http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

မျိုးချစ်ဂုဏ်ရည်ဆု ၈၈မျိုးဆက် ကျောင်းသား များနှင့် နာရေးကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက် တို့ ရရှိ

ပြည်ပနိုင်ငံ များမှ မျိုးချစ်မြန်မာများ စုပေါင်း ဖွဲ့စည်းထားပြီး သီရိ လင်္ကာနိုင်ငံ မှ Patriotic Award Committee အဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် Patriotic Award (မျိုးချစ် ဂုဏ်ရည်) ဆုအား မြန်မာနိုင်ငံမှ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ)ဒေါ်ရွှေဇီးကွက်တို့ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၆ ရက်နေ့ က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေး ကူညီမှုအသင်း (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ယင်းဆုများ ကို Patriotic Award Committee အဖွဲ့ ကိုယ်စား ၈၈ ကျောင်းသားများအဖွဲ့ ကို နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူ က ပေးအပ် ချီးမြှင့်ခဲ့ ကာ နာရေး ကူညီမှု အသင်းမှ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက် ကိုမူ နာရေးကူညီမှုအသင်း၏ ရာသက်ပန် အသင်းသား အဆိုတော် ဆောင်းဦး လှိုင်က ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဒီဆုဖြစ်ပေါ်လာပုံ အကြောင်းရင်းက ၈၈ ကျောင်းသားခေါင်း ဆောင်တွေ လွတ်မြောက်လာပြီး နောက် ဦးဇင်းရဲ့ဒကာ၊ ဒကာမအချို့ က သူတို့ကို ဘယ်လိုကူညီနိုင်ရင် ကောင်းမလဲဆိုတဲ့ စကားသံတွေက အစပြုခဲ့တာပါ။ ဒါကြောင့်ဒီဆုက တစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ အသက်၊ သွေး၊ ချွေးတွေနဲ့ တိုင်းပြည်အတွက် စတေး ခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုပေးအပ်တဲ့ဆုပါ။ ဘယ်လို အခက်အခဲတွေ ရှိစေကာမူ နောင်နှစ်တွေမှာ ဒါထက်ပိုပြီး လုပ်ဆောင်နိုင်အောင် ပြည်တွင်းက လူတွေရောပါ မေတ္တာရပ်ခံချင်ပါတယ်။ နှစ်စဉ် နှစ်တိုင်းမှာလည်း ကိုယ့်နိုင်ငံ အစိုးရဟာ နောက်ကြောင်းပြန် မလှည့်ဘူးဆိုရင် နိုင်ငံတကာက မျိုးချစ်သူ ရဲကောင်းတွေ ကိုပါ ပေးအပ်ဖို့ မျှော်လင့်မိပါတယ်”ဟု ပြည်ပမှ ဆရာတော် ဥူးမေတ္တာစာရ၏ နှုတ်ခွန်း ဆက်သ၀ဏ်လွှာအား ၎င်းကိုယ်စား နာရေးကူညီမှုအသင်း (ဥက္ကဋ္ဌ) ဦးကျော်သူက ဖတ်ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ၈၈ ကျောင်းသား ခေါင်းဆောင်များအတွက် ဂုဏ်ပြု အလှူငွေအဖြစ် ၃၈၈၂၅၀၀ ကျပ်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် အတွက် ဂုဏ်ပြု အလှူငွေ ၇၇၆၅၀၀ ကျပ်တို့ကို Patriotic Award Committee အဖွဲ့မှ ထပ်မံ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။ နာရေးကူညီမှု အသင်းမှ အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကလည်း ဧမာနွေလ ဘုရားကျောင်းမှ ပေးအပ်သော လူသားချင်းဆိုင်ရာ မဟာဘွဲ့ (Master Of Humane Social Services) ချီးမြှင့်ခံခဲ့ရကြောင်း သိရှိရသည်။ Patriotic Award Committee ကို ယခု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နိုင်ငံတကာရောက် မြန်မာများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုချီးမြှင့်သည့် ဆုမှာယင်းအဖွဲ့မှ ပထမဦးဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။             http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif