လက်ရှိ မြန်မာပြည် ဈေးကွက်အတွင်းရှိ ယာဉ်အများ စုနှင့် Young Man Bus များ၏ ကွာခြားမှုမှာ အောက်ပိုင်းဖရိန်နှင့် သံကိုယ်ထည်ကို မူလီဆွဲထားသော စနစ်ဖြစ်သောကြောင့် ၄င်းYoung Man Busများသည် ဆီစားနှုန်း သက်သာပြီး အိမ်သဏ္ဍာန် ဖွဲ့စည်း ထားသောကြောင့် ကြီးမားသော ယာဉ်အန္တရာယ်နှင့် ကြုံတွေ့ပါက ခရီးသည်များကို လုံခြုံမှုပေးနိုင်သော အားသာချက်ရှိကြောင်း သိရသည်။ "ဒီနေ့ ပြုလုပ်တဲ့ကား Promotion ပွဲကို အဓိကကတော့ လက်ရှိဘတ်စကားလောကမှာ ပြေးဆွဲ နေတဲ့ ကားလုပ်ငန်းရှင်တွေအတွက်ရည်ရွယ်တာပါ။ မြန်မာနိုင်ငံနဲ့လည်း သင့်တော်တဲ့ ကားတွေဖြစ်တာကြောင့် အထူးနှစ်သက်လိမ့် မယ်လို့ မျှော်လင့်ပါတယ်"ဟုYoung Man Myanmar Group မှ General Mannager ဒေါ်မီမီထွေးက ပြောသည်။ အဆိုပါ Young Man Busများကို ဝယ်ယူသူများအနေဖြင့် ကီလိုမီတာတစ်သိန်း (၆၂၁၅၀မိုင် )သို့မဟုတ် တစ်နှစ် Service Warranty ပေးခြင်းနှင့် မြန်မာနိုင်ငံ၌ပင် ကျွမ်းကျင်ပညာရှင်များက ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်ကြောင်း၊ ၄င်းဘတ် စကားများကို ကြမ်းခင်းဈေး ကျပ်သိန်း ၁၃၅၀ သတ်မှတ်ထားပြီး ဝယ်ယူသူများ နှစ်သက်သော ယာဉ်အတွင်းပိုင်း ဒီဇိုင်းမျိုးစုံကို ရွေးချယ်ကာ မှာယူတင်သွင်းနိုင်ကြောင်းသိရသည်။ http://www.yoyarlay.com






0 comments:
Post a Comment