ကချင်ပြည်တွင်စစ်ဘေး ဒုက္ခသည်များကူညီရေး နှိုးကြားမှုနှင့် အလှူဒါနပြုနိုင်ရေး ရည်ရွယ်ြ့ပီး ဧပြီ ၂၈၊ အယ်လ်အေရှိ အောင်ဇေခန်းမတွင် အယ်လ်အေသြဂနိုင်ဇာဖော်ဘားမားနှင့် မန္တလေးဂေဇက်အဖွဲ့တို့၏ ၀ို်င်းဝန်းကမကထပြုမှုဖြင့် ၀င်ကြေးအခမဲ့ ပြသမည်ဟု ကြော်ငြာလိုက်သည်ကို တွေ့ရသည်။
မိတ်ဆွေများ...
အဆင်ပြေရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ တကယ်တော့ လွမ်းစိမ့်ဟာ...
လွမ်းစိမ့်. . . ဆိုတာ. နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဝပ် ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်ရဲ့ စာပေ ဂီတ ရုပ်ရှင်တွေထဲကနေ .. ရုန်းကြွတော်လှန်လာတဲ့ အနုပညာ ပစ္စည်းတခုပဲဗျ။
ဒါ ဗီဒီယို ကား သက်သက် မဟုတ်ဘူး။
သမိုင်း ပါ။
ကျနော်တို့ရဲ့ တော်လှန်ရေး ပါ။
၈၈ မျိုးဆက်ရဲ့ သမိုင်းဝန် ထမ်းပိုးမှုပါ။
ဒါရိုက်တာ ချိုတူးဇော်
ခင်မင်လေးစားစွာဖြင့်...
L.A. Organizers

၎င်းဇာတ်ကားများကို သူ့ဘလောက်တွင် အခပေးပြီး ကြည့်နိုင်အောင် တင်ဆက်ထားသည်။ http://moemaka.blogspot.com/2012/03/cho-tu-zaw-lwan-seint-to-show-in-la-for.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FLZqAU+%28%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%81+%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC+-++MoeMaKa+News+%26amp%3B+Media%29

0 comments:
Post a Comment