http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

လစာ ၁၀သိန်းအထိ ခံစားခွင့် ရနိုင်သည့် ကမ္ဘောဇ၏ ဘောလုံးသမားသစ် ခေါ်ယူမှု

ကမ္ဘောဇ အသင်းသည် လူငယ်ဘောလုံး အသင်းအတွက် လိုအပ်သည့် ကစားသမားများ ခေါ်ယူ ဖြည့်တင်းနိုင်ရန် အတွက် ဘောလုံးသမား အသစ် ခေါ်ယူသည့် သတင်းတစ်ရပ်အား ထုတ်ပြန် ကြေညာခဲ့သည်။

အသင်းပိုင် ၀က်ဘ်ဆိုက်၏ ကြေညာချက်တွင် (၃၁-၁၂-၁၉၉၀) နောက်ပိုင်း မွေးဖွားသူများ ထဲမှ မည်သူမဆို လာရောက် လျှောက်ထားနိုင်သည်ဟု ဖော်ပြထားပြီး ကျွမ်းကျင်မှု အရည်အသွေးပေါ် မူတည်၍ စရိတ်ငြိမ်း အသားတင် လစာ (၁၀)သိန်းအထိ ခံစားခွင့် ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ ခေါ်ယူ စာချုပ်ရာတွင် အရည်အချင်းအလိုက် "က" "ခ" "ဂ" အမျိုးအစား (၃)မျိုး ခွဲခြား သတ်မှတ်ထားပြီး "က" အဆင့် သတ်မှတ် ခံရပါက အမြင့်ဆုံး လစာအား ချက်ချင်း ခံစားခွင့် ရမည်ဖြစ်သည်။ "ခ" အဆင့် အရည်အသွေး ပြည့်မီပါက လစာငွေ (၅)သိန်းနှင့် "ဂ" အဆင့် ကစားသမား များကိုမူ (၃)သိန်း ခံစားခွင့် ပေးမည် ဖြစ်သည်။

လျှောက်ထား အရွေးချယ် ခံလိုသူများ အနေဖြင့် ကိုယ်ရေးအကျဉ်း၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ များနှင့်တကွ ကမ္ဘောဇ အသင်း၏ ရုံးခန်း အဆောင်(Q)၊ ရွှေအင်ကြင်း ရိပ်မွန်အိမ်ယာ၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့သို့ တိုက်ရိုက် လျှောက်ထား နိုင်ကြောင်းလည်း သိရသည်။

အသင်းပိုင် ၀က်ဘ်ဆိုက်၏ ကြေညာချက်တွင် (၃၁-၁၂-၁၉၉၀) နောက်ပိုင်း မွေးဖွားသူများ ထဲမှ မည်သူမဆို လာရောက် လျှောက်ထားနိုင်သည်ဟု ဖော်ပြထားပြီး ကျွမ်းကျင်မှု အရည်အသွေးပေါ် မူတည်၍ စရိတ်ငြိမ်း အသားတင် လစာ (၁၀)သိန်းအထိ ခံစားခွင့် ပေးမည်ဖြစ်...            http://www.soccermyanmar.com/

1 comments:

  1. ဒီလိုခေါ်တာ ကြားဖူးဘူးဘဲ .....ဖတ်သွားတယ်ဗျ....

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif