http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

ဗြဟ္မစိုရ်ခြေလှမ်းများ (၁)

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ (ကိုယ်ထူကိုယ်ထ) ပရဟိတအသင်းအဖွဲ့များအတွက် စွမ်းရည်မြှင့်သင်တန်းတရပ်အား ၁၂၊ ၃၊ ၂၀၁၂ ရက်နေ့မှ ၁၇၊ ၃၊ ၂၀၁၂ ရက်နေ့အထိ (၆) ရက်တိုင်တိုင် သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့သည်။ ၁၁၊ ၃၊ ၂၀၁၂ ရက်နေ့တွင် ပရဟိတ - နာရေးကူညီမှုအသင်း (ရွှေတောင်)၊ ကရုဏာရှင် - နာရေး ကူညီမှုအသင်း (ရွှေတောင်)၊ ပဲခူးဆေးခန်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)၊ မြင့်မြတ်ကြယ်စင် - နာရေး ကူညီမှုအသင်း (မင်းလှ)၊ အောင်ဇေယျာဘုန်းတော်ကြီးသင်မူလတန်း (ဒီပဲယင်း)၊ သင်္ဂဟ - နာရေးကူညီမှုအသင်း (မုံရွာ)၊ ဗြဟ္မစိုရ် -နာရေးကူညီမှုအသင်း (ညောင်စာရေး)၊ ဓမ္မပါလ နာရေးကူညီမှုအသင်း (လပွတ္တ လုပ်)၊ ယသစရိယ -လူမှုကူညီရေးအသင်း (ချောင်းဦး)၊ ငြိမ်းချမ်းရေး - နာရေးကူညီမှုအသင်း (သာယာဝတီ) စသည့် နယ်အသင်းအဖွဲ့ (၁၁) ဖွဲ့တို့သည် နေ့လည် (၂း၀၀) နာရီအချိန်တွင် အသီးသီးရောက်ရှိလာခဲ့ကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နယ်အသင်းအဖွဲ့များအတွက် ပြင်ဆင်ထားရှိသည့် အခန်းဆောင်များ၌ အနားယူခဲ့ကြပြီး ည (၆း၃၀) နာရီတွင် သုခအာဟာရ စားသောက်ဆိုင်မှာ ညစာ စားသောက်ခဲ့ကြသည်။ ရန်ကုန်မြို့ရှိ အသင်းအဖွဲ့များဖြစ်သည့် သံဝေဂ - နာရေးကူညီမှုအသင်း (ဝေဘာဂီ)၊ ပုညကာရီ (အခမဲ့) နာရေးကူညီမှုအသင်း (မင်္ဂလာဒုံ)၊ နှောင်ကြိုးမဲ့ - နာရေးကူညီမှုအသင်း (မှော်ဘီ)၊ H.C.H.P (အနောက်ကျီစု)၊ နာရေးကူညီမှုအသင်း (လှိုင်သာယာ)၊ We Generation Group အသင်းအဖွဲ့ (၆) ဖွဲ့သည် ၁၂၊ ၃၊ ၂၀၁၂ ရက်နေ့ နံနက် (၇း၃၀) နာရီအချိန်၌ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပြီး နံနက် (၈း၃၀) နာရီ အချိန်တွင် “မြန်မာနိုင်ငံ ပရဟိတအသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း” အမှတ်စဉ် ၁/၂၀၁၂ သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့က သင်တန်း ဖွင့်လှစ်ပို့ချခြင်းနှင့် ပါတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီးနောက် ဦးကျော်သူက Activities of F.F.S.S and F.F.S.S Biography၊ ဒေါ်သန်းမြင့်အောင်က Aims and Objectives of Life၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်က Buddhism and Humanism၊ ဒေါ်စီစီမာက Financial Rules၊ ဒေါ်ဧရာမောင်မောင်က Production of Organic Shampoo and Liquid soap (စာတွေ့လက်တွေ့)၊ ဒေါ်သီတာက Interpersonal Skills၊ ဦးနေဘုန်းလတ် (Blogger) က Computer basic and ICT Knowledge၊ ဦးဖူးကျော်ဇင် (Future Wave) က Ledership Skills၊ ဦးကျော်ဇောနိုင် က Legal Knowledge and Community Awareness၊ ဦးမန်းသိုက်ထွန်း က Human Right ၊ ဦးချမ်းသာအောင် က Basic Communation Skills၊ ဦးလွင်ကိုလတ် က Civil Society စသည့် ဘာသာရပ်များအား သင်တန်းကာလ (၆) ရက်အတွင်း သင်ကြားပို့ချခဲ့ပြီး ညပိုင်းအချိန်၌ Documentary ဇာတ်လမ်းများ ပြသပေးခဲ့သည်။ သင်တန်းသား စုစုပေါင်း (၃၂) ဦးအား သင်တန်းကာလ (စ/ဆုံး) နေ့လည်စာအား နာရေးကူညီမှုအသင်း (ရန်ကုန်) က ဧည့်ခံကျွေးမွေးခဲ့ပြီး နယ်အသင်းအဖွဲ့များအတွက် နေထိုင်မှု၊ စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်ကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။
20120320 FFSS (RGN)
20120320 FFSS (RGN)
20120320 FFSS (RGN)
20120320 FFSS (RGN)
20120320 FFSS (RGN)
20120320 FFSS (RGN)
ဓါတ်ပုံသတင်း - နာရေးကူညီမှုအသင်း (ရန်ကုန်) - Mar 20 2012 04:56 PM EST
http://burmatoday.net/news.php?news_ID=146

1 comments:

  1. နာရေးကူညီမှု့အသင်း သတင်းတွေနဲ့ ဓါတ်ပုံတွေ လာကြည့်သွားပါတယ်......အခုလိုလုပ်နိုင်တဲ့လူတွေအတွက်လည်း သာဓုခေါ်ပါတယ်ဗျာ......

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif