ကြန်ကာလ) တွင် စနစ်ဟောင်းထားကာ စနစ်ပြောင်း သမားတို့အတွက် သံချပ်တေးသွားများဖြင့်အလေးထားတင်ဆက်ခွင့်ပြုကြပါရန် တလေး တစားအရေးထားကာ ရေးသားလိုက်ရပါ တော့သည်။

ထိုစဉ်ကသံချပ်စာအုပ်များကို အများဆုံးရိုက် နှိပ်ပေးခဲ့သော ဦးအောင်ခင်’သိန်းသန်း’ ပုံနှိပ် တိုက်၊ ‘သီတာ စန်း’ပုံနှိပ်တိုက်တို့မှ အလှပြကားတချို့၏ မပေးတစ်ခါ၊ အကြွေးတစ်လီဖြင့် ရိုက်ခိုင်း ခဲ့သမျှကို အရှုံးခံပြီး တိုင်းပြုပြည် ပြုသံချပ်များ ပေါ်ထွက်လာစေရေးအတွက်ကူညီခဲ့သည်များကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ဤဆောင်းပါးရေးဖြစ်ရန်အတွက်မိမိတို့သိ သမျှကို ပြောပြ၊ဆိုပြ၊ရေးပြပေးခဲ့ကြသောဦးမြင့်ဦး၊ဦး အောင်မြင့်နှင့်ကိုသူတို့အား အထူးကျေးဇူးတင်ရှိပါ သည်။
သံချပ်တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ပါစေ သမိုင်းတွင် http://popularmyanmar.com/mpaper/archives/39783

0 comments:
Post a Comment