http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Apr 2012

ကော့မှုးမှ သက်ကြီး မဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်


ကော့မှုးမှ သက်ကြီး မဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်ရွှေးကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာ အုပ်စုများမှ မဲပေးခဲ့သည့်အသက်အကြီးဆုံးမဲဆန္ဒရှင်(၆၂)ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်မှဂါရ၀ပြု ကန်တော့မည်ဟု သိရသည်။
ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စု တစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦးစီကို ဖိတ်ကြားမည်ဟု ကော့မှုး မဲအောင်နိုင်ရေး အဖွဲ့ မှ ဦးလှမြင့်က ပြော သည်။
“NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကို မဲပေးမှမဟုတ်ဘူး၊ ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စု တစ်စုစီက အသက် အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်း လာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။
သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြု ကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာ အကျိုးပြု ရန်ပုံငွေများ ပေးအပ် ချီးမြုင့်မည်ဟု သိရသည်။
ရန်ပုံငွေ အနေဖြင့် ပထမဆု (၁၇၅) သိန်း၊ ဒုတိယဆု(၇၅) သိန်း၊ တတိယဆု သိန်း (၅၀) ချီးမြုင့်မည်ဖြစ်သည်။
“မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာ အကျိုးအတွက် ဘယ်နေရာတွေမှာ သုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာ ရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုး မဲအောင်နိုင်ရေး အဖွဲ့ဝင် ကိုလင်းဇော်က ပြောသည်။
မြန်မာ နှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြု ကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာ အနုပညာ ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်ကြမည်ဟု သိရသည်။
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif