http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

ဘော်လ်တန်အသင်းနှင့် စပါးစ်အသင်းတို့၏ အက်ဖ်အေကွာတား ပြန်ကန်ပွဲစဉ်အား မတ် (၂၇)ရက်တွင် ယှဉ်ပြိုင်သွားမည်

ဘော်လ်တန်အသင်းသည် သူတို့အသင်း၏ စပါးစ်အသင်းနှင့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပြန်ကန်ပွဲစဉ်အား
လာမည့်အပတ် မတ် (၂၇)ရက်တွင် ၀ှိုက်အယ်လိန်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဘော်လ်တန်အသင်း၏ကြေညာချက်တွင် ဘော်လ်တန်အသင်းသည် ဘလက်ဘန်းလ်အသင်းနှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အား လာမည့် စနေနေ့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သလို၊ အက်ဖ်အေ ပြန်ကန်ပွဲစဉ်အားလည်း လာမည့် အင်္ဂါနေ့တွင် ယှဉ်ပြိုင်သွားမည်ဟု ဖော်ပြပါရှိသည်။

စပါးစ်အသင်းနှင့် ဘော်လ်တန်အသင်းတို့၏ မူလအက်ဖ်အေပွဲစဉ်မှာ၊ အဆိုပါပွဲ၏ ပထမပိုင်း ပွဲချိန် (၄၂)မိနစ်တွင် ဘော်လ်တန်ကစားသမား မြူအမ်ဘ ကွင်းအတွင်းလဲကျသွားခဲ့မှုကြောင့်၊ ဖျက်သိမ်းခဲ့ရသည်။               http://mutdfan.com/index.php/readmore/post/41932

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif