http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

'ရူးသွပ်ခြင်း ပင်လယ်'ဆိုတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိထုတ်တော့မယ့် ရဲလေး

ရဲလေးဟာ အဆိုရှင်တစ်ယောက် အနေနဲ့သာမကဘဲ မင်းသား၊ လူရွှင်တော်၊ ကဗျာဆရာစတဲ့ ဂုဏ်ပုဒ်ပေါင်းစုံ နဲ့ လူသိများထင်ပေါ် ကျော်ကြားသူ တစ်ဦးဖြစ်တာနဲ့အညီ မှတ်တိုင်တစ်ခု စိုက်ထူချင်တဲ့ရည်ရွယ်ချက်နဲ့ 'ရူးသွပ် ခြင်း ... ပင်လယ်'လို့ အမည်ပေးထား တဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို မတ်လ ၂၅ ရက် နေ့ကစပြီး Synergy ထုတ်ဝေရေးကနေ ဖြန့်ချိသွားတော့မှာ ဖြစ်ပါတယ်။
"ကျွန်တော်တို့လောကထဲက အဆို တော်တစ်ယောက်ကပြောတယ်။ သူ့အိမ် မီးလောင်သွားတော့ ရွှေ၊ငွေတွေ မီးထဲ ပါသွားတာထက် ဘာကိုပိုနှမြောတသ ဖြစ်ခဲ့လဲဆိုတော့ သူ့ငယ်ဘ၀က အမှတ် တရအရာတွေ၊ ဓာတ်ပုံတွေ တော်တော် များများ မီးထဲပါသွားတော့ တော်တော် ကို စိတ်မကောင်းဖြစ်တယ်လို့ ကျွန်တော့ ကို ပြောပြဖူးတယ်။ အဲဒါတွေကို သေချာ သိမ်းဆည်းထားဖို့လည်း ကျွန်တော့ကို ပြောတယ်။ အဲဒီကနေစပြီး အိုင်ဒီယာရ သွားတာပါ" လို့ အတ္ထုပ္ပတ္တိစာအုပ်ထုတ်ဖို့ စဉ်းစားဖြစ်ပုံကိုရဲလေးကပြောပါတယ်။
စာအုပ်ထုတ်ဝေဖို့ ကြိုးစားလာခဲ့တာ နှစ်နှစ်ခွဲရှိပြီလို့လည်း ပြောပြပြီး "၂၁ ရာစု နောက်ပိုင်းမှာ ရဲလေးဆိုတဲ့ လူငယ်လေး တစ်ယောက် ပရိသတ်တွေကြားမှာ အောင်မြင်မှုရခဲ့တယ်။ ပရိသတ်တွေ သိခဲ့ အားပေးခဲ့တဲ့ အဆိုတော်ကောင်လေး တစ်ယောက် ရှိခဲ့ပါလား ဆိုတာကိုလည်း သိစေချင်တဲ့အတွက် ဒီစာအုပ်ကို ထုတ်ခဲ့ တာပါ"လို့လည်း သူ့ရည်ရွယ်ရင်းကို ပြောပြပါတယ်။
စာအုပ်များမှာ ထည့်သွင်းထားတာ တွေကို ကဏ္ဍအလိုက် အမျိုးမျိုးခွဲထားပြီး ကိုယ်ရေးအကျဉ်း၊ လူရွှင်တော်၊ ကဗျာ၊ နှစ်သက်သော အစားအစာများ၊ ရှိုးပွဲ အမှတ်တရများနဲ့ အောင်မြင်မှုမှတ်တိုင် ကဏ္ဍများအပြင် ခရီးသွားမှတ်တမ်း ဓာတ်ပုံများနဲ့ သူငယ်ချင်းများနဲ့ တွဲဖက် ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ထည့် သွင်းထားတယ်လို့ပြောပြပါတယ်။
ဒီဇိုင်းကိုတော့ ကိုထီးက တာဝန်ယူ ဆောင်ရွက်ပေးထားတာဖြစ်ပြီး ဓာတ်ပုံ တွေကိုတော့ နာမည်ကြီးဓာတ်ပုံဆရာ တွေက ပုံဖော် ပေးထားတယ်လို့ ပြောပါ တယ်။
စာမျက်နှာပေါင်း ၂၁၂ မျက်နှာနဲ့ ဝေေ၀ဆာဆာ ဖော်ပြသွားမှာဖြစ်ပြီး စာအုပ်တစ်အုပ်ကို ကျပ် ၇,၅၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ကလည်း အလယ်လတ်တန်းစား တစ်ယောက်ဖြစ်တဲ့ အတွက် အလယ်လတ်တန်းစားလူတန်းစားကို target ထားတဲ့ အနေနဲ့ အားလုံး ကိုယ့်ရဲ့လစာလေးထဲကထုတ်ပြီး ၀ယ်သိမ်းထားနိုင်အောင်ဆိုပြီး ဈေးနှုန်းကို သတ်မှတ်ထားတာပါ"လို့ ရဲလေးက ပြောပါတယ်။     http://www.myanmar.mmtimes.com/2012/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif