http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

သေတမ်းစာထဲမှာ ပိုင်ဆိုင်မှုအကုန်လုံး သမီးကို လွှဲပေးထားခဲ့တဲ့ ဟူစတန်

ကွယ်လွန်သူ အဆိုတော် ၀ှစ်တနီ ဟူစတန်ရဲ့သေတမ်းစာအရ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ခင်ပွန်း ဟောင်း ဘော်ဘီဘရောင်းနဲ့ ရတဲ့ သမီးဖြစ်သူ ဘော်ဘီ ခရစ္စတီးနားကို ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ဘော်ဘီခရစ္စတီးနားဟာ ၀ှစ်တနီရဲ့ ပိုင်ဆိုင် မှုတွေ အားလုံးကို ရရှိခံစားရမှာ ဖြစ်ပါတယ်။
သေတမ်းစာအရ ၀ှစ်တနီ ရဲ့ငွေကြေးပိုင်ဆိုင်မှုအပြင် ပရိဘောဂ၊ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်း၊ လက်ဝတ်ရတနာတွေနဲ့ ကားတွေအကုန် လုံးကို ပိုင်ဆိုင်ခွင့်ရှိတယ်လို့ Inside Edition မဂ္ဂဇင်းမှာဖော်ပြထားပါတယ်။
အမွေတွေကို ခရစ္စတီးနား အသက် ၂၁ နှစ်ပြည့်တဲ့အထိ အုပ်ထိန်းသူတွေက ထိန်းသိမ်းပေးထားရမှာဖြစ်ပြီး အသက် ၂၅ နှစ်ပြည့်တဲ့အခါ ငွေတချို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အသက် ၃၀ ပြည့်ပြီဆိုရင်တော့ ကျန်ငွေတွေအားလုံးကို ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်ပါတယ်။
ဟူစတန်ရဲ့မိခင် Cissy က သေတမ်း စာ အတည်ပြုသူအဖြစ်ဆောင်ရွက်ရမှာ ဖြစ်ပြီး အစ်ကို မိုက်ကယ်နဲ့ ယောက်မ ဒေါ်နာတို့က အမွေအုပ်ထိန်းသူတွေအဖြစ် တာဝန်ယူသွားကြမှာဖြစ်ပါတယ်။
အဆိုတော်ဟာ ဒီသေတမ်းစာကို ၁၉၉၃ ခုနှစ်မှာ အကြမ်းရေးခဲ့ပြီး ဘရောင်းနဲ့ ပေါင်းသင်းနေစဉ်ကာလ အတွင်း ၂၀၀၀ ပြည့်နှစ်မှာ ပြန်လည်ပြင် ဆင်ခဲ့တယ်လို့ မဂ္ဂဇင်းရဲ့ ၀က်ဘ်ဆိုက် မှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ တကယ်လို့ ဟူစတန်ထက် အရင် သူ့သမီးကွယ်လွန်ခဲ့ပါက ပိုင်ဆိုင်မှု တွေကို ခင်ပွန်းဟောင်း၊ အမေဖြစ်သူနဲ့ တခြား ဆွေမျိုးတွေ ခွဲဝေယူကြရမယ်လို့ လည်း သေတမ်းစာထဲမှာ ဖော်ပြထား ပါတယ်။
ဟူစတန် (၄၈ နှစ်)ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လော့ဆန်းဂျလိစ်က ဟိုတယ်ရေချိုးခန်းထဲမှာ ကွယ်လွန်သွား ခဲ့တာဖြစ်ပါတယ်။
ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နေတဲ့ အိပ်ဆေးနဲ့ အရက် ပေါင်းသွားတာကြောင့် သေရတာလို့ ကောလာဟလတွေ ထွက်နေပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာကတော့ အလောင်းကို ရင်ခွဲစစ်ဆေးပြီး ရက် အတော်ကြာတဲ့အထိ သေဆုံးရတဲ့ အကြောင်းရင်းကို တရားဝင်ထုတ်ပြန် ခြင်း မရှိသေးပါဘူး။      http://www.myanmar.mmtimes.com/2012

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif