http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

ပန်းမ၀င်ခင်၊ တက်မထောင်မိဖို့လိုတယ်ဟု ပြောကြားလိုက်သည့် ကာကာ

ရီးရဲလ်ကွင်းလယ်လူ ကာကာက ရီးရဲလ်အသင်းသားများအနေဖြင့် လာလီဂါဖလားအား တရားဝင်မရရှိသေးသရွေ့၊ ပေါ့လျော့လို့မရကြောင်း သတိပေးပြောကြားလိုက်သည်။

ကာကာသည် (၂၀၀၇-၂၀၀၈)ဘောလုံးရာသီနောက်ပိုင်း၊ ရီးရဲလ်အသင်း၏ပထမဆုံးလာလီဂါဖလားအား ကိုင်မြှောက်ရန် ဆန္ဒပြင်းပြနေပြီး၊ အသင်းဖော်များအားလည်း ၀ိုင်းဝန်းကြိုစားကြရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်က ဘာစီလိုနာနည်းပြ ဂွာဒီယိုလာက အမှတ်ကွာဟချက်အရ၊ ဘာစီလိုနာအသင်း လာလီဂါဖလားရရှိရန်မှာ၊ ရီးရဲလ်အသင်းရှုံးပွဲများကြုံတွေ့မှသာလျှင် ဖြစ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ပြီး၊ ကာကာကလည်း ရီးရဲလ်အသင်းအနေဖြင့် ရှေ့လာမည့်ပွဲစဉ်များအား အာရုံစိုက်ကစားသွားရမည်ဖြစ်ကြောင်း အသင်းဖော်များအား  သတိပေးပြောကြားခဲ့သည်။

“ ချန်ပီယံဖြစ်ဖို့၊ ကျွန်တော်တို့က ဘာကာထက် အခွင့်အရေးအများကြီး ပိုရှိပါတယ်၊ ဘာကာဟာ အလွန်တောင့်တင်းတဲ့
အသင်းပါ၊ သူတို့မှာ ဂရိတ်ပလေယာတွေအများကြီးရှိပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ဟာ သင်္ချာနည်းအရ၊ ချန်ပီယံ မဖြစ်မချင်း၊ စိတ်ချလို့ မရပါဘူး၊ ” ဟု ကာကာက ပြောကြားခဲ့သည်။

ဆက်လက်ပြီး၊ ကာကာက သူ၏ကြံ့ခိုင်မှုပြဿနာမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့်၊ ရီးရဲလ်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ချိန်တုန်းက လကမ္ဘာသို့ရောက်သွားသည်ဟု ထင်မှတ်ရလောက်အောင် ပျော်ရွှင်မိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ ကျွန်တော့်ရဲ့ကြံ့ခိုင်မှု က တိုးတက်လာနေပါတယ်၊ အရင်ခြေစွမ်းပြန်ရအောင်လည်း ကြိုးစားသွားမှာပါ၊ မက်ဒရစ်ဟာ ကျွန်တော့်ဘ၀ရဲ့ ခြေလှမ်းသစ်တစ်ခုပါ၊ ဒီနေရာမှာ သမိုင်းတစ်ခု ရေးထိုးလိုပြီး၊ ဆုဖလားတွေ ရယူသွားချင်ပါတယ်၊ မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုတုန်းက အရမ်းစိတ်လှုပ်ရှားမိခဲ့ပါတယ်၊  ဒီကလပ်ဟာ ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်ခုပါ၊ ဂရိတ်ပလေယာများစွာ ဒီအသင်းမှာ ကစားခဲ့ပါတယ်၊ အခု ကျွန်တော်လည်း ဒီမှာ ကစားနေပါတယ်၊ မက်ဒရစ်မှာ ကစားရတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ” ဟု ကာကာက AS သတင်းဋ္ဌာနသို့ ပြောကြားသွားခဲ့သည်။

http://mutdfan.com/index.php/readmore/post/41928

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif