http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

စစ်တွေမြို့မှ ထွက်ခွာလာသော ဘင်္ဂါလီလူမျိုး(၈၂) ဦးတင်ဆောင်လာသည့် စက်လှေအားထိန်းသိမ်း

ဧရာဝတီ  တိုင်းဒေသကြီး ငပုတောမြို့နယ် ပြင်ခရိုင်ကျေးရွာအုပ်စု ဝါးကုန်းကျေးရွာတွင် မတ်လ(၁၅)ရက် နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်ခန့်က ဘင်္ဂါလီလူမျိုး(၈၂)ဦးကို တင်ဆောင်လာသည့်ရေယာဉ်တစ်စီး အင်ဂျင်စက်ခိျု့ယွင်းမှုကြောင့်
အရေးပေါ် ဆိုက်ကပ်ခဲ့  ရကြောင်း သိရသည်။

ရေယာဉ်မှာ အလျား(၄၂)ပေ၊ အနံ(၉)ပေ၊စောက်(၄)ပေခွဲရှိ  တန်ကေးအမျိုးအစား တရုတ်နီ(၂၂)ကောင်တပ်ရေယာဉ်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီ လူမျိုးများ ကျား(၈၁)ဦး မ(၁)ဦး စုစုပေါင်း (၈၂)ဦးကို မတ်လ(၁၀)ရက်နေ့ ည-၁၂ နာရီခန့်က ပေါက်တောမြို့နယ် ပါရီပါရာ ရွာမှ ရန်ကုန်တိုင်းဒေသကြီး ဒလဆိပ်ကမ်းသို့ထွက်ခွာလာရာ ဝါးကုန်း ကျေးရွာအနီးအရောက်တွင် အင်ဂျင်စက်ခိျု့ယွင်းပြီး စက်လှေဝမ်းဗိုက်မှ ရေစိမ့်ဝင်ခြင်း တို့ကြောင့် ကမ်းခြေသို့ ဆိုက်ကပ်ခဲ့ရ ကြောင်းသိရသည်။

စက်လှေ ပေါ်တွင်ပါလာသည့် ဘင်္ဂါလီလူမျိုး(၈၂)ဦးကို ဟိုင်းကြီးကျွန်း မြို့နယ်ခွဲရှိ   တာဝန်ရှိသူများက ဝါးကုန်းကျေးရွာ  အုပ်စု စီလောင်ကျေးရွာရှိ မူလတန်းလွန်  ကျောင်းတွင် ထိမ်းသိမ်းထား ရှိပြီး စစ်ဆေးခဲ့ရာ တစ်ဦးလျှင် ကျပ်ငွေ (၁၅၀၀၀၀) နှုန်းဖြင့် ပေါက်တောမြို့နယ်၊ တောင်ရွာပါ ရွာနေ မာတန်မှ(၁၆)ဦး၊ ပါရီပါရာရွာနေ မမော်ဒမ်မှ(၈)ဦး၊ပါရီပါရာရွာနေ မမော်ဒမ်မှ (၈)ဦး၊ ပါရီပါရာရွာနေ မမော်ဒမ်မှ (၈)ဦး၊ ပါရီပါရာရွာ နေ ဒူမာဟာကင်းမှ (၁၁)ဦး ၊ ပေါက်တောမြို့နေ ဟာဘီဒူလာ မှ(၄)ဦး ၊ ပေါက်တောမြို့နယ် အန်နာတိုမ်ရွာနေ အဒူရှစ်ရ်မှ(၁)ဦး ၊ ပါရီပါရာရွာနေ ဟာလီအူစခန်းမှ (၁၆) ဦး ၊ ခုံတန်းရွာနေ ဆာရာမူကူနာမှ (၃)ဦး ၊ ပေါက်တောသောင် ရွာနေ မူဆိုလီမှ(၂) ဦးကို အသီးသီးကို ခေါ်ယူလာ ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။


http://www.thithtoolwin.com/2012/03/blog-post

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif