http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 May 2012

နိုင်ငံရေးလောကထဲကို ခြေစုံ ပစ် ဝင် ဖို့ မသေ ချာပေ မယ့် တတ်နိုင် သလောက်တော့ လုပ်သွား မယ် ဆို တဲ့ ထွန်း အိန္ဒြာဗို

ထွန်းအိန္ဒြာဗိုက ပြေတီဦးနဲ့ဗီဒီယိုနှစ်ကား ရိုက်ဖို့ ပြင်ဦးလွင်ကို  မေလ၂ရက်နေ့က ရောက်ရှိလာပါတယ်။ သူ့ရဲ့မွေးနေ့ မေလ၁ ရက်နေ့မှာတော့ ပြင်ဦးလွင်ကို တက်လာ တာမို့ လမ်းခရီးမှာပေါ်မှာပဲ မွေးနေ့ကို ကုန်လွန်ခဲ့ရတာပါ။ သားဖြစ်သူ အိပ်ပျော်နေချိန်မှာ ခရီးထွက်ခဲ့တာမို့ သားဖြစ်သူ အောင်ဗိုကောင်းသန့်က သူနိုးတဲ့အခါမှာ မိခင်ဖြစ်သူ ထွန်းအိန္ဒြာဗိုကို မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက မေလ ၁ရက်နေ့ နိုးနိုးချင်းမှာပဲ မွေးနေ့ ဆုတောင်းလုပ်ခဲ့တယ်လို့ သိရပါ တယ်။ မွေးနေ့မတိုင်မီ ရိပ်သာဝင်ခဲ့တာမို့ ရိပ်သာမှာပဲ မွေးနေ့ လှူလို့ပြောရမယ့် အလှူလုပ်ဖြစ်ခဲ့တယ် လို့ဆိုတဲ့ ထွန်းအိန္ဒြာဗိုက မွေးနေ့လို့မဟုတ်ဘဲ လစဉ် အလှူလုပ်ဖြစ် တယ်လို့ ပြောပါတယ်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့သူ့ သူငယ်ချင်းအယောက်၂ဝ လောက်ကို ရန်ကုန်ပြန်ရောက်မှပဲ မုန့်ကျွေးဖြစ်မယ်လို့ ပြောပါတယ်။ ပြင်ဦးလွင် မှာ နှစ်ပတ်ကြာ နေထိုင်ပြီး ဇာတ်ကားတွေရိုက်ကူးမယ့်ထွန်းအိန္ဒြာဗိုကို တက်သစ်စမင်းသမီးတွေက လေးစားအားကျပြီး ဇာတ်ကားကောင်းတွေကို ပြန်ရိုက်ချင်ကြ တယ်လို့ ပြောပါတယ်။ အဲဒီလိုပဲ ထွန်းအိန္ဒြာဗိုကော ဘယ်မင်းသမီးကြီးတွေရဲ့ ဇာတ်ကားတွေ ပြန်ရိုက်ချင်လဲမေးတော့..”နိုင်ငံခြားကားတွေ အများကြီး ပြန်ရိုက်ချင် တာရှိတယ်။ ငယ်ငယ်ကကြည့်ခဲ့တဲ့ မြန်မာကားတွေကို ပြန်ကြည့်မှ ဖြစ်မယ်။  ငယ်ငယ်ကကြည့်ရတာနဲ့ အခုအလုပ်လုပ်မှ ကြည့်ရတာ အမြင်ချင်းက မတူဘူး။ ငယ်ငယ်က ပရိသတ်ပေါ့။ အခုတော့ ပြန်ကြည့်ရင် ကိုယ်သာဆိုရင်ဆိုတဲ့စိတ်နဲ့ မြင်ကြည့်တာ။ မကြည့်ဖြစ်သေးလို့ပါ။ ကြည့်ဖြစ်ရင် အဲဒီအာရုံပေါ် လာဦးမှာ ပဲ”လို့ ပြောပါတယ်။ ကျွန်တော်မမေးမိတဲ့အထဲက အစ်မဘာများပြောချင် နေမလဲဆိုတော့ ”ဒီနေ့ အမေတို့ လွှတ်တော် တက်ကြတဲ့အတွက် ကျွန်မတအားဝမ်းသာတယ်။ အမေလွှတ်တော်ကို ဝင်တာ၊ အဖွဲ့ချုပ်လွှတ် တော်ထဲဝင်တာက ရင်းနှီးမှုတွေ၊အနစ်နာခံမှုတွေ အများကြီးနဲ့လဲပြီးမှ ဝင်ခဲ့ရတာပါ။ အမေတို့လည်း တိုင်းသူပြည်သားတွေ ကောင်းစားဖို့ အတွက် သေချာပြင်ဆင်ပြီးသား ဖြစ်မယ်လို့ယုံကြည်တယ်။ အမေတို့ လုပ်တဲ့အလုပ်တွေကလည်း တိုင်းသူ၊ပြည်သားတွေ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါ တယ်။ ထွန်းအိန္ဒြာဗိုက ပြည်သူ တွေကောင်းစားဖို့ ဆိုတဲ့ ရည်ရွယ်ချက်အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ တက်ကြွစွာ ပါဝင်ကူညီခဲ့တာမို့ နောင်တစ်ချိန် မှာကော နိုင်ငံရေးလောကထဲမှာ မြင်ရဖို့ရှိလားဆိုတဲ့ အမေးကို..”နိုင်ငံတကာမှာလည်း Celebrity တွေ နိုင်ငံရေး လောကထဲဝင်ပြီး  ပံ့ပိုးကြတာတွေ  ရှိပါတယ်။  ကျွန်မ ကတော့ နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ဖို့ မသေချာဘူး။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကျွန်မ လုပ်သွားမယ်ဆိုတာ သေချာတယ်” လို့ပြောပြခဲ့ပါတယ်။
   http://popularmyanmar.com/mpaper/archives/41876

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif