http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

ဘန်ကောက် အငှားယာဉ်မောင်း ခရီးသည်မေ့ကျန် ဘတ် ၁၃ သန်းတန်ရွှေများကို ပြန်လည်ပေးအပ်

ဘန်ကောက်မြို့မှ အငှားယာဉ်မောင်းတစ်ဦးသည် ခရီးသည် တစ်ဦးမေ့ကျန်ခဲ့သော ဘတ် ၁၃ သန်း တန်ဖိုးရှိ ရွှေ့ဆွဲကြိုးများကို မတ်လ ၁၄ ရက်နေ့က ပိုင်ရှင်ဖြစ်သူအား ပြန်လည်ပေးအပ်ခဲ့သည်။ အသက် ၅၆ နှစ်အရွယ်အငှား ယာဉ်မောင်း Saksri Ketseekaro  သည် ၄င်း၏ အငှားယာဉ်ပေါ်တွင် ကျန်ခဲ့သော စုစုပေါင်း အလေးချိန် ၈ ကီလို ဂရမ်ရှိ ရွှေဆွဲကြိုးများကို ပိုင်ရှင်ဖြစ်သူ Ekkarat Kanok-wannakorn အား ရဲတပ်ဖွဲ့အသံ လွှင့်စခန်း FM 91 တွင် ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ Ubon Ratchathani မှ ရွှေ ဆိုင်ပိုင်ရှင် Mr. Ekkarat  သည် ရွှေထည်များကို ဒီဇိုင်းပြင်ဆင်ရန် ဘန် ကောက်မြို့ Yaoawart အရပ်သို့အသွား  Mr. Sksri ၏ အငှားယာဉ်ကို ငှားစီးနင်းပြီး မေ့ကျန်ခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းဖြစ်သူသည် ယာဉ် နောက်ခန်းတွင် လက်ဆွဲအိတ်ကို တွေ့ရှိပြီး စစ်ဆေးကြည့်ရာ ရွှေဆွဲ ကြိုးများကို တွေ့ရှိ၍ အံ့သြတကြီး ဖြစ်ခဲ့ရသည်။ ”ကျွန်တော် ဒီရွှေတွေကို တကယ့်ကို ပြန်ပေးချင်တာပါ။ ဒါနဲ့ သူ့ကိုတွေ့လိုတွေ့ငြား ကားကို အဲဒီ အနီးတစ်ဝိုက် လှည့်ပတ်မောင်းပြီး ရှာခဲ့သေးတယ်။ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူး” ဟု Mr. Ekkarat ကပြောပြသည်။ ထို့နောက် သူငယ်ချင်းမိတ် ဆွေများနှင့် ဆွေမျိုးများကို အကျိုး အကြောင်း ပြောပြ၍ ရွှေထည်များ ကို ပိုင်ရှင်ထံ မည်ကဲ့သို့ ပြန်လည် ပေးပို့ရမည်ကို အကြံဥာဏ် တောင်းခံခဲ့သည်ဟု ဆိုသည်။ Mr. Ekkarat က ရွှေထည်များ ကို ပြန်လည်ပေးပို့ရန် FM များမှ တစ်ဆင့် ပန်ကြားတောင်းဆိုထားသည်ဟု ရဲတပ်ကြပ် Sakdipong Boonyawoot  က ၄င်းကို အသိ ပေးခဲ့သောကြောင့် ယခုကဲ့သို့ ပြန် လည်ပေးအပ်နိုင် ခဲ့ခြင်း ဖြစ်သည်ဟု Mr. Saksri  ကဆိုသည်။ ”ဒါနဲ့ ကျွန်တော်လည်း FM 91  ရေဒီယိုကို ချက်ချင်းဖုန်းခေါ်ပြီး ပြန်ပေးဖို့စီစဉ်ခဲ့တာ” ဟု၎င်းကပြော သည်။ ရေဒီယိုဌာနက ၄င်းတို့နှစ်ဦး ကိုတွေ့ဆုံပေးရန် စီစဉ်ပေးခဲ့သည်ဟု လည်းဆိုသည်။ ၄င်း၏ ရိုးသားမှုကို ဂုဏ်ပြု သောအားဖြင့် Mr. Ekkarat က ဘတ်နှစ်သိန်းတန်ဖိုးရှိ ရွှေဆွဲ ကြိုးများ ကို ချက်ချင်းပေးအပ်ချီးမြှင့် ပေးခဲ့ပြီး ငွေသားဘတ်သုံးသိန်းကို လည်းထပ်မံချီးမြှင့်ဂုဏ်ပြုသွားမည်ဟု ကတိပြုထားကြောင်း သိရသည်။     http://popularmyanmar.com/mpaper/archives/395

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif