http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

မူအမ်ဘာ ဖြစ်စဉ်အပြီး တစ်ရက်ခြားတွင် အိန္ဒိယမ်း ဘောလုံးသမား တစ်ဦး ကွင်းထဲတွင် လဲကျသေဆုံး

စပါးအသင်းဖြင့် ကစားခဲ့သော ပွဲစဉ်တွင် နှလုံးရောဂါဖောက်၍ ကွင်းထဲတွင် သတိမေ့ လျစ်မျောခဲ့သော ဘော်လ်တန်ကစားသမား မူအမ်ဘာ၏ ဖြစ်စဉ်အပြီး တစ်ရက်ခြားတွင် အိန္ဒိယနိုင်ငံတွင် ဘောလုံးသမား တစ်ဦး ကွင်းထဲတွင် လဲကျသေဆုံးသွားခဲ့သည်။

အိန္ဒိယ နိုင်ငံ A Division တွင် ၀င်ရောက်ယှဉ်ပြိုင်နေသော ဘင်ဂလိုမားစ် အသင်း၏ ကွင်းလယ်ကစားသမား အသက်(၂၇)နှစ်အရွယ် ဗင်ခါတက်စ်သည် (၇၃)မိနစ်တွင် လူစားဝင် ကစားသမားအဖြစ် ၀င်ရောက် ကစားခဲ့ပြီး ပွဲအပြီးတွင် လဲကျသွားခဲ့သည်။ ဒိုမန်စတစ် မီဒီယာ၏ ဖော်ပြချက်အရ ထိုသို့လဲကျသွားစဉ် ဆေးရုံသို့ပို့ဆောင်ရန် လူနာတင်ယာဉ်ပင် မရှိခဲ့သောကြောင့်၊ သုံးဘီးယာဉ်ဖြင့်သာ ဟော့စ်မတ်ဒ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

http://www.deccanherald.com/images/editor_images1/2012/03/22/football-death_1.gif

မူအမ်ဘာဖြစ်စဉ်တွင်မူ ကောင်းမွန်ကျွမ်းကျင်သော ဆေးဝန်ထမ်းများနှင့် ပစ္စည်းအထောက်အပံ့ ပြည့်စုံခဲ့သောကြောင့် အသက်ဆက်နိုင်ခဲ့သော်လည်း၊ အဆိုပါ အိန္ဒိယမ်း ကစားသမားမှာမူ ကုသမှု မခံယူရမီမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။   http://mutdfan.com/index.php/readmore/post/41925

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif