သရုပ်ဆောင် အဆိုတော် ရဲလေး၏ ငယ်စဉ်ကာလမှစကာ လက်ရှိအချိန်ထိ ဘ၀ဖြတ်သန်းမှု ပုံရိပ်များ ကို ပုံဖော်ထားသည့် ‘ရူးသွပ်ခြင်းပင်လယ်’ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ကို မတ်လ ၂၅ ရက်နေ့တွင်စတင် ဖြန့်ချိသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။
“ကျွန်တော်ဒီစာအုပ်ကို သုံးနှစ်လောက် အချိန်ယူဖန်တီးခဲ့တာပါ။ အဓိကတော့ ကျွန်တော့်ပရိသတ်တွေကို အမှတ်တရ ရှိစေချင်တာကြောင့် စီစဉ်ဖြစ်ခဲ့တာပါ။ ကဗျာတွေဆိုလည်း ကျွန်တော် အချိန်ယူ ရေးသားဖြစ်တာတွေကို အမှတ်တရ ဖြစ်အောင် ထည့်သွင်းထားတာပါ။ အဲဒီထဲကတစ်ပုဒ်က ကိုလွင်မိုးဆီက လက်ဆောင်အဖြစ်ရပြီး ကျွန်တော် ပြန်လည်ရေးသားထားတဲ့ ကဗျာလေးပါ။ ရုပ်ရှင်လောကမှာ ကြုံတွေ့ရတတ်တာလေးတွေကို သရော်တဲ့အနေနဲ့ ရေးသားထားတာပါ။ ဒီစာအုပ်လေး ထွက်တဲ့အချိန်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီးတော့ အမှတ်တရ ဖြစ်စေနိုင်တဲ့ အစီအစဉ်လေးတွေနဲ့ ပြုလုပ်သွားချင်ပါတယ်”ဟု ရဲလေးက ပြောပြခဲ့သည်။
ရဲလေး၏ ‘ရူးသွပ်ခြင်းပင်လယ်’ စာအုပ်မှာ အမှတ်တရ ဓာတ်ပုံများစွာဖြင့် ပုံဖော်ထားသည့် အတ္ထုပ္ပတ္ထိ စာအုပ်ဖြစ်ပြီး ရဲလေး၏ ဂီတသက်တမ်းတစ်လျှောက် သီဆိုခဲ့သည့် ရှိုးပွဲများမှ ဓာတ်ပုံများ၊ ပြည်တွင်းပြည်ပ ခရီးစဉ်များစွာမှ အမှတ်တရဓာတ်ပုံများ၊ အနုပညာရှင် သူငယ်ချင်းများ နှင့် တွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ရဲလေးကြိုက်နှစ်သက်ရာ အစားအစာ ချက်ပြုတ်နည်းများ၊ လူရွှင်တော်ဘ၀ အမှတ်တရပုံရိပ်များ၊ သီးသန့်အလှ ဓာတ်ပုံများကို ဓာတ်ပုံဆရာရှစ်ဦးက ဖန်တီးပေးထားသည် ဟု သိရှိရသည်။ http://www.news-eleven.com
0 comments:
Post a Comment