http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

ဗီလာရီးရဲလ်နှင့်ပွဲက ကွင်းလယ်ဒိုင်အား ဆဲရေးခဲ့သဖြင့် အရေးယူခံရတော့မည့် ပီပီ

ရီးရဲလ်နောက်ခံလူ ပီပီသည် မနေ့က ဗီလာရီးရဲလ်အသင်းနှင့် (၁-၁)သရေကျခဲ့သည့် ပွဲစဉ်အပြီး၊ ဥမင်လှိုဏ်ခေါင်းထဲတွင်
ကွင်းလယ်ဒိုင်အား ဆဲရေးခဲ့သည်ဟု သတင်းရရှိသည်။

သို့အတွက်ကြောင့် အဆိုပါအဖြစ်အပျက်အား ကွင်းလယ်ဒိုင် ရိုမီယိုက သူ၏ပွဲမှတ်တမ်းတွင် ရေးသားဖော်ပြခဲ့ပြီး၊ စပိန်ဘောလုံးအဖွဲ့ချုပ်အား တိုင်တန်းထားသဖြင့်၊ ပီပီမှာ မကြာမီအချိန်အတွင်း စုံစမ်းစစ်ဆေးခြင်း ခံရတော့မည်ဖြစ်သည်။

ပီပီနည်းတူ ရီးရဲလ်နည်းပြ မော်ရင်ညိုမှာလည်း အဆိုပါပွဲတွင် ကွင်းလယ်ဒိုင်ရိုမီယို၏ ဗီလာရီးရဲလ်ကစားသမား မားကို့စ် ဆန်နာကို ပြစ်ဒဏ်ဘောကန်ခွင့်ပေးခြင်းအား ဝေဖန်ခဲ့မှုအတွက် အနီကတ်ပြခံရခြင်းနှင့် စပ်လျဉ်းပြီး၊ ပွဲအပြီး၊ မီဒီယာသမားများနှင့် တွေ့ဆုံခြင်းမရှိပဲ၊ ရှောင်လွှဲခဲ့သည့်ကိစ္စအား စုံစမ်းစစ်ဆေးမှု ခံရဖွယ်ရှိနေသည်။

အဆိုပါပွဲတွင် မော်ရင်ညိုနည်းတူ လက်ထောက်နည်းပြ ရူရီ ဖာရီယာမှာလည်း အနီကတ်ပြခံခဲ့ရကာ၊ ပွဲကြည့်စင်ပေါ်သို့ စေလွှတ်ခြင်းခံခဲ့ရပြီး၊ ကစားသမားများဖြစ်ကြသည့် အိုဇေးလ်နှင့် ရာမို့စ်တို့မှာလည်း အနီကတ်ပြသခြင်းခံခဲ့ရသည်။

အဆိုပါ သရေပွဲကြောင့် ရီးရဲလ်အသင်းသည် ပြီးခဲ့သည့် ငါးရက်အတွင်း ဘာစီလိုနာအသင်းနှင့် (၁၀)မှတ်ကွာဟသည့်အခြေအနေမှ (၆)မှတ်သာ ကွာဟတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။   http://mutdfan.com/index.php/readmore/post/41919

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif