http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

မီးကြွင်း မီးကျန်မှ တဆင့် မိတ်္ထီလာ မြို့၌ မီးလောင်ကျွမ်းခဲ့

မန္တလေးတိုင်း ဒေသကြီး၊ မိတ်္ထီလာမြို့ရှိ ရတနာမာန်အောင် ရပ်ကွက်မှာ မတ်လ ၁၇ ရက်နေ့ နံနက် ၁ နာရီက မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ
မီးလောင်မှုဟာ နေအိမ်မှာ ရှိတဲ့ မီးဖို မီးကြွင်း မီးကျန်က တဆင့် လောင်ကျွမ်း ခဲ့တာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနက သိရပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ အိမ်ဟာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ထပ်အိမ် အမျိုးအစား ဖြစ်ပါတယ်။ မီးလောင် ကျွမ်းမှုကို မီးသတ် ဦးစီး ဌာနက နံနက် ၁ နာရီ ၅ မိနစ် အချိန်မှာ သတင်းရရှိ တဲ့အတွက် မီးသတ်ယာဉ် ၆ စီး၊ စည်ပင် ရေသယ်ယာဉ် ၁ စီး၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၁၀ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၇၅ ဦးတို့နဲ့ သွားရောက် မီးငြှိမ်းသတ် ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အတွက် နံနက် ၁ နာရီ၊ မိနစ်၂၀ မှာ မီးထိန်း နိုင်ခဲ့ပြီး ၁ နာရီ၊ မိနစ် ၃၀ မှာတော့ မီးငြိမ်း သွားခဲ့ပါတယ်။ အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် လူနေအိမ် ၆ လုံး မီးလောင် ပျက်စီးခဲ့ပြီး ဆုံးရုံးမှု ကတော့ တန်ဖိုးငွေ ကျပ် ကိုးသိန်း နီးပါး ရှိတယ်လို့ သိရပါတယ်။ မီးလောင် ပျက်စီးခဲ့ရတဲ့ နေအိမ် တွေက မီးဘေးသင့် မိသားစုဝင် တွေကိုတော့ ရတနာမာန်အောင် ဘုရားဝင်း အတွင်းမှာ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထား ရှိတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4                 http://www.thithtoolwin.com/2012/03/blog-post_

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif