http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ယဉ်ကျေး လိမ္မာ သင်တန်းမှ ကလေးငယ် ၄၀ ကျော် အစာအဆိပ် သင့်မှု ဖြစ်ပွား

ထောက်ကြန့်မြို့၊ တိလောက ရပ်ကွက်၊ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ ပဏ္ဍိတာ ရာမကျောင်းတိုက်အတွင်း နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်း တက်ရောက်နေ သည့် ကလေးငယ်များ မတ်လ ၂၀ ရက်နေ့ မွန်းလွဲသုံးနာရီခန့်တွင် နို့သစ်ခွဖျော်ရည် သောက်ရာမှ တစ်ဆင့် အစာ အဆိပ် သင့်မှု ဖြစ်ပွား ခဲ့ကြောင်း သိ ရသည်။
''ညနေသုံးနာရီမှာ ကလေးတွေကို နို့သစ်ခွတိုက်တယ်။ ကလေးတွေက ညနေ သုံးနာရီခွဲလောက်မှာ စပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ စဖြစ်လာ တယ်လို့ သင်တန်းကျောင်းက သူတွေရဲ့ ပြောကြားချက်အရ သိရတယ်။ သင်တန်းမှာ ကလေးကအယောက် ၁၀၀ ကျော်လောက် ရှိပေမယ့် အစာ အဆိပ်သင့်တဲ့ ကလေး ကတော့ ၄၀ ကျော် ဖြစ် ခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်း ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးရယ်၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးရယ်၊ ထောက်ကြန့် ဒေသန္တရကျန်းမာရေးက တာဝန်ရှိသူတွေရယ်၊ ထောက်ကြန့် ရဲစခန်းကသူတွေ ရယ် လာစစ်ဆေးပြီး ကလေးတွေကို အင်းစိန် အထွေထွေရောဂါ ကု ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ တချို့ကလေးတွေကတော့ ချက်ချင်း သက်သာသွားတဲ့အတွက် ဆေးရုံတောင် မပို့ခဲ့ရပါဘူး'' ဟု ဖြစ်စဉ် အား သွားရောက်စစ်ဆေးခဲ့သော မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းလွင်က ပြောကြားခဲ့ပါသည်။ အင်းစိန် အထွေထွေရော ဂါကု ဆေး ရုံကြီးသို့ ကလေးဦးရေ ၃၀ ခန့် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး အတွင်းလူနာ ၁၂ ဦး၊ ပြင်ပလူနာ ၁၈ ဦး တက်ရောက် ကုသခဲ့ ရကြောင်း သိရသည်။
''ဆေးရုံကို ကလေးတွေ ညနေ ငါးနာရီခွဲလောက်မှာ စရောက်လာတယ်။ ကလေးအားလုံးပေါင်း ၃၀ ဦး ရောက်လာပါတယ်။ အများစုက ဗိုက်အောင့်တာ၊ ဗိုက်ထဲမှာ မအီမလည်ဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ကလေးတွေကို လာပို့တဲ့ သူ တွေရဲ့ ပြောကြားချက် အရ နို့သစ်ခွ ဖျော်ရည်ထဲကို သံပရာသီး ညှစ်ထည့်ထားတဲ့ ဖျော်ရည် တိုက်လိုက်တယ်လို့ ပြောတယ်။ တွဲဖက်မစားသင့်တဲ့ နို့နဲ့ သံပရာသီးကို တွဲစားမိလို့ ဓာတ်မတည့်ဘဲ အစာအဆိပ်သင့်တာတွေ ဖြစ်တာပါ။ အသေအပျောက်လည်း မရှိခဲ့ပါဘူး''ဟု အင်းစိန် အထွေထွေရောဂါ ကု ဆေးရုံကြီး မှ ဆေးရုံ အုပ်ကြီး ဒေါက်တာအောင်ဆန်းက ပြောကြားခဲ့ပါသည်။
ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ သူများတွင် အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်းနှင့် ဆေးရုံတက်ရောက်ခဲ့သူများ အားလုံး ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း အင်းစိန် အထွေ ထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းက ဆိုသည်။    http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif