http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ

နေပြည်တော် စီမံကိန်းဒေသအတွက် အကြောင်းပြပြီး စည်ပင်သာယာ အဖွဲ့ က ကျေးရွာပြောင်းရွှေ့ခိုင်းတဲ့ အမိန့်ကို မနာခံတဲ့ မီးသွေးဖို ရွာသားတွေကို တရားစွဲ ထောင်ချနေတာ စုစုပေါင်း ၆ ယောက် ရှိသွားပြီလို့ သတင်း ရရှိပါတယ်။
AFP
မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို လေယာဉ်ပေါ်မှ မြင်ရပုံ။
မတ်လ ၁၄ ရက်နေ့က ၄ ဦး၊ ၁၆ ရက်နေ့က ၂ ဦး စုစုပေါင်း ၆ ဦးကို ထောင်ဒဏ် ၃ လစီ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မနေ့က ထောင်ချခံရ သူတွေထဲမှာ သားသည်အမေ တစ်ယောက်လည်း ပါဝင်ပြီး ကလေးရော မိခင်ပါ ရမည်းသင်းထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရွာသားတွေဘက်က လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ကြည်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ အခုလို ပြောပါတယ်။

“၁၄ ရက်နေ့က ချတဲ့အထဲမှာ မအေးအေးမူ ဆိုတဲ့ အမျိုးသမီးတစ်ယောက် ပါသလို ဒီနေ့ ချတဲ့အထဲမှာလည်း အမျိုးသမီးတစ်ယောက် ပါတယ်။ နေပြည်တော် စည်ပင်သာယာရေး ကော်မီတီကနေ ညွှန်ကြားတာကို ဆန့်ကျင်ရင် ဒီ ပုဒ်မ (၂၆) အရ အပြစ်ပေးနိုင်တယ်ပေါ့”

မီးသွေးဖို ရွာသားတွေရဲ့ အဆိုအရ စည်ပင်သာယာက နေစရာမြေကွက် အစားပြန်ပေးမယ် ဆိုရာမှာလည်း စည်းကမ်း သတ်မှတ်ချက်တွေ အတော်များများ ချမှတ်ထားတယ်လို့ ဆိုပါတယ်။
http://www.rfa.org/burmese/news/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif