http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 May 2012

THE STRAITS TIMES သ တင်း စာ(Life)မှာ ဖော်ပြခြင်း ခံ ရ တဲ့ ဒါ ရိုက် တာ ဝိုင်း

မေ၂ရက်ထုတ် THE STRAITS  TIMESသတင်းစာ (Life) က ‘Portrait of Myanmar uncut’ ခေါင်းစဉ်နဲ့ ဒါရိုက်တာ ဝိုင်း ကမ္ဘောဒီယား နိုင်ငံကို မသွားခင်က အင်တာဗျူး လုပ်ခဲ့ပါတယ်။ အဲဒီမှာ ‘အဲဒီ အခန်း ဖြတ်’ ဇာတ် လမ်း တို နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီလိုဇာတ်လမ်း မျိုးတွေရိုက်လို့ ရပြီလားလို့မေးခဲ့ ပါတယ်။တရား ဝင်တော့မဟုတ်သေးပါဘူး။ ဒီလိုမျိုးတရားဝင် ဖော်ပြခွင့်ရရင် ချမ်းသာနေပါပြီ၊ အခုက ငွေကြေးအရမရပေမယ့် အနုပညာအရတော့ အောင်မြင်ခဲ့ပါ တယ်။ Freedom ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့အတွက် နိုင်ငံခြားကထုတ်တဲ့ သတင်းစာတွေမှာ ဖော်ပြခြင်းခံ ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ စနစ်တချို့ကို လည်းဖော်ပြခွင့်ရခဲ့တယ်။ ပြသ ခွင့်ရတဲ့ အတွက် ကမ္ဘာကလည်းမျက်ဝါး ထင်ထင်မြင် တွေ့ခွင့်ရကြမယ်။ ချွတ်ယွင်းနေတဲ့ စနစ်တချို့ကို မြင်တွေ့ရမှာပါ။ ဒီသတင်းစာမှာ ဒါရိုက်တာဝိုင်း  အနေနဲ့ မဖော်ပြဘဲ ထွန်းဇော်ဝင်းအနေနဲ့ ဖော်ပြထားတယ်။ ဒါ လည်း ရေးသားသူရဲ့ အာဘော်တစ်ခုပဲဖြစ်မှာပါ။ သူတို့ရဲ့ အရေးအသား၊ အာဘော်ကပရိသတ်ကို ဘယ်လိုပေးချင် လဲမသိဘူးလေ။ အစမှာ ထွန်းဇော်ဝင်းလို့ ရေးပေမယ့် နောက်ပိုင်းမှာ ဒါရိုက်တာ ဝိုင်းလို့ သုံးနှုန်းလာတယ်။ တကယ်ဖြစ်နေတာကို အမှန်အတိုင်းရေးသားတဲ့ အတွက် ကျေနပ်ပါတယ်။ဘာပဲပြောပြော ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက နိုင်ငံတကာအထိ အသိအမှတ်ပြုခြင်းခံရတယ်။ သတင်းစာမှာ အခုလိုဖော်ပြတဲ့အတွက် လည်း ကျေနပ်တယ်။ အဲဒီလောက်ထိ မျှော်လင့်ပြီးရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမျိုး မဟုတ်ဘဲအသိအမှတ်ပြုတဲ့အတွက် ဝမ်းသာကျေနပ်တယ်” လို့ ပြောပါတယ်။ 
popularmyanmar.com/mpaper/archives/41873

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif