http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မှတ်ပုံတင်တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေဟု သိရ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲပေးပိုင်ခွင့် စာရင်းတွင် မဲစာရင်းများမှာ မှားယွင်းမှုများ ရှိနေပြီး မှတ်ပုံတင် တစ်ခုတည်းနှင့် လူဦးရေ တစ်ထောင်ကျော် ပါဝင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် စာရင်းတွင် သေဆုံးပြီးသူများ၊ အသက်မပြည့်သေးသူများ၊ မဲဆန္ဒနယ် တစ်နေရာထက်ပိုပြီး ပါဝင်နေသူများလည်း ပါဝင်နေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ အချို့ထံမှ သိရသည်။

''ကျွန်မတို့ မရမ်းကုန်းမြို့နယ်မှာ ၁၀ ရပ်ကွက်ရှိတယ်။ မဲစာရင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ကပ်တယ်။ ကျွန်မတို့က တစ်စုံတောင်းပြီး ပြန်စစ်တော့ တော်တော်များများ ကျန်တာကို တွေ့ရတယ်။ ထူးခြားချက်အနေနဲ့ ပြောရင်တော့ ရပ်ကွက်တစ်ခုမှာဆိုရင် နိုင်ငံသားကတ် တစ် ခုတည်းနဲ့ကို လူတစ်ထောင်ကျော် တွေ့ရတယ်။ နာမည်လည်း မတူဘူး။ အဖေနာမည်လည်း မတူဘူး။ နောက်ရပ်ကွက်တစ်ခုမှာဆိုရင် ထပ်တာတို့၊ ကျန်တာတို့ဟာ အများဆုံး ၄၀၀ ကျော်အထိ တွေ့ရတယ်။ တချို့ရပ်ကွက်တွေမှာ ၁၀၀ ကျော် ရှိတယ်။ ၂၀၀ ကျော် ရှိတယ်''ဟု မရမ်း ကုန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ ထိုသို့ မဲစာရင်းတွင် မဲစာရင်း မပါဝင်သူများ ရှိခြင်း၊ တစ်ကြိမ်ထက်ပို၍ ပါဝင်နေခြင်း၊ သေဆုံးသူများ ပါဝင်နေခြင်းစသည့် မဲစာရင်း မှားယွင်းမှုများမှာ ကွန်ပျူတာ အမှားသာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ခွဲများက အကြောင်းပြန်ကြောင်း လည်း ဒေါက်တာမေ၀င်းမြင့်က ပြောပါသည်။ အဆိုပါ မဲစာရင်း မှားယွင်းနေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ညွှန်ကြားတယ်။ မဲစာရင်းမှာ မှားနေတာ၊ ကျန်နေတာ၊ ကလေးတွေပါတာ၊ ကွယ်လွန်တဲ့သူတွေ ပါတာ၊  ဒါတွေကို မဲစာရင်းနံပါတ်နဲ့ အတိအကျ အသေအချာစာနဲ့ ရေးပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပါလို့၊ အမြန်ဆုံးကို တင်ပါလို့ ပြောထားတယ်။ ကော်မရှင်က ရွေးကောက်ပွဲနေ့ မတိုင်မီအချိန်အထိ ပြင်နိုင်တယ်လို့ ပြောတယ်။ သူတို့ ပြင်ပါလိမ့်မယ်။ လူနာမည်အများကြီးနဲ့ မှတ်ပုံတင်တစ်ခုတည်း ဒါမျိုးတွေ ကျွန်တော်တို့မှာ ရှိတယ်။ မဲလာမပေးရင် ကိစ္စမရှိဘူး။ မဲလာပေးရင် ကန့်ကွက်မယ်။ မဲရုံကလည်း ကန့်ကွက်လို့ရတယ်'' ဟု ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၁၁၇ ရုံ ထားရှိသွားမည်ဖြစ်ပြီး လူဦးရေ တစ်သိန်းသုံးထောင်ကျော် မဲပေးပိုင်ခွင့် ရှိကြောင်း မြို့နယ်ကော်မရှင်ခွဲမှ သိရှိရကြောင်း ဒေါက်တာမေ၀င်းမြင့်က ဆိုပါသည်။ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) မှ ဦးရဲထွဋ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဒေါက်တာမေ၀င်းမြင့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ ဦးရဲမင်းသိန်း(ခ)ရသ၊ မြန်မာအမျိုးသားကွန် ဂရက်ပါတီမှ ဒေါ်ဟေမာဌေးနှင့် တစ်သီးပုဂ္ဂလအဖြစ် ဦးခင်လှိုင်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။     http://www.thithtoolwin.com/2012/03/blog-post

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif