ပက်ပက်စက်စက်မှားယွင်းခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ အထွေထွေချွတခြုံ ကျမှုတွေနဲ့၊ ပျက်သုဉ်းနိုင်ငံ (Failed State) အဆင့် ရောက်ခဲ့တဲ့ မြန်မာနိုင်ငံအတွက်တော့အခုအချိန်ဟာ ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်နေတဲ့အချိန် အခါဆိုရင် မှားမယ်မထင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်၊ ထားဝယ်၊ ပုခုက္ကူ၊ ကော့မှူး၊ မြောင်းမြ၊ လှည်းကူး၊ ဖျာပုံ စတဲ့ နယ်လှည့်စည်းရုံးရေးခရီးစဉ်တွေကို အင် တာနက်စာမျက်နှာတွေပေါ်မှာ ခပ်စိပ်စိပ်မြင်ရ၊ ဖတ်ရတာ အလွန်အားရကျေနပ်မိတယ်။
● ဝတ်မှုန်ကူးသော သံမဏိလိပ်ပြာ
အင်တာနက်ပေါ်ကသိရသမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ တနှစ်ကျော်ကာလအတွင်း ဆောင် ရွက်ခဲ့တာတွေကို ဆင်ခြင်ကြည့်မိတဲ့အခါ၊ မယုံကြည်လောက်အောင်တွေ့ရပါတယ်။ လူသာမန်တွေမပြုနိုင်တဲ့ အာဇာနည်အမျိုးကောင်းသမီး တယောက်ရဲ့အလုပ်အကိုင်တွေဆိုတာ ထင်ရှားနေပါတယ်။
လက်ရှိအစိုးရနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာပြီး၊ အခုအခြေနေထိရောက်အောင်လုပ်နိုင်ခဲ့တာ၊ NLD ကိုပြန်လည်စုစည်းပြီး ခိုင်မာအောင်ပြင်ဆင် ဖွဲ့စည်းခဲ့တာ၊ နိုင်ငံတကာခေါင်းဆောင်တွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ၊ သတင်းမီဒီယာသမား တွေ၊ သတင်းစာရှင်းလင်းပွဲတွေမှာ လုပ်ဆောင်ဖြေကြားပေးတာ၊ တွေ့သင့်တဲ့ပုဂ္ဂိုလ်ရဟန်းရှင်လူပေါင်းများစွာနဲ့တွေ့ဆုံဖို့ အချိန်ပေးရတာ၊ နိုင်ငံတကာဖိုရမ်တွေ၊ ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတွေအတွက် သဝဏ်လွှာနဲ့မိန့်ခွန်းတွေပေးပို့ခဲ့ရတာ၊ NLD ရုံးသစ်ဖွင့်ပွဲ၊ စာကြည့်တိုက် ဖွင့်ပွဲ၊ အနုပညာပြပွဲများ၊ အာဇာနည်နေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ လိုအခန်းအနားကြီးတွေအတွက် တက်ရောက်မိန့်ခွန်းပြောပေးရတာ၊ နယ်လှည့်စည်းရုံးရေးခရီးစဉ်ပေါင်းများစွာကို မနားမနေဆက်တိုက်ထွက်ပြီး ပြေဆိုလုပ်ကိုင်နေရတာ၊ စတာတွေရေးပြရမယ်ဆိုရင် ဒီ ဆောင်းပါးဟာ တော်တော်ရှည်သွားနှိုင်တယ်။
တကယ်တော့အမေစုဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု့အောက်မှာ ပြည်သူတွေနဲ့အတူနှစ်ပေါင်း (၂၀) ကျော် ကိုယ်စိတ်နှစ်ပါးဆင်း ရဲခြင်းကြီးစွာ ဖြတ်သန်းလာခဲ့ရတာပါ။ အစာငတ်ခံဆန္ဒပြသင့်တဲ့အခါပြရ၊ ခရီးလမ်းတဝက်တပျက်မှာတားလို့ နေပူပူအောက်ကားထဲမှာ ရက်ပေါင်းများစွာနေရင်း ဆန္ဒပြလို့ပြရ၊ စတဲ့ပြောမဆုံးနိုင်တဲ့ ပါရမီအဖုံဖုံကိုဖြည့်ဆည်းခဲ့ရတာ မြန်မာသိ၊ ကမ္ဘာသိပါ။ ဒီလိုကြောက်မက်ဖွယ်ရာပေးဆပ်ခဲ့ရတဲ့ဒဏ်တွေကို သာမန်လူ့ခန္ဓာကိုယ်ရှိတဲ့မိန်းမသားတစ်ယောက် ဘယ်လောက်ထိခံနိုင်ပါမလဲဆိုတာတွေးရင်း စိတ်ပူရတာ အကြိမ်ကြိမ်ပါ။ သတင်းဗီဒီယိုတွေထဲမှာ နထင်နရင်းနဲ့ ပါးချောင်တွေကျနေရှာတဲ့အမေစုရဲ့ မျက်နှာသွင်ပြင်နဲ့ ပါးလျတဲ့ကိုယ်ဟန်ကို မြင်ရ တိုင်း ကျွန်တော်ဟာ ကြေကွဲဆို့နင့်ရင်း ကိုယ့်ကိုကိုယ်ရှက်ရွံ့မိသလို အမေစုကို အလွန်အားနာမိသလို ဖြစ်မိပါတယ်။
ဒါတွေရေးနေတာဟာ အမေစုဋီကာချဲ့နေတာမဟုတ်ပါဘူး။ တကယ်ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေတဲ့အချက်တွေကို အားလုံးသတိပြုမိအောင်ရေး ပြနေခြင်းပါ။ ဒီစာရေးသူဟာ အမေစုကိုအပြင်လောကမှာ တခါမှမတွေ့ဘူးသေးသလို၊ NLD ပါတီဝင်လဲမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရကိုး ကွယ် နေစရာလည်း အကြောင်းမရှိပါ။ ကျွန်တော်ဟာ အညတြနိုင်ငံရေးအကျဉ်းသားဟောင်းတဦးမျှသာဖြစ်ပါတယ်။ ကိုယ်တိုင်အစာငတ်ခံဆန္ဒမပြဘူးပေမဲ့ ထောက်လှမ်းရေးတွေရဲ့ အစာဖြတ်စစ်ကြောမှုကို (၆) ရက်လောက်ခံစားဖူးပါတယ်။ အဲဒါကိုဘဲ ကျွန်တော်အဖို့မှာ အကြီးကျယ် ဆုံးမေ့ မရနိုင်တဲ့ အတွေ့အကြုံတခုပါ။ ထောက်လှမ်းရေးက အစာပြန်ကြွေးတော့ ပထမဆုံး လက်ဖက်ရည်နဲ့ ပေါင်မုန့်တချပ်ပေးတာကို မနည်းမျိုချရတယ်။ လည်ချောင်းတွေအရမ်းနာပြီး တစ်ရက်နှစ်ရက်လောက် မာတဲ့အစာမျိုမချနိုင်တော့ဘူး။ ကျွန်တော်ခံနိုင်ရည်မရှိတာကို ပြောချင်တာပါ။ ကျွန်တော့်ထက်အဆပေါင်းများစွာ ဆိုးတဲ့အဖြစ်တွေနဲ့ကြုံရသူတွေ၊ အသက်တောင်ပေးသွားရသူတွေအများကြီးပါ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်၊ ထားဝယ်၊ ပုခုက္ကူ၊ ကော့မှူး၊ မြောင်းမြ၊ လှည်းကူး၊ ဖျာပုံ စတဲ့ နယ်လှည့်စည်းရုံးရေးခရီးစဉ်တွေကို အင် တာနက်စာမျက်နှာတွေပေါ်မှာ ခပ်စိပ်စိပ်မြင်ရ၊ ဖတ်ရတာ အလွန်အားရကျေနပ်မိတယ်။
● ဝတ်မှုန်ကူးသော သံမဏိလိပ်ပြာ
အင်တာနက်ပေါ်ကသိရသမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ တနှစ်ကျော်ကာလအတွင်း ဆောင် ရွက်ခဲ့တာတွေကို ဆင်ခြင်ကြည့်မိတဲ့အခါ၊ မယုံကြည်လောက်အောင်တွေ့ရပါတယ်။ လူသာမန်တွေမပြုနိုင်တဲ့ အာဇာနည်အမျိုးကောင်းသမီး တယောက်ရဲ့အလုပ်အကိုင်တွေဆိုတာ ထင်ရှားနေပါတယ်။
လက်ရှိအစိုးရနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာပြီး၊ အခုအခြေနေထိရောက်အောင်လုပ်နိုင်ခဲ့တာ၊ NLD ကိုပြန်လည်စုစည်းပြီး ခိုင်မာအောင်ပြင်ဆင် ဖွဲ့စည်းခဲ့တာ၊ နိုင်ငံတကာခေါင်းဆောင်တွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ၊ သတင်းမီဒီယာသမား တွေ၊ သတင်းစာရှင်းလင်းပွဲတွေမှာ လုပ်ဆောင်ဖြေကြားပေးတာ၊ တွေ့သင့်တဲ့ပုဂ္ဂိုလ်ရဟန်းရှင်လူပေါင်းများစွာနဲ့တွေ့ဆုံဖို့ အချိန်ပေးရတာ၊ နိုင်ငံတကာဖိုရမ်တွေ၊ ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတွေအတွက် သဝဏ်လွှာနဲ့မိန့်ခွန်းတွေပေးပို့ခဲ့ရတာ၊ NLD ရုံးသစ်ဖွင့်ပွဲ၊ စာကြည့်တိုက် ဖွင့်ပွဲ၊ အနုပညာပြပွဲများ၊ အာဇာနည်နေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ လိုအခန်းအနားကြီးတွေအတွက် တက်ရောက်မိန့်ခွန်းပြောပေးရတာ၊ နယ်လှည့်စည်းရုံးရေးခရီးစဉ်ပေါင်းများစွာကို မနားမနေဆက်တိုက်ထွက်ပြီး ပြေဆိုလုပ်ကိုင်နေရတာ၊ စတာတွေရေးပြရမယ်ဆိုရင် ဒီ ဆောင်းပါးဟာ တော်တော်ရှည်သွားနှိုင်တယ်။
တကယ်တော့အမေစုဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု့အောက်မှာ ပြည်သူတွေနဲ့အတူနှစ်ပေါင်း (၂၀) ကျော် ကိုယ်စိတ်နှစ်ပါးဆင်း ရဲခြင်းကြီးစွာ ဖြတ်သန်းလာခဲ့ရတာပါ။ အစာငတ်ခံဆန္ဒပြသင့်တဲ့အခါပြရ၊ ခရီးလမ်းတဝက်တပျက်မှာတားလို့ နေပူပူအောက်ကားထဲမှာ ရက်ပေါင်းများစွာနေရင်း ဆန္ဒပြလို့ပြရ၊ စတဲ့ပြောမဆုံးနိုင်တဲ့ ပါရမီအဖုံဖုံကိုဖြည့်ဆည်းခဲ့ရတာ မြန်မာသိ၊ ကမ္ဘာသိပါ။ ဒီလိုကြောက်မက်ဖွယ်ရာပေးဆပ်ခဲ့ရတဲ့ဒဏ်တွေကို သာမန်လူ့ခန္ဓာကိုယ်ရှိတဲ့မိန်းမသားတစ်ယောက် ဘယ်လောက်ထိခံနိုင်ပါမလဲဆိုတာတွေးရင်း စိတ်ပူရတာ အကြိမ်ကြိမ်ပါ။ သတင်းဗီဒီယိုတွေထဲမှာ နထင်နရင်းနဲ့ ပါးချောင်တွေကျနေရှာတဲ့အမေစုရဲ့ မျက်နှာသွင်ပြင်နဲ့ ပါးလျတဲ့ကိုယ်ဟန်ကို မြင်ရ တိုင်း ကျွန်တော်ဟာ ကြေကွဲဆို့နင့်ရင်း ကိုယ့်ကိုကိုယ်ရှက်ရွံ့မိသလို အမေစုကို အလွန်အားနာမိသလို ဖြစ်မိပါတယ်။
အဓိကပြောလိုတာကအမေစုနဲ့တကွ တကယ်စွန့်လွှတ်လုပ်ကိုင်နေကြတဲ့ အာဇာနည် အထောင်အသောင်းတို့ရဲ့ ပေးဆပ်မှု၊ အဆင်းရဲပင်ပန်း ခံနိုင်မှု၊ ယုံကြည်ချက်ခိုင်မာမှုတွေဟာ ဦးမညွှတ်ဘဲမနေနိုင်လောက်အောင် မြင့်မြတ်ကြတယ်ဆိုတာပါ။
အခုချိန်မှာအမေစုရဲ့ လွှတ်တော်တွင်းနိုင်ငံရေးလုပ်ဆောင်မှုကိုတချို့က မှန်တယ်ယူဆသလို၊ တချို့ကမှားတယ်လို့ ယူဆကြတယ် မဟုတ် လား။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ စဉ်းစားဆွေးနွေးကြရင်း လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးနှစ်ခုစလုံးမှာ ကိုယ် သန်ရာကိုယ် ဝိုင်းဝန်းလုပ်ဆောင်သင့်လှပါသည်။ လွှတ်တော်တွင်းနိုင်ငံရေးလုပ်ရင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေးကို ကျွဲကူးရေပါ လုပ်ဆောင် နိုင်ပါတယ်။ အမေစုသွားခဲ့တဲ့ နယ်လှည့်စည်းရုံးရေးခရီးစဉ်များနဲ့ ရောက်ခဲ့တဲ့မြို့ရွာတွေမှာပြောခဲ့တဲ့ လူထုမိန့်ခွန်းတိုင်းမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးတွေပါနေတာ ကြည့်တတ်ရင်မြင်သာပါတယ်။ ရာစုနှစ်ဝက်ကျော်အမှောင်ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာပြည်သူ/သားတွေရဲ့ နိုင်ငံရေးအသိရေချိန်မြှင့်တင်ဘို့၊ အမှန်တရားကိုကာကွယ်ရဲတဲ့သတ္တိတွေတိုးလာဘို့၊ ကိုယ့်အခွင့်အရေးကို နားလည်သိမြင်ပြီးတန်ဘိုးထားလိုချင်တတ်လာဘို့၊ ဒီမိုကရေစီ အောင်သီးအောင်နှံတွေဖွံ့ထွားစည်ပင်လာဘို့ ပြည်သူနဲ့လက်ချင်းဆက်၊ ရင်ခြင်းအပ်ပြီး ဝတ်မှုန်ကူးနေတာ အမေစုပါ။
● အာဂ ပြည်သူတွေ
အမေစုသွားခဲ့တဲ့ နယ်လှည့်စည်းရုံးရေး ခရီးစဉ်တိုင်မှာ တက်ရောက်လာတဲ့ပြည်သူတွေကို ကြည့်လိုက်ပါဦး၊ စစ်သံခွာအောက်မှာ ပြားပြား မှောက် အနင်းအကြိတ်ခံခဲ့ရတယ်ဆိုတာ ယုံနိုင်စရာမရှိဘူး။ လူတန်းစေ့နေခွင့်မရတဲ့ဘဝတွေမို့ အဟာရချို့တဲ့လို့ ခမ်းခြောက်နေတဲ့ အသားအရေ ရုပ်ခန္ဓာတွေပိုင်ဆိုင်ထားပေမဲ့ သူတို့မျက်ဝန်းတွေမှာ ဒီမိုကရေစီကို တော့င်တတဲ့ဆန္ဒတွေ၊ အမှန်တရားကိုမြတ်နိုးတဲ့စိတ်တွေ တဖိတ်ဖိတ် တလက်လက်တောက်ပနေတာတွေရတယ်။ ဘယ်သူတွေ ဘယ်လိုတားတား ဘယ်လောက်ခရီးဝေးဝေး ရထားတတန် ကား တတန်၊ လှည်းတတန် စက်ဘီးဆိုက်ကားတတန်၊ ခြေလျင်တဖုံ လှေကြုံ စုန်ရ စုန်ရ၊ ကိုယ့်ဆန္ဒနဲ့ကိုယ် သူတို့ချစ်တဲ့ခေါင်းဆောင်ဆီကိုချီတက်လာပုံများ ဒီလှိုင်းလုံးကြီးတွေလို တလိမ့်လိမ့် ပြိုဆီးလာတာသိပ်ရင်ခုန်စရာကောင်တယ်။ ညနေစာ ဘယ်လိုစားရမယ်မှန်း မသေခြာသေး ပေမဲ့ ဘယ်သူမှထမင်းထုပ်ဝေမယ်လို့ မက်လုံးပေးနေစရာမလိုဘူး။ ပါးကွက်ကျားနဲ့အဖွားအိုတွေ ကွေးနေအောင်ကတာ မြင်ဘူးပါရဲ့လား မိတ်ဆွေ၊ အရေတွန့်ပြီး လက်ပျင်းတွဲကျနေတဲ့ လက်ရုံးကိုမြှောက်ပြီး အားမန်နဲ့ ကြိုဆိုနေတဲ့ အဖိုးအိုတွေ သင်တွေဘူးပါရဲ့လား သွားကြည့် ချေ၊ မျက်ရည်ခသွားမယ်။
ဒီလိုပြည်သူတွေနဲ့ ဒီခေါင်းဆောင်နဲ့သာဆိုရင် မြန်မာနိုင်ငံဒီမိုကရေစီ မရနိုင်စရာအကြောင်းမရှိဘူး။ ထီးလို မင်းလိုမဟုတ်လား။ ခင်ဗျားတို့အားလုံးပါဘို့လိုပါတယ်။ ဒါမှပြည့်စုံမယ်လေ။ နိုင်ငံသစ်တည်နေပြီမိတ်ဆွေ..
မိုးမခ..မှကူးယူတင်ပြသည်
0 comments:
Post a Comment