http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

ကချင်ပြည်နယ်ရဲ့ ထောင့်တစ်နေရာမှာ ငိုနေသူတွေကို ကူညီဖို့ မန္တလေးကို ရောက်ရှိလာတဲ့ ရဲတိုက်

ရဲတိုက်ဖောင်ဒေးရှင်းအဖွဲ့သားတွေက ကချင်ပြည်နယ်မှာ အကူအညီလိုအပ် နေတဲ့သူတွေကို ကူညီဖို့အတွက် မန္တလေးကို ရောက်ရှိလာပါတယ်။ မန္တလေးမှာတော့ ရဲတိုက်က သူ့ဖောင်ဒေးရှင်းကနေ ကချင် ပြည်နယ်မှာ အကူအညီလိုအပ်နေတဲ့သူ တွေကို ကူညီပေးဖို့အတွက် မန္တလေးမြို့က သူ့ပရိသတ်တွေဆီမှာ လှည့်လည်ပြီး နေပူ ထဲမှာ အလှူခံခဲ့ပါတယ်။ အလှူအတန်း ရက်ရောတဲ့ မန္တလေးပရိသတ်တွေရဲ့ အလှူကြောင့် ပီတိဖြစ်နေတဲ့ ရဲတိုက်ကို ဒီလိုအိမ်တိုင်ရာရောက် အလှူခံဖို့ ဘယ်လိုစိတ်ကူး ရခဲ့တာလဲလို့မေးတော့…”ကချင်ပြည်နယ်မှာ အကူအညီ လိုအပ်နေတဲ့သူတွေ အတွက်ပါ။ အဖွဲ့အစည်း အသီးသီးက ကူညီနေကြပေမယ့်လည်း သူတို့မှာ အကူအညီ လိုအပ်နေကြဆဲပါ။ ကျွန်တော့်ဖောင်ဒေးရှင်းကလည်း ကူညီကယ်ဆယ်ရေးဘက်မှာ တာဝန်ယူမယ်လို့ ဆုံးဖြတ်ထားတာကြောင့် နောက်ကျနေပြီ ဆိုပေမယ့်လည်း ကိုယ်တတ်နိုင်တဲ့ အပိုင်း ကိုယူပြီး ဟိုကိုအရောက်သွား ကူညီပေးချင်တာပါပဲ။ ကျွန်တော်အဲဒီကို တအားသွားကူညီချင်နေပါပြီ”လို့ ပြောပါတယ်။ ရဲတိုက်ဖောင်ဒေးရှင်းက ရန်ကုန်မှာလည်း သူ့ပရိသတ်တွေဆီကနေ အလှူငွေ ကောက်ခံဦးမယ်လို့ သိရပြီး မန္တလေး၊ ရန်ကုန်နှစ်ခုပေါင်း အလှူငွေတွေကိုစုပြီး ကချင်ပြည်နယ်မှာ အကူအညီ လိုသူတွေကို သွားလှူမှာလို့ သိရပါတယ်။ ရဲတိုက်က လူမှုရေးလုပ်ငန်းတွေ လုပ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်မှာလည်း လိုက်ပါသွား တာ တွေ့ရပါတယ်။ ဒါ့အပြင် NLDပါတီကိုဝင်ဖို့ လျှောက်လွှာတင်ထားတယ် ဆိုတာကြောင့် အမတ်လောင်းအဖြစ် နိုင်ငံရေးလောကထဲမှာ မြင်ရဖို့ရှိမလားဆိုတဲ့ အမေးကို “အမတ်လုပ်ဖို့တော့ ကျွန်တော့်မှာ စိတ်ကူးမရှိပါဘူး။ ပါတီဝင်ဖြစ်တာကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ဘာလုပ်ပေးနိုင်မလဲ။ လုပ်ပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ဝင်ခဲ့တာပါ”လို့ ပြောပါတယ်။ အနုပညာ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဧပြီလမှာ သူ့ရဲ့ အသက်၂၈နှစ် ပြည့် မွေးနေ့ပြီးရင်တော့ ဖူးခက်မှာ ချစ်သုဝေ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့နဲ့ အတူ ကားတစ်ကား သွားရိုက်ဖို့ရှိတယ်လို့ ဆိုတဲ့ရဲတိုက်က သင်္ကြန်အစီအစဉ်ကတော့ ထုံးစံအတိုင်း ဘာမှမရှိပါဘူးလို့ ပြောပြခဲ့ပါတယ်။
နေကွန်းထင်

မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးမှ Chairman ဦးအေးဇော်က လှူဒါန်းစဉ်
အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်စဉ်
အလှူရှင်ကို ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ဖို့ လက်မှတ်ရေးထိုးနေတဲ့ ရဲတိုက
King Square ဖက်ရှင်ဆိုင်မှာ တိုးမပေါက်အောင်တွေ့ရတဲ့ ရဲတိုက်ရဲ့ပရိသတ်
http://popularmyanmar.com/mpaper/archives/39174

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif